ကိုးကန့်လူမျိုး
| 檔案:kokang.svg | |
| ရုံးစိုက်ရာမြို့ | လောက်ကိုင်မြို့ |
| အစိုးရဥက္ကဋ္ဌ | ပိုင်ဆော်ချိန် (白所成) |
| ဧရိယာ | 2,060 km2 |
| လူဦးရေ | ၁.၄ သိန်း |
| လူမျိုး | ကိုးကန့် 87%[၁]၊ ရှမ်း 4%[၂]၊ ဝ 1%[၂] |
| ဘာသာစကား | ကိုးကန့်စကား (တရုတ်စကား)[၃] |
| ငွေကြေးစနစ် | တရုတ်ယွမ်ငွေ(လက်ရှိ) |
ကိုးကန့်လူမျိုးသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် နေထိုင်လျက်ရှိကြသော လူနည်းစု တိုင်းရင်းသားများ ဖြစ်သည်။ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလူမျိုး ၁၃၅မျိုး အနက်မှ လူနည်းစု တိုင်းရင်းသား လူမျိုးတစ်မျိုး ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ကိုးကန့်ဒေသသည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည်။ တရားဝင်အားဖြင့် ‘ရှမ်းပြည်နယ် အထူးဒေသ ၁’ ဟု ခေါ်ကာ ရုံးစိုက်ရာမြို့မှာ လောက်ကိုင်မြို့ ဖြစ်သည်။ ကိုးကန့်ဒေသတွင် နေထိုင်သည့် လူဦးရေ ၁.၄ သိန်းခန့်ရှိပြီး ကိုးကန့်လူမျိုး အများစုဖြစ်သည်။
ကိုးကန့် ဟူသောအခေါ်အေါ်မှာ ၁၉ ရာစုနှစ်ဦးပိုင်းတွင် ကိုးကန့်လူမျိုးများ၏ ရှင့်တာဟု အကြီးအကဲက ၎င်းတို့၏ နေရာမြေကို ကိုးကန့်ဟု ကင်ပွန်းတပ် ပေးခဲ့ချိန်မှ စတင်ခဲ့သည်။ ယင်းဒေသအား ၁၈၄၀ ခုနှစ်တွင် မန်ချူး ချင်မင်းဆက်မှ ကိုးကန့်ခရိုင်အဖြစ် သတ်မှတ်ပေးခဲ့သည်။ [၄]。
မာတိကာ |
[ပြင်ဆင်ရန်] ယဉ်ကျေးမှု
ကိုးကန့်လူမျိုး အများစုမှာ တရုတ်နွယ်ဖွားများ ဖြစ်ကြသည်။ တရုတ်ရိုးရာ ဓလေ့ထုံးစံများကို ဆက်လက် ထိန်းသိမ်း ထားလျက် ရှိသည်။ ထို့ကြောင့် ကိုးကန့်တို့၏ ရိုးရာဓလေ့များမှာ အနီးဝန်းကျင်ရှိ ယူနန်တရုတ်များ၏ ရိုးရာဓလေ့နှင့် ဆင်တူသည်။ ကိုးကန့်လူမျိုး အများစုမှာ တာအိုဘာသာနှင့် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသူများ ဖြစ်ကြသည်။ ဘာသာရေး အချက်အချာမှာ လောက်ကိုင်မြို့ရှိ ကိုးကန့်ဘုံကျောင်း ဖြစ်သည်။
[ပြင်ဆင်ရန်] ပညာရေး
ကိုးကန့်တို့၏ ပညာရေးစနစ်မှာ ဖွံ့ဖြိုးဆဲ အဆင့်တွင်သာ ရှိသေးသည်။ အခြေခံ ပညာရေးမှာ အပစ်အခတ် ရပ်ဆဲပြီးနောက်မှ ပြန်လည် ထူထောင်ခဲ့သည်။ မူလတန်းနှင့် အလယ်တန်းကျောင်း ၁၀ ကျော် ရှိပြီး ကျောင်းများတွင် ကိုးကန့်ဘာသာ (တရုတ်ဘာသာ) ဖြင့် သင်ကြားပို့ချသည်။ အပတ်စဉ် မြန်မာစာ သင်ကြားချိန် ၃ နာရီမှ ၄ နာရီအထိ ရှိပြီး မြန်မာစာ သင်ကြားပို့ချသည့် ဆရာ၊ ဆရာမများကို နအဖ ဗဟိုအစိုးရမှ ခန့်အပ်သည်။ [၅] ဒေသတွင်း၌ အဆင့်မြင့် ပညာရေး ပို့ချသည့် ကျောင်းများ မရှိပေ။ မြန်မာနိုင်ငံ အခြားဒေသသို့ သွားရောက် ပညာသင်သူမှာ အနည်းစုသာဖြစ်သည်။
