ပန်းယွန်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ပန်းယွန်း[ပြင်​ဆင်​ရန်​]

ယွန်းထည်
မြန်မာ့ ယွန်းထည်များ

ဘီစီ ၁၅၇ဝ မှ ဘီစီ ၁၀၄၅ အထိ တရုတ်ပြည် မြစ်ဝါမြစ်ဝှမ်းတွင် ဘုရင်နိုင်ငံတစ်ခု တည်ထားစိုးစံခဲ့သော ရှမ်းမင်းဆက်တစ်ခုထိအောင် ယွန်းထည်သမိုင်းကို နောက်ကြောင်းပြန် ခြေရာခံနိုင်ပါသည်။ တရုတ်ပြည်ကို သူတို့ အုပ်စိုးစဉ်ကစ၍ ရှေးဟောင်းပစ္စည်း ရုပ်ကြွင်းအစအနတို့အဖြစ် အစောဆုံး နမူနာတို့မှာ သူတို့ ပထမ စတင်လုပ်ခဲ့သည့် ယွန်းထည်များမှပင် ဖြစ်ကြသည်။

ယွန်းအုပ်

ယွန်းထည်နှင့် ယွန်းလုပ်နည်းသည် အလှအပဆင်သဖို့ရော ကြာကြာထားနိုင်၊ ခံနိုင်ရည်ရှိဖို့ ပစ္စည်းတခုခု၏ မျက်နှာပြင်ကို သုတ်ဆေးတခုခုတင်သခြင်း (ဝါ) တင်သထားသည့် ပစ္စည်းဖြစ်ပါသည်။ ယွန်းဆိုသည်မှာ သဘာဝအတိုင်းရော ပြင်ဆင်ရောစပ်၍ရော ဖြစ်ပေါ်လာသည့်အစေးတမျိုးဖြစ်၍ ဗူဗောင်းသဖွယ် အခေါင်ပါ ကော်တစ်မျိုးမှ သက်ဆင်းလာသည့် ပစ္စည်းနှင့် အခြားကစ္စည်းတို့ ပေါင်းစပ်ထားသည့် အရာတစ်ခုဖြစ်ပါသည်။ မာကြောပြီး အလှဆင်ချယ်သပြီး တချိန်တည်းတွင် အစွန်းအခြစ်တို့မှလည်း အကာအကွယ် ပြုနိုင်သော မျက်နှာပြင်တစ်ခုခုအပေါ် လိမ်းသုတ်ရသည့် အမြန်လည်း သွေ့ခြောက်လွယ်သည့် ယွန်းဆေးကို ပြင်ညီတစ်ခုခုပေါ် လိမ်းသုတ်ရသည့် အမြန်လည်း သွေ့ခြောက်လွယ်သည့် ယွန်းဆေးကိုပြင်ညီတစ်ခုခုပေါ် သုတ်လိမ်းပြီးသည်နှင့် ယင်းပျစ်ပျစ်အရည်မှာ အငွေ့ပျံခါ ဗူကောင်းအစများပါ ကော်ရည်ဆန်ဆန်အရည်မှာ ခြောက်သွေ့သွားကာ ဓါတုတုန့်ပြန်ချက်များဖြင့် ယင်းပြင်ညီကို မာကျော ပြောင်ချောသည့်အဖြစ်နှင့် ကျန်ခဲ့စေပါတော့သည်။ ယွန်း၏ နှစ်ခုသော ထူးခြားချက်မှာ ယင်းသုတ်လိမ်းထားသော ပစ္စည်းတစ်ခုခုသည် အပူရှိ်န် တရှိန်ထိုးဖောက်၍ မဝင်နိုင်ခြင်းနှင့် အလားတူ အရည်နှင့် အစိုသိပ်သည်းမှု တစ်ခုခုလည်း မစိမ့်ဝင်နိုင်တော့ခြင်းဖြစ်ရာ ယင်းသည် အလွယ်တကူပင် ဆိုးဆေးတစ်ခုခုနှင့်သော်လည်းကောင်း အခြား ယင်းဆေး၏ ရှိရင်းသတ္တိတို့ကို ပိုမိုအစွမ်းပြလာစေနိုင်သည့် အခြင်းအရာတစ်ခုရှိခြင်းပင်ဖြစ်ပါသည်။

