ဝ လူမျိုး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဝ လူမျိုး
ဝ လူမျိုး
လူဦးရေ
နေထိုင်ရာ တရုတ်နိုင်ငံ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း တောင်တန်းဒေသ
ဘာသာစကား ဝဘာသာ၊ ယူနမ် မင်ဒရိမ်း
ကိုးကွယ်သည့် ဘာသာ ဝိညာဉ်ကိုးကွယ်ခြင်းဗုဒ္ဓဘာသာ

ဝ လူမျိုး များသည် တရုတ်ပြည် ဇီမင်း၊ ကန်ရွမ်း၊ ယူနမ် တို့တွင် နေထိုင်ပြီး မြန်မာနိုင်ငံတွင်လည်း အနည်းငယ်ရှိသည်။ ဝ လူမျိုးသည် မွန်-ခမာ လူမျိုးများမှ ဆင်းသက်လာသည်။ လက်ရေးစာပေကို ၁၉၅၇ နှစ်တွင် စတင်ခဲ့သည်။ ဝ လူမျိုးသည် တရုတ်နိုင်ငံ ၏ တိုင်းရင်းသားလူမျိုး ၅၆ မျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်သည်။

ရှေးခေတ် ဝလူမျိုး
ဝတိုင်းရင်းသူတစ်ဦးနှင့် ၄င်းတို့၏ ဝတ်စားဆင်ယင်ပုံ

[၁]

တည်နေရာ[ပြင်​ဆင်​ရန်​]

ဝတို့နေထိုင်သောနယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း သံလွင်မြစ်၏အရှေ့ဘက် ခြမ်းတွင်တည်ရှိရန်အရှေ့ ဘက်တွင် တရုတ်နိုငံ၊ အနောက်ဘက်တွင် သံလွင်မြစ်၊ တောင်ဘက်တွင် မိုင်းလွန်းနယ်၊နှင့် မြောက်ဘက်တွင် ကိုးကန့် နယ်တို့က ဝိုင်းရံထားသော တောင်ကုန်းမြေမြင့်ဒေသတစ်ခုဖြစ်သည်။ ကုန်းမြင့်တစ်ခုလုံးတွင်အချို့သော နေရာများ၌ ပေ(၁၀၀၀၀)နီးပါးခန့်မြင့်သော တောင်ထွဋ်များ လည်းရှိသည် ထိုတောင်တန်းကြီးများသည် ၀လူမျိုး တိုက၏ လမ်းပန်းဆက်သွယ်မှုမလွယ်ကူခက်ခဲအောင်ဖန် ဖန်တီးထားသကဲ့သို့ရှိနေသောကြောင့် ဘဝတူဆွေရင်းသားရင်းလူမျိုးအချင်းချင်း ကြား အဆက်အသွယ်များကင်းမဲ့ခဲ့၍ စီးပွားရေးနှင့်ယဉ်ကျေးမှု များခေတ်နောက်ကျနေခဲ့ခြင်းဖြစ်သည်။

လောင်ဝေါမှဝသို့ဆင်းသက်ပုံ[ပြင်​ဆင်​ရန်​]

၀လူမျိုးများကိုရှေး မရူလူမျိုးဖြစ်သော လောင်ဝေါမှ ဆင်းသက်လာသည်ဟု အချို့ကလည်း လောင်ဝေါ မှ လောင်ဝသို့လည်းကောင်း ၊ လဝမှ'၀'သို့လည်းကောင်း အဆင့်ဆင့်ပြောင်းလဲ ဖြစ်ပေါ်လာသည်ဟု ယူဆကြသည်။ '၀'လူမျိုးများကိုလွယ်လှ မှာရှမ်းစကား၊ ရှမ်းအခေါ်ဖြစ်၍ (လွယ်-တောင်-လှ လူမျိုး )တောင်ပေါ်ကလူမျိုးဟု အဓိပါယ်ရသည်


ဝတ်စားဆင်ယင်ပုံနှင့်ဓလေ့စရိုက်[ပြင်​ဆင်​ရန်​]