[ပြင်ဆင်ရန်] လမ်းပန်းဆက်သွယ်ရေး
ကိုးကန့်ဒေသသည် တောင်တန်းဒေသဖြစ်သည့်အတွက် ကိုးကန့်တို့သည် ကုန်ပစ္စည်းများ သယ်ပို့ရာတွင် မြင်းနှင့် လားများကို အဓိက အားကိုးကြသည်။ ကတ္တရာလမ်း အခြေအနေမှာ မကောင်းမွန်လှပေ။ မိုးများသည့် ရာသီဆိုလျှင် ယာဉ်များ ဖြတ်သန်းသွားလာရန် အခက်အခဲရှိသည်။ အများသုံး သယ်ယူပို့ဆောင်ရေးစနစ် မဖွံ့ဖြိုးပေ။ ကိုးကန့်ဒေသအတွင်း လောက်ကိုင်မြို့သည် လမ်းပန်းဆက်သွယ်ရေး အချက်အချာဖြစ်သည်။ မြို့တွင်း၌ အငှားယာဉ်များ၊ အဝေးပြေး ဘတ်စ်ကားဂိတ်များ ရှိသည်။
[ပြင်ဆင်ရန်] နိုင်ငံရေးနှင့် စစ်ရေး
ကိုးကန့် အထူးဒေသသည် ရှမ်းပြည်နယ်ရှိ ပထမဆုံးသော အထူးဒေသ ဆိုသော်လည်း ရှမ်းပြည်နယ်အစိုးရ လက်အောက်တွင် မရှိပေ။ မြန်မာနိုင်ငံ နအဖ ဗဟိုအစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရေးထိုးကာ နအဖ ဗဟိုအစိုးရနှင့် တိုက်ရိုက်ဆက်ဆံသည်။ အထူးဒေသ ဥက္ကဋ္ဌမှာ ဒေသ၏ အာဏာအကြီးဆုံးခေါင်းဆောင် ဖြစ်သည်။ လက်ရှိဥက္ကဋ္ဌမှာ ဖုန်ကြားရှင် (彭家聲) ဖြစ်သည်။
စစ်ရေးအင်အားကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်MNDA နှင့် နအဖ ဗဟိုအစိုးရမှ ကွန်းလုံ၌ တပ်ချထားသည့် စစ်တပ်ဖြင့် ဖွဲ့စည်းထားသည်။ MNDA ကို ဖုန်ကြားရှင်က ဦးဆောင်ကာ အထူးဒေသ၏ အေးချမ်းသာယာရေးနှင့် မြန်မာ - တရုတ်နယ်စပ် လုံခြုံရေးကို တာဝန်ယူထားသည်။ ကွန်းလုံအခြေစိုက် မြန်မာစစ်တပ်မှာမူ အထူးဒေသနှင့် ရှမ်းပြည်နယ် အခြားအင်အားစုများ၏ စစ်ရေးကိစ္စများကို တာဝန်ယူသည်။ သို့သော် အထူးဒေသ၏ အတွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။
အထူးဒေသအစိုးရ၏ နယ်စပ်ကာကွယ်ရေးတပ် အင်အားကို နအဖ ဗဟိုအစိုးရမှ သတ်မှတ်ပေးသည်။ လက်နက်ပစ္စည်းများကိုမူ အထူးဒေသ အစိုးရက တာဝန်ယူသည်။
[ပြင်ဆင်ရန်] ကိုးကား
- ↑ 果敢概況
- ↑ ၂.၀ ၂.၁ 緬甸撣邦第一特區政府網站,http://www.kokang.net/html/guogangaikuang/2008/1214/6.html
- ↑ 果敢的漢語稱為果敢語,是漢語中的西南官話,參考Template:〈緬東果敢話音系探析Template:〉
- ↑ 另有一方記載,鎮康州土司至改土歸流之前,還是將怒江以東全視為自己的領土
- ↑ 參考走進「北金三角」重鎮———果敢,http://www.kakabook.net/research/35/7635-8145.html
[ပြင်ဆင်ရန်] ပြင်ပလင့်ခ်များ
- 果敢论坛,八八事件後新官方論壇
- 新果敢特區報,果敢特區報編輯部所設
- The Yang Dynasty
- Map of Kokang
- Kokang Celebrate Liberation from Burmese Communists 11 March 2009
- Maps of Kokang