တရုတ်ယွန်းထည်တစ်ခု

ယနေ့အခေါ် ယူနမ် တချိန်က နန်ချောင်းအင်ပါယာကိုဖြတ်၍ အေဒီပထမရာစုနှစ်တွင် တချိန်က (ယနေ့မြန်မာခေါ်သည့်) ဗမာနိုင်ငံကို ယင်းယွန်းရောက်လာခဲ့ကတည်းက ယွန်းမှာ ပိုမိုသိမ်မွေ့သည့် အရည်အသွေး အနုပစ္စည်းတခုအဖြစ် တိုးတက်ဖြစ်ပေါ်လာခဲ့သည့် တပြိုင်တည်းပင် မြန်မာ့ရှေးရိုးစဉ်လာ အနုအလှ ပစ္စည်းပစ္စယတို့၏ ဟန်ပန်လက်ရာတမျိုး အဖြစ် မြန်မာပိုင်ဖြစ်လာခဲ့သည်။ မြန်မာ့အခေါ် ယွန်းထည်ဆိုသည်က ယူနန်လူမျိုးတို့ ဝတ်ဆင်သုံးဆောင်ရာဟူလို။ (၁၀၄၄ မှ ၁၀၇၇ထိ) ဘုရင်အနော်ရထာ စိုးစံကာလအတွင်း ထုတ်ဖော်လုပ်ဆောင်လာသည်ဟု ယုံကြည်ကြသော ယွန်းထည်လုပ်ငန်း အတတ်ပညာမှာ သထုံကို စီးနင်းအောင်မြင်ခဲ့သော ၁၀၅၇ ခုနှစ်နောက်ပိုင်း ပေါက္ကာရာမခေါ် ပုဂံပြည်နှင့် ပြည်မြို့ကား ယနေ့ဆိုလျှင် ယွန်းထည် ထုတ်လုပ်ဖြစ်မြောက်ရာ ဗဟိုချက်ဒေသတို့ ဖြစ်ကြပါသည်။ သို့ကလို ယွန်းထည်အစဉ်အလာ အခိုင်အမာရှိလာကြသည့် နောက်မြို့တော်တို့ကား မန္တလေး ကျောက္ကာနှင့် ကျိုင်းတုံ တို့ဖြစ်ကြပါသည်။ မြန်မာနိုင်ငံ၏ ယွန်းထည်အမျိုးမျိုးမှာ

  1. ကျောက္ကာထည် (ရိုးရိုးစင်းစင်းပြောင်ချောယွန်းထည်များ)
  2. ယွန်းထည်ရိုးရိုး (ဆေးသွင်းယွန်းထည်)
  3. ရွှေဇဝါးထည် (ရွှေသွင်းယွန်းထည်)
  4. သရိုး (ရုပ်ကြွပုံသွင်းယွန်းထည်)
  5. မှန်စီရွှေချယွန်းထည် (သလင်းမှန်ရောင်စုံနှင့်ရွှေချယွန်းထည်)
  6. မှန်ဖရာ့ သို့မဟုတ် နှီးဖရာ့ (ယွန်းချောက်ထည်)

အတိတ်က ထုပ်လုပ်ခဲ့သည့် ယွန်းထည်တို့မှာ သာမန်ထက်ထူးကဲသော နုနယ်နူးညံ့လှသည့် အရည်အသွေးများရှိ၍ နည်းပညာတစ်ခုကသာလှျင် ယွန်းချောက်ထည်နည်းကို သုံးထားပါသည်။ ဥပမာဆိုရသော် ယွန်းထည်အိုးခွက်တို့မှာ ဝါးနှင့် မြင်းမွှေးတို့ ပါဝင်ရာ မကြာခဏ မြင်းဆံဖုတ်မွှေးကိုပင် သုံးကြသေးဟု ဆိုကြသည်။ ထွက်လာသည့် အာနိသင်မှာ ယင်းယွန်းထည်သည် ဖိလှျင်မပိ၊ ချိုးလှျင်မကျိုး၊ သွင်းထားသည့် ယွန်းသားလည်း ကျေပျက်မထွက်ခြင်း ဖြစ်ပါသည်။ ယနေ့ဆိုလှျင် အခြားယွန်းထည် ခွေနည်းနှစ်နည်းလည်း ရှိပြန်သေးရာ အထင်အရှားပင် ကျော်ကြားလှျက် ဖြစ်ပါသည်။ အညံ့စား ယွန်းထည်တို့ကား အတွင်းအမာခံသစ်ထည့်ထား၍ အကောင်းစားယွန်းထည်တို့ကမှု ဝါးအတွင်းသား နန်းဆွဲကြိုးလိန်တို့သက်သက်ဖြင့် ပို၍လည်း အကြမ်းခံသည့်အပြင် သွယ်နောင်းပျော့ပျောင်းမှုလည်း ရှိကြပါသည်။

