လော်ဝေါ်လူမျိုး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မာတိကာ

လော်ဝေါ်လူမျိုး [ပြင်​ဆင်​ရန်​]

လော်ဝေါ်လူမျိုးသည် မြန်မာနိုင်ငံတွင်းမှ တိုင်းရင်းသား မျိုးနွယ်စုဖြစ်သည်။ လော်ဝေါ်လူမျိုးသည် မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် အရှေ့မြောက်ဘက်ရှိ လောခေါင်း(lhao khaung:)နယ်၊ ထောလန်နယ်၊ တောင်ဘက် ဆဒုံးနယ်နှင့် ဗန်းမော်နယ်များ တွင် အများဆုံး နေထိုင်ကြသော တောင်ပေါ်သားများ ဖြစ်ကြသည်။ လော်ဝေါ်လူမျိုးသည် သွင်အပြင် ကြန်အင်လျှာအားဖြင့် လည်းကောင်း။ ပြောဆိုသော ဘာသာစကားအားဖြင့် လည်းကောင်း မြန်မာလူမျိုးနှင့် အလွန်နီးစပ် တူညီကြသည်။ အထူးသဖြင့် ရှေးမြန်မာ လူကြီးတို၏. ရုပ်ရည်နှင့် မျက်နှာပေါက်ချင်း အလွန်ဆင်တူသည့် လော်ဝေါ်အဘိုးအို အများအပြားရှိသည်ကို တွေ၏ရသည်။လော်ဝေါ်လူမျိုးအား ရှေးအခါကတည်းကပင် လော်ဝေါ်လူမျိုးဟု ခေါ်ဝေါ်ကြသည်။ ရှေးဘိုးဘွားဘီဘင် မှစပြီး လော်ဝေါ်ဟုခေါ်ဝေါ်ခဲ့ကြသည်။ လော်ဝေါ်လူမျိုးတို့သည် မရူဟု ခေါ်လျှင် မကြိုက်ကြပေ။ နိုင်ငံတော်အစိုးရမှလည်း လော်ဝေါ်ဟုသာ သတ်မှတ် မှတ်တမ်းတင်ခဲ့သည်။

ရာဇဝင် [ပြင်​ဆင်​ရန်​]

မြန်မာလူမျိုးတို၏နှင့် သွေးချင်းနီးစပ်ပုံကို ယင်းတို၏ပါးစပ်ရာဇဝင်များမှသိရသည်။ ရှေးအခါက ညီအစ်ကို နှစ်ယောက်ရှိသည်။ ယင်းညီအစ်ကို နှစ်ယောက်တို့သည် လောင်းဘန်ဒေသ တွင် ပေါက်ဖွား ပြီး အရွယ်ရောက်သောအခါ တောင်ဘက်ဆီသို့ပြောင်းလာကြသည်။ နောက်ဆုံး ရောက်သောရွာတွင် ညီအစ်ကိုနှစ်ယောက် ခွဲခွာကြရာ အစ်ကိုဖြစ်သူသည် မြစ်ကြောင်းအတိုင်း လိုက်ကာ တောင်ဘက်သို၏ဆင်းသွားသဖြင့် မြန်မာလူမျိုး ဖြစ်သွားသည်။ ညီငယ်မှာမူ တောင်တန်းဒေသမှာပင် နေရစ်ခဲ့ပြီးသော် လော်ဝေါ်လူမျိုးဟု ဖြစ်လာသည်၊

မြန်မာနိုင်ငံ သမိုင်းအရဆိုသော လော်ဝေါ်တို့သည် တိဗက်တိုဗားမင်း လူမျိုးအနွယ်ဝင်များပင် ဖြစ်ကြသည်ဟု ဆိုသည်။ထိုပင်မ အုပ်စုကြီးမှတစ်ဆင့် ပေါက်ဖွားလာသော အုပ်စုတို၏တွင် လော်ဝေါ်တို့သည် မြန်မာနှင့် ရှေးမြန်မာ အဆက်အနွယ် အုပ်စုထဲ့တွင် ပါဝင်ကာ မြန်မာပြည်အတွင်းသို့ဝင်ရောက်နေထိုင်ခဲ့ကြသည်။ သိုသော် မြန်မာလူမျိုးများမှာ တောင်ဘက်ဒေသများဆီသို့ဆက်လက်ဆင်းသွားကြပြီး လော်ဝေါ်လူမျိုးမှာမူကား ယခုလက်ရှိ နေထိုင်ကြသော မြောက်ပိုင်းဒေသများ တွင် ကျန်ရစ်ခဲ့သူများ ဖြစ်ကြသည်ဟု ယုံကြည်ရသည်။

