ပန်းပဲ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Blacksmith.jpg

သံ၊ သတ္တုတို့ကို မီးအပူရှိန်ဖြင့် ပျော့ပျောင်းစေကာ လိုရာပုံရရန် ပုံသွင်းထုရိုက်ရသော လုပ်ငန်းဖြစ်သည်။ မြန်မာ့သမိုင်းတလျှောက်တွင် ပန်းပဲလုပ်ငန်းသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ မြန်မာဘုရင်များ၊ စစ်သူကြီးများ၊ စစ်သားများ ကိုင်ဆောင်ရန် ဓါး၊ လှံ၊ လက်နက်များ ထုတ်လုပ်ပေးသည့် အတတ်ပညာ လုပ်ငန်းဖြစ်သည်။ ပန်းဘဲဆိုသည်မှာသံကိုမီးအားကောင်းကောင်းဖြင့်ရဲနေအောင်ဖုတ်ပြီးလိုရာပစ္စည်းများကို ထုခတ်ရ သောလုပ်ငန်းဖြစ်သည်။ ပန်းပဲတို့သည် ဓား၊ လှံ၊ ကတ်ကျေး၊ ပေါက်ပြား၊ ဂေါ်ပြား၊ တူ၊ တံဇဉ်း၊ သံတူရွင်းစသည်တို့ကိုပြုလုပ်သည်။ မြန်မာ့သမိုင်းတွင် တကောင်းခေတ်မှစ၍ပန်းပဲထွန်းကားခဲ့ကြောင်း ပန်းပဲမောင်တင့်တယ် ဒဏ္ဍာရီတွင်တွေ့နိုင်သည်။

ပန်းဆယ်မျိုး
 ပန်းပဲ • ပန်းပု • ပန်းထိမ် • ပန်းချီ • ပန်းယွန်း • ပန်းတော့ • ပန်းပွတ် • ပန်းတမော့ • ပန်းရန် • ပန်းတဉ်း