ယွန်းထည်

(က)ကျောက္ကာထည်[ပြင်​ဆင်​ရန်​]

ကျောက္ကာထည်ယွန်းပစ္စည်းဆိုသည်တို့က ပဓါနအားဖြင့် အိမ်တွင်းသုံး အသုံးအဆောင်ပစ္စည်းများ ပါဝင်၍ ဥပမာ လင်ပန်း ခွက် ပန်းချင်း ပန်းခံ ရေခွက်နှင့် ကွမ်းအစ်များ ဖြစ်ကြ၏။ ဤရိုးရိုးယွန်းထည်မျိုးကား အဝတွင် အနက်အမှောင်ရောင်နှင့် အတွင်းသားက အနီသားဖြစ်ပါသည်။ မည်သည့်တန်ဘိုးရှိသည့် အနုပညာလက်ရာမှ ထည့်သွင်းအသုံးချထားခြင်းမရှိ။ ကျောက္ကာဆိုသည့် အမည်ကိုယ်၌က ယင်းစခဲ့သည့် ဇာတိရပ်မြေ ကျောက္ကာရွာမြေကို အကြောင်းပြုထားခြင်းဖြစ်ပါသည်။ ယင်းရွာသည် ချင်းတွင်းမြစ်ဘေး မုံရွေးမုံရွာ သလ္လာဝတီနံဘေး မဝေးလှသည့်အရပ်တွင် ရှိ၏။ ကျောက္ကာထည်တို့ကို သိပ်မများလှသည့် ဈေးနှုန်းနှင့် ရနိုင်ပါသည်။

(ခ)ယွန်းထည်[ပြင်​ဆင်​ရန်​]

ယွန်းထည်တို့ကို တန်ဆာဆင်ရေးနှင့် အဆောင်ယောင်တို့အဖြစ် ပဓါနထုတ်လုပ်ကြသည်။ ဥပမာ ပရိဘောဂများဖြစ်၍ စားပွဲ စင် ထိုင်ခုံမှာ နမူနာပါ အိုးခွက် ပန်းချင်း ပန်းတင်ဘန်း နံရံအလှဆင် ရတနာကြုတ် သို့မဟုတ် ဘူး ရှေးစောင်းပစ္စည်း သေတ္တာ လက်သုတ်ပုဝါစည်း အဆင့်မြင့်ထမင်းဘူး ဝါးတူနှင့် လက်ကောက်တို့လည်း ပါပါသည်။ ယွန်းထည်တို့မှာ အကြီးအကျယ် အဆင်အပြင်တို့ ဖြစ်ကြလျက် ဆေးသွင်းခြယ်သမှု့တို့ကို မျက်နှာပြင်အမဲအမှောင်ပေါ်တွင် သိမ်မွေ့လှသော အရေးအကြောင်း ပုံသဏ္ဍန်ကို ကနုတ်ပန်းနှင့် အထူးအဆန်း တိရစာ္ဆန်နှင့် လူသားပုံတို့ဖြင့် ဖြည့်ဆည်းရာ၌အနီ အဝါ လိမ္မော် အပြာ အစိမ်း နှင့် အဖြူရောင်တို့ ချယ်မှုန်းကြပါသည်။

ရွှေဇဝါထည်

(ဂ)ရွှေဇဝါထည်များ[ပြင်​ဆင်​ရန်​]

