ကရင်နွယ်ဘာသာစကားများ

ဝီကီပီးဒီးယား မှ
(ကရင်ဘာသာ မှ ပြန်ညွှန်းထားသည်)
ကရင်နွယ်ဘာသာစကားများ
လူမျိုး:ကရင်လူမျိုး
ဒေသအလိုက်
ပျံ့နှံ့မှု:
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်မျဉ်းတလျှောက်
ခွဲခြားမှု:တရုတ်-တိဗက်နွယ်
  • ကရင်နွယ်ဘာသာစကားများ
ရှေးဦးပထမဖြစ်သော ဘာသာစကားရှေးဦး-ကရင်နွယ်
အခွဲများ:
ISO 639-2 / 5:kar
Glottolog:kare1337[၁]
{{{mapalt}}}

ကရင်ဘာသာစကား /kəˈrɛn/[၂] သည် လူဦးရေ ခုနစ်သန်းခန့်ရှိသော ကရင်လူမျိုးများက ပြောဆိုအသုံးပြုကြသည် ဘာသာစကားတစ်ခု ဖြစ်သည်။ ကရင်ဘာသာစကားများသည် တရုတ်-တိဗက်နွယ် ဘာသာစကားများအုပ်စုထဲတွင် ဆက်နွယ်မှုမှာ ရှင်းလင်းခြင်း မရှိပေ။[၃] ကရင်ဘာသာစကားများသည် စာရေးသားရာတွင် မြန်မာအက္ခရာများကို အသုံးပြုသည်။[၄] အဓိက ကရင်ဘာသာစကားကြီး သုံးခုမှာ စကောကရင်ဘာသာစကားပိုးကရင်ဘာသာစကားနှင့် ပအိုဝ်းဘာသာစကားတို့ ဖြစ်ကြသည်။ ကရင်နီ (ကယား) နှင့် ကယန်း (ပဒေါင်) တို့သည် စကော နှင့် ဆက်စပ်နေကြသည်။ အခြားသော ကရင်ဘာသာစကားများနှင့် နှိုင်းယှဉ်ပါက တရုတ်-တိဗက်နွယ် ဘာသာစကားအုပ်စုတွင် ပုံစံကွဲနေပြီး ကတ္တား-ကြိယာ-ကံ (subject–verb–object) ပုံစံ ဖြစ်သည်။ တရုတ်-တိဗက်နွယ် ဘာသာစကားအုပ်စုမှာ ကတ္တား-ကံ-ကြိယာ (subject–object–verb) ပုံစံ ဖြစ်သည်။[၅] ယင်းမှာ မွန်နှင့် ထိုင်းဘာသာစကားများ၏ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သည်။[၆] ထို့အပြင် ကရင်ဘာသာစကားများတွင် တရုတ်လွှမ်းမိုးမှု မရှိသည့်အတွက် ထူးခြားသည်ဟုလည်း မှတ်ယူနိုင်သည်။[၇]

ကရင်စကားသုံးစွဲသူအရေအတွက်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံအတွင်း ကရင်ဘာသာစကားပြောဆိုသုံးစွဲသူများအနက် စကောကရင် စကားပြောဆိုသူ ၁.၂၈ သန်း၊ အရှေ့ပိုးကရင်စကား ပြောဆိုသူ တစ်သန်းခန့်နှင့် အနောက်ပိုးကရင်စကားပြောဆိုသူ ၂၁၀၀၀၀ ခန့် ရှိပြီး အခြား ကရင်ဘာသာစကားကွဲများ ပြောဆိုသူ ငါးသိန်းကျော်ရှိသည်ဟု Ethnologue 16th edition တွင် ဖော်ပြထားသည်။ အင်တာနက်ပေါ်တွင် ကရင်-အင်္ဂလိပ် အဘိဓာန်များတင်ထားသည်လည်း ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Karenic"Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
  2. Laurie Bauer, 2007, The Linguistics Student's Handbook, Edinburgh
  3. Graham Thurgood, Randy J. LaPolla (2003)။ The Sino-Tibetan Languages။ Routledge။ ISBN 0-7007-1129-5
  4. Burmese/Myanmar script and pronunciationOmniglot.com။ 2015-05-05 တွင် ပြန်စစ်ပြီး။
  5. The Sino-Tibetan Language FamilyBerkeley.edu။ 2015-05-05 တွင် ပြန်စစ်ပြီး။
  6. Matisoff, James A. (1991). "Sino-Tibetan Linguistics: Present State and Future Prospects". Annual Review of Anthropology 20: 469–504. Annual Reviews Inc.. doi:10.1146/annurev.an.20.100191.002345. 
  7. [၁] Archived July 21, 2006, at the Wayback Machine.