နေထိုင်စားသောက်မှု [ပြင်​ဆင်​ရန်​]

အမြင်အားဖြင့် ဂျင်းဖောနှင့် လော်ဝေါ်လူမျိုးများကို ရုတ်တရက် ခွဲခြားလို့ရမည်မဟုတ်ပေ။ သို့သော် လူမျိုးပေါက်ဖွား ဆင်းသက်လာကြပုံ အရင်းခံအချက်ကို သုံးသပ်ကြည့် ခြင်းအားဖြင့် ဂျင်းဖောလူမျိုးတို၏သည် တိဗက်တိုဗားမင်း အုပ်စုကြီးမှ တစ်ဆင့် သီးခြားစုကွဲ တစ်ခုအနေဖြင့် အခြားသော လမ်းကြောင်းမှ မြန်မာနိုင်ငံအတွင်း ဝင်ရောက်နေထိုင်လာခဲ့ခြင်းဖြစ်ရာ၊ လော်ဝေါ်လူမျိုးမှာ ဂျင်းဖော လူမျိုးထက် မြန်မာလူမျိုးနှင့် ပိုမို မျိုးရိုးချင်း နီးစပ်ကြောင်း တွေရမည် ဖြစ်လေသည်။

လော်ဝေါ်လူမျိုး အများဆုံး နေထိုင်၇ာ ဒေသမှာ အကြမ်းအားဖြင့် လှှၽီတွဒ် ၂၅ ဒီဂ၇ီ ၃ဝ မိနစ်နှင့် ၂ ဒီဂရီအကြားအတွင်းရှိ၊ အနောက်ဘက် နယ်နိမိတ်မှာ မလိခနှင့် မေခမြစ်တိုနှင့် ရေဝေကြောတည်ရာ လချိတ်(lacid')လူမျိုး နေထိုင်ရာ နယ်ခြားတောင်တန်းကြီးများ ဖြစ်သည်။ အသေးစိတ်အားဖြင့် ကချင်ပြည်နယ်အတွင်း အောက်ပါ ဒေသများတွင် လော်ဝေါ်လူမျိုး နေထိုင်လျက် ရှိသည်ကို တွေရသည်။

  • (၁) ထောလန်ကို ဗဟိုပြုထားသော မြောက်ဘက် အာမက်ခမြစ်

ဝှမ်းမှ -တိဂံနယ် အရှေ့ပိုင်းထိ ပါဝင်သည့် မေခမြစ်ဝှမ်းဒေသ။

  • (၂) လောခေါင်းနယ်တွင် ငေါချန်းခမြစ်ဝှမ်း အောက်ပိုင်းဒေသ။
  • (၃) မေခ. မြစ်လက်တက် တစ်ခုဖြစ်သော ရှင်ခေါခမြစ်ဝှမ်းဒေသ။
  • (၄) ဆွန်ပ၇ာဘုံ တောင်ဘက်ဒေသ။ (ထိုဒေသ၇ှိ လော်ဝေါ်လူမျိုးသည်

ထောလန်နယ်မှ -တိဂံနယ်ကို ဖြတ်ကာ ပြောင်းရွေ့နေထိုင်လာကြ သူများ ဖြစ်သည်၊)

  • (၅) တောင်ဘက် ဆဒုံးနှင့် ဗန်းမော်နယ်များ။ (ယင်းတိုတွင်

လော်ဝေါ်လူမျိုးအုပ်စု အနည်းငယ်နှင့် အခြားလူမျိုးများကြားရောယှက်နေထိုင်လျက် ၇ှိသည်၊)