အထူးတလည်တင့်တယ်ခန်းနားဖို့တွက် အခြေခံအားဖြင့် မည်သည့်အရာဝတ္ထုမဆိုဖြစ်နိုင်သော ရွှေဇဝါယွန်းခေါ် ရွှေရေးယွန်းထည်တို့မှာ မြင်ရသမှျတို့တွင် အတူမရှိသလောက် ဖြစ်ပါသည်။ သက်ဆိုင်ရာအသီးသီးသောအရာဝတ္ထုတို့၏ ဟန်ကျပန်ကျသားသားနားနား ရေးသွင်းထားသော အရာအားလုံး ရွှေရေးယွန်းထည်တို့တွင် အပါအဝင်ဖြစ်ပါသည်။ ယင်းတို့မှာ ရွှေပြားခပ်သွင်းထားသလို စစ်စေးသုတ်ပစ္စည်းအပေါ်တွင် အထင်းသားလှပတင့်တယ် ရှုစဖွယ်ဖြစ်ကြပါသည်။ (စက္ကူမကပါးလှအောင်ခသပ်ထားသည့်ရွှေပြား) အသုံးပြုထား၍ ပြောင်မြောက်လှသည့်အနုပညာလက်ရာတို့ အသုံးပြုထားခြင်းကြောင့်ရွှေဇဝါယွန်းထည်တို့မှာ အခြားနှင့်ယှဉ်လှျင် အလွန်ဈေးကြီးတတ်ပါသည်။

(ဃ) သယိုးယွန်းထည်များ[ပြင်​ဆင်​ရန်​]

သယိုး ဆိုသည်က ပုံသွင်းယွန်းပုံနှင့် အထည်သတ္ထုတို့ ဖြစ်၍ မည်သည့်အရာကိုမဆို သယိုးကိုင်နိုင်ပါသည်။ ထို့ကြောင့် ယွန်း ဘူးအစ်ငယ်လေး တို့မှ အစ သေတ္တာ နှင့် ပရိဘောက များအဖြစ်ထိ ယင်း သယိုယွန်းထည်ပြုလုပ်၍ရပါသည်။ အမည်ကဆိုသည့် အတိုင်း သတ္တဝါတို့၏ ပြာချ အရိုးကို သယိုးဟုခေါ်၍ ယင်းကို စပါးခွံနှင့် ရောပြီး လွှစာမှုန့်လည်းထည့် တခါတရံ နွားချေးတောင်ပါ လိုက်သေးသည့်အပြင် စစ်စည်းနှင့် သမလိုက်သည့်အခါ ချောမွေ့ပြီး လိုရာပုံသွင်း သည့် ပလာစတာခေါ် ပျော့ပြောင်းပုံလုပ်ကိုင် နိုင်သည့် အပျော့ထည်ရလာသည်နှင့် လိုအပ်သော သက်ဆိုင်သည့် ပစ္စည်း၏ စစ်ဆေးသုတ်ထားမျက်နှာ ပြင်အနှံ့ ဖုံးအုပ်ဖိသွင်းလိုက် သည်နှင့် ယင်းဆင်ယင်ခြယ်သမည့် ပစ္စည်း တို့ကလည်း ရွေးခြယ်ထားသည့် ပုံအတိုင်းဖြစ်ပေါ်လာသည်။ သွပ်သွင်းလိုက်သည့် ဖေါ်ပြပါ ပလာစတာ ကို ယွင်းသရိုးကိုကြိုက်သလောက် အထုအလုံးစသဖြင့် ရအောင်ကြိုးသဖွယ်ဖြစ်ရေး တတ်နိုင်သလောက် တငြိမ့်ငြိမ့် လှိမ့်ပေးရသည်။ သို့ကလို ယိုးသွင်းပြီးသည်နှင့် ဝတ္တုမျက်နှာပြင်ပေါ် ဝယ်အခိုင်အမာစွဲနေပြီး ဖြစ်သည့် လိုရာပုံကို အခြောက်ခံ၍ စစ်စည်းလည်း အထပ်ထပ်သုတ်ရသည်။ နောက်ဆုံးအဆင့် တွင် သွင်းထားသည့် ပုံတို့ကို ရွှေ့ချသင့်ရာချ အခြားအရောင် သွင်းသင့်ရာသွင်းပြီး လိုရာပုံရုပ်သွင်းထားသည့်အတိုင်း ထွင်းထားသည့် နှယ့် ပုံပန်းအရုပ်ဝတ္တုပစ္စည်းများဖြစ်လာပါတော့သည်။

(င) မှန်စီရွှေချယွန်းထည်။[ပြင်​ဆင်​ရန်​]