'၀'လူမျိုးတို့သည် ၄င်းတို့၏ ပေပေတေတေနေတတ်သောအကျင့်စရိုက်ကို မူတည်၍ ယင်း တို့အဝတ်အစားအရောင်များမှာလည်း အညစ်ခံအရောင်များသာဖြစ်ပေသည်။ အထူးသဖြင့်အနက်ရောင် အပြာရောင်နှင့် ရှားစေးရောင်အနီရင့်များသာ များစွာတွေ့ရတတ်သည်။ ယောက်ျားများသည် အနက်ရောင်ခေါင်းပေါင်းကို ပေါင်းတတ်ကြသည်။ အချို့လူငယ်အများမှာမူ ခေါင်းစွပ်အနက်များကို ဆောင်းတတ်ကြသည်။ နက်ပြာရောင် ရှီသော ရင့်စေ့ရင်ဖုံး ကျင်္ီများကိုဝတ်၏။ အနက်ရောင်ရှမ်း ဘောင်းဘီကို အမြဲတမ်းဝတ်ဆင်ကြသည်။ မိန်းမများမှာ နက်ပြာရောင် ရင်ဖုံးအကျင်္ီနှင့် အင်တိုင်ခေါ်ထဘီကိုဝတ်ဆင်ကြသည်။ ထဘီမှာ စစ်အနံ တစ်ကိုက်အလျား တစ်ကိုက်ခွဲရှိသောအနက် ရောင် အစကိုခါးတွင် ပတ်ထားခြင်းဖြစ်သည်။အချို့မိန်းကလေးများကမူ အလှအပကို ခုံမင်သဖြင့် အညို၊ အနီ၊ အဝါ ဆင်းများဖြင့် ကိုယ်တိုင်ကိုယ်ကျ ရက်လုပ်ဝတ်ဆင်လေ့ရှိသည်။ ထို့အပြင် ငွေနှင့်ပြုလုပ်ထားသည့် ဆွဲကြိုး၊ ဘယက်၊ နားထောင်း၊ လက်ကောက်ပြား၊၊ လက်ကောက်လုံးများလည်း ဝတ်ဆင်ကြသည်။ ခေါင်ရေနှင့် ပြောင်းဖူးချက်အရက်များကို ယောက်ျားများသာသောက်ကြသည်မဟုတ် မိန်းမများနှင့် ကလေးများလည်း သောက်တတ်ကြသည်။ သောက်သုံးမှုပမာဏ အနည်းငယ်နှင့်အများသာ ကွာခြားသည်။ အားလုံးအရက်သောက်တတ်ကြသည်။ ဆေးတံသောက်သောအကျင့်မှာလည်း လူကြီးလူငယ်တိုင်းစွဲနေကြသည်။ ဆေးတံကိုကိုင်ထားရသည်မှာ '၀'လူမျိုးတို့၏ကိုယ်ပိုင် စတိုင်တစ်ခုပင် ဖြစ်ဟန်ရှိသည်။

ဘာသာရေးနှင့်အယူဝါဒ[ပြင်​ဆင်​ရန်​]

'၀'နယ်တစ်နယ်လုံးတွင် ယေဘုယျအားဖြင့် နတ်ကိုးကွယ်သူများ များပြားသောကြောင့်ဘာသာ အသီးသီး၏ အင်အားကိုခန့်မှန်းရသော် နတ်ကိုးကွယ်သူ (၆၀)ရာခိုင်နှုန်း ယွန်းဂိုဏ်း(၂၀)ရာခိုင်နှုန်း၊ ခရစ်ယာန် (၁၅)ရာခိုင်နှုန်း၊၊ နှင့်ဗုဒ္ဓဘာသာ (၅)ရာခိုင်နှုန်းလောက်ရှိမည်ဖြစ်သည်။ ရှေးအခါက'၀'လူမျိုးတို့သည် လီဆိုင်မတ်နတ်ကိုကျွဲသတ်ပြီး ကန်တော့ကြရသလို မွေးနတ်ကိုလည်း လူခေါင်းဖြတ်ပြီး ကန်တော့ ကြရသည်။ မွေးနတ်မှာအကြီးမာဆုံးနှင့်ဒုက္ခအပေးဆုံးနတ်ဖြစ်သည်။ ခေါင်းဖြတ်ချိန်မှာ များသောအားဖြင့် စပါးစိုက်ချိန်များ တွင်ဖြစ်သည်'၀'လူမျိုးများ တို့၏ထုံးစံမှာ ယောက်ျားမှန်ရင် တစ်သက်တာတွင် ခေါင်း(၃)ခါတိတိဖြတ်ရန် တာဝန်ရှိ၍ လူခေါင်း(၆)ခေါင်းဖြတ်ဖူးသူကိုလည်း သက်ဆိုင်ရာ နယ်ရှင်ကအခွန်အထုပ်မှ လွတ်ကင်းစေကာ ရှန်နီစကိုပေါင်းစေပြီး သူရဲကောင်းအဖြစ် ဂုဏ်ပြုခြင်းကို်ခံရသည်ဟု ဆိုသည်။ သို့ဖြစ်ရာ'၀'လူမျိုးများအဖို့ ဦးခေါင်း ရရေးနှင့် မိမိဦးခေါင်း အဖြတ်မခံရရေးသည် ၄င်းတို့ဘဝရပ်တည်မှုအတွက် နှစ်ခုစလုံး အရေးကြီးနေ ပေသည်။


