ပန်းရန်

ဝီကီပီးဒီးယား မှ

ပန်းရန် သည် ပျူခေတ်မတိုင်မီကပင် ပေါ်ပေါက်ခဲ့သော ပညာရပ်ဖြစ်သည်။ အဆောက်အဦးများ ဆောက်ရာတွင် အခြေခံဖြစ်သော အုတ်များကို အင်္ဂတေဖြင့် တွဲကပ်စေသော ပညာရပ်ဖြစ်သည်။ ပန်းရန်ပညာမရှိပါက အုတ်အဆောက်အဦးများ ဖြစ်မလာနိုင်ပါ။ ပုဂံဘုရားများကို လေ့လာခြင်းဖြင့် မြန်မာတို့၏ ပန်းရန်ပညာကို သိရှိနိုင်ပါသည်။