မှန်စီရွှေချ ယွန်းထည်ကား စင်စစ် ရွှေဇဝါး နှင့် သရိုးယွန်းထည်ပစ္စည်းဖြစ်၍ ဖါလ်မှန်စကျောက်သလင်း နှင့် ခရုသင်း ပုလဲ ဘော်ကြယ်သွင်း ပစ္စည်းများပင်ဖြစ်ပါသည်။ ယင်းဝတ္တုပစ္စည်းတို့ကို အထင်အရှား အကျော် ဒေးယျ ဝတ္တုများ အဖြစ် အဆောင် အယောင်အခြယ်အသ တန်ဆာပလာ အသုံးခံစရာ သာမက ပရိဘောဂ ဘမ်းတင်ဖို့လည်းအသုံးပြုကြသည်။တဖက်၌မူ ယင်း ပစ္စည်း တို့မှာ လူ့အသုံးအဆောင်ပုံသွင်း ပစ္စည်းအဖြစ်တော့ သုံး၍မသင့်လှ တန်ဖိုးကြီးရှားပါးလင့် ကစား အခြားတဖက်တွင်မူ လက်တွေ့တခု ခုအသုံးချဖို့အတွက်လည်း အတိုင်းအတာအကန့်အသတ်လည်း ရှိပါသည်။ ယင်း ယွန်းသရိုးနှင့် မှန်စီရွှေချထားသည့် အထည်တစုံ တခုမှာ မလွဲမရှောင်သာဘဲ အရွယ်အရောင် အမျိုးမျိုး နှင့်ဖာလ်စမှန်စသတင်း ဘော်ကြယ်ခရုယင်း ပုလဲ အစအနတို့ မှုပ်သွင်းထားခြင်းကြောင့် သို့ အနုစိပ်လုပ်ဖို့မှ ညလည်းအထူးစေးကပ်လှသည့် စစ်စေးတို့ကို ပင် သုံးထားရသောကြောင့် ဖြစ်သည်။ နောက်အဆင့်တွင် မူ ရွှေပြားခပ် အချပ်တို့ကို ဖယ်လိုက်သည့်အခါ ရွှေသားရွှေထည်ပကတိလို ဖြစ်ရှိလားခြင်းဖြစ်သည်။ ဖယ်ရှားပုံလည်း ယင်းအပေါ် ရေနှင့် ဆေးချလိုက်ရုံသာဖြစ်ပါသည်။ စစ်စည်းထိရောက်ထားရာနေရာတိုင်းမှ ထိဖိထားသည့် ရွှေစတို့ မှာမယိုယွင်းအမြဲက ပလျက်ခဲ့ပါသည်။ သုံးရသည့် ပစ္စည်း နှင့် အနုလက်ပညာအရပ်ရပ်သွင်းထားအပ်သည့် အရာခြင်းခြင်း ကြောင့်ထို့အပြီး ဖြစ်ရှိခဲ့သမှျ ပစ္စညး် အလှတို့ကလည်း အလွန်အဖိုးတန် ရတနာတခုလိုဖြစ်၍ မှန်စီရွှေချယွန်းထည် ဟူသမှျမှာ စရိတ်စကကြီးလှသည်။

(စ)မှန်ဖရား[ပြင်​ဆင်​ရန်​]