မရူ ဆိုသည့် အမည်မှာ ဂျင်းဖော (ကချင်) လူမျိုးတိ့ ု၏ ခေါ်ဝေါ်အသုံးပြုသော အမည်သာဖြစ်သည်။ စင်စစ် လော်ဝေါ်တို့ ကမူ မိမိတို့ ကိုယ်ကို လောင်ဝေါ လူမျိုးဟု ခေါ်ဝေါ်ကြသည်။လော်ဝေါ်မှာလော်ဝေါ် ဘာသာအားဖြင့် ချောင်းရိုးတစ်လှျောက်နေသော လူမျိုးဟု အဓိပ်ပယ်ရလေရာ၊ အဓိကအားဖြင့် မေခမြစ်ဝှမ်း တစ်လှျောက်တွင် မှီတင်းနေထိုင်ကြခြင်းကို ဆိုလိုဟန်တူသည်။ လော်ဝေါ်လူမျိုးသည် မိမိတို၏ဘိုးဘွားများ. အစဉျအလာအတိုင်း တောင်ယာစိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့်သာ ဝမ်းစာအတွက် ရှာဖွေစားသောက် ကြသည်။ တောင်ယာများမှာ တစ်နှစ်ထက် တစ်နှစ် မြေဩဇာ ညံ့ဖျင်းလာသဖြင့် ဝမ်းစာ ဖူလုံရေးအတွက် အတော်ပင် ပင်ပင်ပန်းပန်း လုပ်ကိုင်ကြ ရသည်။ လော်ဝေါ်လူမျိုးသည် ရိုးရာအစဉျအဆက်အားဖြင့် နတ် ကိုးကွယ်လာကြသူများ ဖြစ်သည်။ လွန်ခဲ့သော နှစ်များက ခရစ်ယာန် သာသနာပြု အဖွဲများ ကြိုးပမ်း မှုများကြောင့် ခရစ်ယာန် အယူဝါဒီများ တစ်စတစ်စ များပြားလာကြသည်။ နတ်ကိုးကွယ်သည့် အစဉျအလာရှိသည့် အလျောက် ချင်းခွန်ခေါ် အိမ်စောင့်နတ်နှင့် စမ်နဲခေါ် မနောပွဲ နတ်များကို အိမ်အတွင်း့ နတ်စင်ထိုး ကိုးကွယ်လေ့၇ှိကြ သည်၊

ရိုးရာဝတ်စုံ [ပြင်​ဆင်​ရန်​]

လော်ဝေါ်အမျိုးသမီးများသည် ရိုးရာဝတ်စုံ တစ်ခုအဖြစ်ဖြင့် ဦးခေါင်းကို အနက်စ ခေါင်းပေါင်း မြင့်မြင့်ကြီး ပတ်ဆင်ထားကြရာ၊ ရှေ့မှကြည့်လိုက်လျှင်မြန်မာအမျိုးသမီးတို၏ဆံထုံးကြီးများနှင့် ပုံသဍာန် တူသည်။ ခေါင်းပေါင်းနက် မြင့်ကြီးများမှာ လော်ဝေါ်အမျိုးသမီး ဝတ်စုံတွင် အခြားသော တောင်ပေါ်သား လူမျိုးဝတ်စုံများနှင့် မတူသည့် အထူးခြားဆုံးသော ဆင်ယင်မှုတစ်ခု ဖြစ်သည်။ အပျိုရွယ်ရောက်သည့် အချိန်တွင် ရိုးရာဝတ်စုံ ဆင်ယင်ကြသည့်အခါ ခေါင်းပေါင်းကြီးများကို ပေါင်းကြသည်။ ဆံပင်ကို ဆံစုများနှင့် ထိပ်တွင်လုံးပြီး စုထုံး ထားပြီး၊ အပေါ်မှ အနံ ၁၄ လက်မနှင့် အလျား ၉ တောင်ခန်၏ရှည်သော အနက်စရှည်ကြီးဖြင့် အပေါ်မှ အထပ် ကလေးတစ်ထပ်ခေါက်လျက် ဦးခေါင်းကိုပတ်ပေါင်းကြရာ၊ခေါင်းပေါင်းမှာ အကြမ်းအားဖြင့် ၁ဝ လက်မခန်မြင့်သည်။ ယင်းခေါင်းပေါင်းထဲမှနေ ရောင်စုံ သိုးမွေးပန်းပွားများကို ဆံမြိတ်ချသကဲ့သိုချထားလေ့ ရှိကြသည်၊

ကိုးကားချက် [ပြင်​ဆင်​ရန်​]

  • မြန်မာစွယ်စုံကျမ်း