'၀'လူမျိုးတို့၏တူရိယာများအနက် စိတ်ဝင်စားဖွယ်အကောင်းဆုံးတူရိယာမှာ တုံးဖြစ်သည်။ အခြားနိုင်ငံ အသီးသီးရှိ လူရိုင်းဟုသတ်မှတ်ထားသောလူမျိုးတို့၏တုံးသံသည်'၀'လူမျိုးတို့၏တုံးသံလောက် သာယာနာပျော်ဖွယ်မရှိ။ မိုင်းကျွန်းခေါ်အပင် တစ်မျိုးမှ ထွင်းထု၍ဖိုသံမသံ ညှိပြီး သူကြီးအိမ် အနီးတွင်တဲထိုးပြီးထားရသည်။ နတ်တင်လျှင်ဖိုသံ၊ ထွက်သောဘက်မှတုံးကို တစ်ချက်ချင်းလေးကန်စွာ တီး၏ စစ်ရေးကိစ္စများရှိ၍လူစုရန် သတိပေးလျိုလျှင် ဖိုသံနှင့်မသံကိုတွဲ၍ခပ်သွပ်သွပ်ခေါက်လေ့ရှိ၏။ ပျော်ပွဲရွင်ပွဲ၊ မင်္ဂလာဆောင်တို့၌ တီးခေါက်ပေးသောတုံးမှာမူကား လွန်စွာအဆင့်အတန်း မြင့်မားလှ၍ တုံး၏ဝဲယာမှ မိန်းမနှင့် ဘက်ညှပ်ကာ ၄င်းတို့၏ညာဖက်မှထိုးတံ ဘယ်လက်တွင် ဝါးခြမ်းပြား ကိုကိုင်၍ တစ်လုံးလျှင် (၂)ဦး (၃)တုံးလျှင် (၆)ဦးတိတိဖြင့်တီးခေါက်ကြလေ့ရှိသည်။


ရှေးက'၀'လူမျိုးများတွင် ဦခေါင်းဖြတ်၍ ယဇ်နတ်ပူဇော်သောအလေ့အကျင့်ရှိခဲ့၍ ၄င်းတို့အား သာမန်အားဖြင့် ရိုင်းသည်ဟု ထင်မှတ်ဖွယ် ရှိသော်လည်း အကယ်စင်စစ် '၀'လူမျိုးတို့တွင် အလွန်ချစ်စရာ ကောင်းသောအမူအကျင့် များလည်းရှိနေပါသေးသည်။ ယင်းတို့မှာ သားထောက်သမီးခံမရှိသော သက်ကြီ ရွယ်အိုများကိုတစ်ရွာလုံးက အိမ်တစ်အိမ်နေ့ကျတာဝန်ယူ၍ကျွေးမွေးလေ့ရှိခြင်း၊ '၀'နယ်မြေမြောက်ပိုင်းနှင့် အနောက်ဘက်ခြမ်းကျေးရွာများတွင် ယနေ့ထက်တိုင် နှီးဖြင့်ပြုလုပ်ထားသော ဒေါင်းလန်းကြီးဖြင့်လက်ရေ တပြင်စီစားသောက်နေကြသေးခြင်း အိမ်မှုကိစ္စနှင့် ရွာမှုကိစ္စများ၌တစ်ဦးနှင့်တစ်ဦးဝိုင်းဝန်းကူညီလုပ်ကိုင် ပေးခြင်း စသည်တို့ပင်ဖြစ်သည်။

ဝလူမျိုးသည် မွန်-ခမာအုပ်စုတွင် ဝ-ပလောင်အုပ်စုခွဲ၌ ဝ၊ လ၊ လဝ၊ ခမူ၊ တိုင်းလွီ၊ အန်၊ ယန်း၊ လမ်၊ ပလောင်၊ ပလေး၊ ဓနော လူမျိုးတို့နှင့်အတူ ပါဝင်သည်။

ဝလူမျိုးများသည် မြန်မာနိုင်ငံနှင့် ယူနန်နယ်စပ်အကြားရှိ တောင် တန်းဒေသတွင် အခြေစိုက်နေထိုင်ကြသည်။ ယူနန်နယ်စပ်မှနေ၍ သံလွင် မြစ် အရှေ့ဘက်ကမ်းတိုင်အောင် အနှံ့အပြား နေထိုင်ကြသည်။ အချို့ ဝများ သည် မိုင်းလွန်းနယ်နှင့် ကျိုင်းတုံနယ် တောပိုင်းအရပ်များတွင် နေထိုင်ကြ သည်။ ဝနယ်တွင် ဝလူမျိုး အများဆုံးနေထိုင်သည်ကို တွေ့ရသည်။ (ဝနယ် -ရှု။) ယင်းလူမျိုးတို့ကို ဝ သို့မဟုတ် လဝလူမျိုးဟုခေါ်ကြသည်။ အချို့က လွယ်လလူမျိုးဟူ၍လည်းခေါ်သည်။