ပြကတေ့စာအဆိုက စစ်စည်စချောက်ပစ္စည်းထယ်ဖြစ်၍ မြန်မာနိုင်ငံတွင် ယင်းယွနး်ပစ္စည်း တို့ကို အထူးသဖြင့် ဗုဒ္ဓရုပ်ပွားတော်များ နှင့် စေတီပုထိုး တို့အတွက်ခြယ်သပူဇော်ရန် အသုံးပြုခြင်း ကြောင့်ယွန်းအခြောက်ထည်များဖြစ်လာရပါသည်။ယင်းအမည်ကိုယ်၌က ပစ္စည်းထုတ်လုပ်သည့်နည်းပညာနှင့် သက်ဆိုင်လှသည်မဟုတ်ပါ။ သစ်သား ခေါင်းပွပစ္စည်းမျက်နှာပြင် အပေါ်စစ်စည်းသုတ်ဖို့ မှာ(မံ) သည်ဟု မြန်မာလိုဆိုကြ၍ ဖရာ့ဆိုသည်ကတော့ (ဘုရား) ပင်ဖြစ်သည်။ နှောင်းပိုင်းအရောက်တွင် ဘုရားတစ်ဆူအတွက် ခေါင်းပါစစ်စေး သုတ်ပစ္စည်း ဖြစ်လာပါတော့သည်။ ဝါးခေါင်းပွနှီး စတို့ဖြင့်အမာခံလုပ်ထားသော ဗုဒ္ဓဆင်းတု ဘောင်ခံပစ္စည်းမှာ (နှီး) ဟုခေါ်၍ ယင်းဘုရားတို့ကို နှီးဘုရားဟုခေါ်သည်။ သို့သော် အထက်၌ဖော်ပြခဲ့သည့်အတိုင်း လက်တွေ့ကျကျနညး်ပညာ နည်းပညာဆန်ဆန်မှည့်ခေါ်နိုင်သည်က စစ်စည်းအခြောက်ခံပစ္စည်းဖြစ်သည်။ စစ်စည်းအခြောက်ခံပစ္စည်းလုပ်ဖို့မှာ လချီကြာသည့် အလုပ်စဉ်တစ်ခုဖြစ်၍ ကုန်ထုတ် ၁၂ ခု ရှိလျက် အခြေခံပစ္စည်းက လောင်းဖို့ အေးမြကြာသာသော ရာသီ လေတဖြူးဖြူး နှင့်မြူးဖို့ကလည်း လို၊ ဖုန်အမှိုက်သရိုက်ကင်းရာ အခြောက်ခန်းတို့အပြင် တကယ်အဆင့်မြင့်သည့် အနုပညာလက်ရာမြောက်ရေး အဓိကကျပါသည်။ ဘကာစုံ ပြည့်စုံပါက ထွက်လာရသည့် ရလဒ်မှာ ရိုးရိုးနှင့် မတူ အဆင့်မြင့်တင့်တယ်လှပသည့် ယွန်းထည်တခုဖြစ်ပေါ်ရရှိလာနိုင်ပါသည်။

အောက်တွင်ဆက်ဖော်ပြထားသည့်အတိုင်း ကုန်ထုတ်အလုပ်စဉ်တခုလုံးမှာ စစ်စည်းစုဆောင်းရာမှ စရာပါမည်။ စစ်စည်း ပြုလုပ်နည်းမှာ သန့်စင်၍ ရေဖယ်ရှားပြီးသား (ရပ်စ်ဝါနီစီဖီရာ) ခေါ် အရှေ့တောင်အာရှတွင် သာအတွေ့များသည်။ အစေးထွက်ချုံပင်တမျိုးမှာ အစေးများ ဖြင့်လုပ်ယူရပါသည်။ယင်းသည် သာ အာရှနိုင်ငံတို့တွင် ယွန်းလက်ရာတို့ကို အစဉ်အလာထားလုပ်ခဲ့ကြသော အခြေခံပစ္စည်း ဖြစ်ပါသည်။ သေရည်တမျိုးဖြစ်သည့် ရှယ်လက်ဆိုသည့် ပစ္စည်းမှာ ဥရောပ နှင့် အမေရိကတိုက်တို့၌ အလားတူ ယွန်းထည်းတို့အတွက် အစဉ်အလာထားသုံးစွဲကြသည်မှာ (လက်စီဖာလက်ကာ ခေါ် အကြေးခွံ ပါသည့်ပိုးကောင်ငယ်များထွက်သည့် အရည်အစေးတို့မှာ ထုတ်ယူနိုင်ရာဖြစ်ပါသည်။) ပထမအဆင့်တွင် မြန်မာနိုင်ငံတွင် ကော်ပတ်ပင်မှ ခြစ်၍ အစေးထုတ်သလို အလား တူနည်းနှင့် အပင်မှ ရယူရပါသည်။ စစ်စည်းပင် သည် ရုက္ခဗေဒအခေါ် (မှလာနိုရိုဆာ ယူစီတာတစ်ဆီမ) ရှမ်းပြည်တလွှားအရိုင်းအပေါက်များ သို့မဟုတ် စိုက်ပျိုးထားပင်တို့မှ ရယူရပါသည်။ စေးထန်းထန်းအညိုမဲ အရောင်ထွက်လာသည့် အစေးတို့မှာ လေနှင့်တွေ့သည်နှင့် ပိုခဲ၍ ခဲလာသည့် သဘောရှိသည်။

