ထူးအိမ်သင်
From Wikipedia
| ထူးအိမ်သင် | |
| အမည်ရင်း | ကျော်မြင့်လွင် |
| မွေးသက္ကရာဇ် | ၁၉၆၃ - ၂၀၀၄ |
| ဇာတိ | ပုသိမ်မြို့ |
| နို်င်ငံ | |
| အလုပ်အကိုင် | တေးရေးဆရာ ကဗျာဆရာ |
| ထင်ရှားကျော်ကြားမှု | ကျော်ကြားသော အဆိုတော် တေးရေးဆရာ |
| ကွန်ယက် | HtooEinnThin.COM |
ထူးအိမ်သင်သည် ကျော်ကြားသော အဆိုတော် တေးရေးဆရာတစ်ယောက်ဖြစ်သည်။
Contents |
[ပြင်ဆင်ရန်] ကိုယ်ရေးကိုယ်တာ
အဘဦးထွန်းမြင့်နှင့် အမိဒေါ်မြရင်တို့မှ ၁၉၆၃ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ပုသိမ်မြို့၌မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ကျော်မြင့်လွင်ဖြစ်ပြီး သျှပ်၊ ဘဲဥ ၊ငှက်ကြီးစသည်ဖြင့် ချစ်စနိုးခေါဝေါ်ကြသည်။ ထူးအိမ်သင်၏ဇနီးမှာ မသွယ်သွယ်ထွေးဖြစ်ပြီး သူ၏တစ်ဦးတည်းသော သမီးအမည်မှာမိကွန်ထော ဖြစ်သည်။
[ပြင်ဆင်ရန်] ပညာရေး
အ.မ.က (၂၀) ပုသိမ်တွင် မူလတန်းပညာကို သင်ကြားခဲ့ပြီး အ.ထ.က(၃) ပုသိမ်မှ အထက်တန်းအောင်မြင်ခဲ့သည်။ ၁၉၇၉-၈၀ တွင် ဧရာဝတီတိုင်းရှိ ပုသိမ်ဒေသကောလိပ်သို့တက်ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် မိသားစုနှင့်အတူ မော်လမြိုင်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် မော်လမြိုင်တက္ကသိုလ်မှ ရုက္ခဗေဒအထူးပြုဖြင့် သိပ္ပံဘွဲ့ရရှိခဲ့သည်။
[ပြင်ဆင်ရန်] အနုပညာလှုပ်ရှားမှု
၁၉၈၆ ခုနှစ်တွင် "နာရီပေါ်မှမျက်ရည်စက်များ"စီးရီးဖြင့် ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ထူးအိမ်သင်သည် ကိုယ်ပိုင်သံစဉ်သီချင်းအများစုကို ရေးသားသီကုံးခဲ့ပြီး ဂီတပညာရှင်တစ်ဦး ဖြစ်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ ထူးအိမ်သင်၏ အခြားတစ်ကိုယ်တော် တေးစီးရီးများမှာ မှော်ဆရာအိမ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ ၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ကောင်းကင်၊ မြို့ပြလရောင်တမ်းချင်း၊ အမေ သို့မဟုတ် မေတ္တာတော်ဘွဲ့၊ အစိမ်းရောင်ရက်စွဲများ၊ တစ်နေ့စာအလွဲများ စသည်တို့ဖြစ်သည်။ ထူးအိမ်သင်သည် ကဗျာများကိုလည်း ရေးသားခဲ့သည် ။
[ပြင်ဆင်ရန်] နိုင်ငံရေးလှုပ်ရှားမှု
၁၉၈၈ အရေးအခင်းအပြီးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၌ ပြန်ကြားရေးတာဝန်ခံအဖြစ် အဆိုတော်မွန်းအောင် နှင့် အတူ ခေတ္တမျှ တာဝန်ထမ်းဆောင်ခဲ့သည်။ "အရေးကြီးပြီ" ဆိုသောတိုက်ပွဲဝင်သီချင်းကို ထိုစဉ်ကရေးစပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မြို့ပေါ်သို့ပြန်လာပြီး အနုပညာလုပ်ငန်များကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
[ပြင်ဆင်ရန်] ဘဝနိဂုံး
၁၄-၈-၂၀၀၄ နံနက် ၁၁:၄၀ အသက်၄၂နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ သူချစ်တဲ့ ပရိသတ်တွေက သူ့ကိုအမှတ်တရအဖြစ် ဝက်ဆိုဒ်လေးတစ်ခု တည်ဆောက်ပေးထားကြပါတယ်။ www.htooeainthin.com