ကဋတ္တာကံ

ဝီကီပီးဒီးယား မှ

ကဋတ္တာကံ— ဂရုကကံ, အာသန္နကံ, အာစိဏ္ဏကံတို့မှ လွတ်သော အမှတ်မဲ့ပြုအပ်သော ကုသိုလ် အကုသိုလ်ကံမျိုးသည် ကဋတ္တာကံ မည်၏၊ သူရူးပစ်အပ်သော တုတ်သည် အမှတ်မရှိသော အရပ်၌ ကျသကဲ့သို့ ဂရုကကံစသော ကံသုံးပါးမရှိသော် ကဋတ္တာကံသည် အကျိုးပေး၏။[၁] ကဋတ္တာကံဟူသည် ရှေးရှေးဘဝက ပြုခဲ့သော ကံများပင်တည်း။[၂] ယင်းကံလေးမျိုးလုံးပင် ပဋိသန္ဓေအကျိုးပေးသည်။[၃] [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ( ပရမတ္ထဒီပနီ။)
  2. (အံ၊ဋီ၊၂၊၁၀၂။ ဝိသုဒ္ဓိ၊ဋီ၊၂၊၃၇၇။ အံ၊ဋ္ဌ၊၂၊၁၀၉။)
  3. (အံ၊ဋီ၊၂၊၁၀၂။ ဝိဘာဝိနီ၊၁၇၀။)
  4. တိပိဋကအဘိဓာန် အတွဲ-၅