နောက် ဝါး ခေါင်းပွ သို့မဟုတ် နှီးဝတ္တုခပ်ပေါ့ပေါ့ တို့အပေါ် မြင်းမွှေးသို့မဟုတ် ဗူဗေါင်းများသည့် ပိုစားထားသလို ခပ်ပွပွသစ်ပစ္စည်းတို့ ဖြင့် အထူးအဖြင့် လုပ်ကြပါသည်။ ပဓာန ပစ္စည်း ၂ ခုအနက် ဒုတိယပစ္စည်းက အဆင့်မြင့်ရသည် ထို့ကြောင့် စရိတ်စကကြီးသည်။ ပထမ ပစ္စည်းက အဆင့်နိမ့်၍ရ၏။(အကြောင်း က ပေါပေါ ရနိုင်သည့်အပြင် သိပ်လည်း ကောင်းဖို့မလို ကိုင်တွယ်ရလည်း လွယ်ကူသည်။) ထိုနှစ်မျိုး ပေါင်းလုပ်ရသည့် အရာဝတ္တုပစ္စည်းအစုစုမှာ သိပ်မကြီးလှသည့် ဈေးနှင့် ရနိုင်လာသည်။ ပြီးမြောက်ပြီဆိုလှျင် အမြုတေအမာခံ အထည်ကြမ်းကို စစ်စည်း နှင့် ရွှံစေး ခပ်ကျဲကျဲရော စပ်ထားသမှျဖြင့် သုတ်လိမ်းရသည်။

အတွင်းသားပြုလုပ်ပုံ
ယွန်းသွင်းခြင်း
အခြောက်ခံခြင်း
ဆေးကြောခြင်း
အရောင်တင်ခြင်း
အချောသတ်ခြင်း

နောက်ယင်း ပထမအချောအဆင့်ထည်ကိုလေဝင်ထွက်ကောင်းခြောက်သွေ့သော်လည်း အေးမြရသည့် အခန်းတွင်တဖြည်းဖြည်း သွေ့ခြောက်သွားအောင် ၃ ရက်မှ ၄ ရက် ထိအခြောက်လှန်းရပါသည်။ အောက်ပါကုန်ထုတ်အလုပ်စဉ်တွင် အထည်ပစ္စည်းကို စစ်စည်းနှင့် ပြာထပ်ရောခါ သုတ်ရပြန်သည်။အခြားအထောက်အကူပစ္စည်းတို့ မှာအထည်ကို ကောင်းမကောင်း အဆင့်မှီမမှီ သတ်မှတ်ပေးမည့် အရေးပါရာတို့ဖြစ်ပါသည်။ အရာဝတ္တု၏မျက်နှာ၌ အနှံ့ ချောမွတ်အောင်သရသည်မှာ အထည်ခြောက်ပြိးမှဖြစ်ရ၍ သို့ကလို ချောကိုင်ဆေးသုတ်သလိုသုတ်ရခြင်းမှာ အထပ်ထပ်အကြိမ်ကြိမ် ဖြစ်ပါသည်။ သို့မှသာ အသေးအဖွဲဆုံးပုံမမှန်သမျှ ပြေပျောက်သွားဖို့ဖြစ်ပါသည်။ ယခုဆိုလျှင် အထည်မှာ အပ၌ အမည်းအထဲ၌ လည်း နည်းတူဖြစ်နေပါပြီ။ ထိုစဉ်ဆေးသွင်းဖို့ ထွင်းမလား ရွှေရေးချမလား ပန်းတို့ခြယ်သအလှဆင်မလား ဘော်ကြယ်အစ ဖလာန်မှန်သလင်း စတို့ဖြန့်ကျက်မလား သို့မဟုတ် ယင်းတို့အနက်တမျိုးထက် ၂ မျိုး ၃ မျိုး စပ်၍ပြုလုပ်မည်လား စသည့်ဆုံးဖြတ်ချက်ကို ချမှတ်ကြမြဲဖြစ်သည်။

ယွန်း တက္ကသိုလ်[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  • www.en.wikipedia.com[၁]
  • www.wikimyanmar.co.cc[www.wikimyanmar.co.cc]
ပန်းဆယ်မျိုး
 ပန်းပဲ • ပန်းပု • ပန်းထိမ် • ပန်းချီ • ပန်းယွန်း • ပန်းတော့ • ပန်းပွတ် • ပန်းတမော့ • ပန်းရန် • ပန်းတဉ်း