ဝလူမျိုးသည် ပတ်ကတေ့ရွာအနီးရှိ ကျောက်ဂူကြီးမှ စတင်ပေါက် ဖွား၍ ပတေ့နယ်၊ လွယ်လိန်းနယ်တို့သို့ရောက်လာပြီးလျှင် ထိုကမှတစ်ဆင့် ဝနယ်အခြားဒေသများသို့ ပျံ့နှံ့သည်ဟု ယူဆကြသည်။ ဝနယ်နောင်ချိုကန် အရှေ့မြောက်အရပ်မှ အနောက်တောင်ဘက်သို့ရောက်၍ မိုင်းလွန်းနယ်မှတစ် ဆင့် ကျိုင်းတုံနယ်ဘက်သို့ ပျံ့နှံ့လာသည်ဟုဆိုသည်။

စုံကရမန်နယ်နေ ဝလူမျိုးများက ယင်းတို့သည် ယခင် လွယ် လိန်းအမျိုးအနွယ်မှ သက်ဆင်းခဲ့သည်ဟူ၍လည်းကောင်း၊ ဟိုမိုင်းနယ်မှ ဝလူမျိုးများကလည်း ယင်းတို့သည် ကွန်လုမန်းအနွယ်မှ ပေါက်ခဲ့သည်ဟူ၍ လည်းကောင်း ဆိုကြသည်။ သို့ရာတွင် ကွန်လုမန်းအနွယ်၏ ဇာစ်မြစ်ကို စုံစမ်းသောအခါ ယင်းတို့က ဟိုအရှေ့ဘက်စူးစူးမှာရှိသည်ဟု ပြောသည် ကလွဲ၍ အတိအကျ မပြောနိုင်ချေ။ ဟိုမိုင်းနယ်မှ ဝများ၏ အမူအယူဓလေ့ သည် စုံကရမန်နယ်မှ ဝများနှင့် ဆင်ဆင်တူရာ ယင်းတို့ပြောသည့် ကွန်လု မန်းနှင့် စုံကရမန်သည် အတူတူပင် ဖြစ်စရာအကြောင်းရှိသည်။ ထိုစုံကရ မန်သည်လည်း ဝနယ်၏ အလယ်ဗဟို နယ်တစ်နယ်ဖြစ်သဖြင့် ယင်းမှ ပြန့်ပွားသည်ဟု ယူဆသော် ယူဆနိုင်စရာရှိလေသည်။

ဝလူမျိုးများ စတင်ပေါက်ဖွားရာဟု ယူဆကြသော ကျောက်ဂူကြီး မှ တစ်ခါက အသံမြည်ဟီးလာသဖြင့် အမျိုးအနွယ်သစ်၊ လူမျိုးသစ်ပေါ် ပေါက်မည့် နိမိတ်ဖြစ်သည်ဟု ဆိုကြသည်။ ယင်းလူမျိုးသစ်သည် လက်ရှိ ဝလူမျိုးများအား လွှမ်းမိုး၍ နှင်ထုတ်ဖွယ်ရှိသည်ဆိုကာ လူမျိုးသစ်များ ပေါ် ထွက်လာခြင်း မရှိစေရန် ဝလူမျိုးများက ထိုကျောက်ဂူအတွင်းသို့ လေးမြား များ ပစ်သွင်းခဲ့ကြသည်ဟု အဆိုရှိသည်။

ဝလူမျိုးများ ဝတ်စားဆင်ယင်ပုံမှာ မြို့ကြီးများ၌ ယောကျာ်းများ က ဖျင်နက် သို့မဟုတ် ဖျင်ပြာဗောင်းဗီနှင့် အင်္ကျီကို ဝတ်ပြီးလျှင် ခေါင်း တွင် အဖြူ အနီ၊ အဖြူ အနက်၊ အနီ အဝါ၊ အနက် အစင်းကျားများကို ပေါင်းကြသည်။ မိန်းမများက အပြာရောင် သို့မဟုတ် အနက် သို့မဟုတ် အပြာ၊ အဝါ၊ အနက်၊ အနီ ရောင်စုံရောယှက်ထားသော သုံးတောင်ကွင်းရှိ ဖျင်ထမီကို ဒူးဆစ်နားထိ ခပ်တိုတိုဝတ်၍ အနက်ရောင်ဖျင် လက်ကျပ် ကိုယ်ကျပ်အင်္ကျီ၊ ကိုယ်ထည်ခပ်ရှည်ရှည် ရင်စိအင်္ကျီဝတ်လျက် ခေါင်းတွင် ဗော့ဟဲယားခေါ် ဆံတိုဆံထောက်ပုံသဏ္ဌာန် ဆံပင်ခပ်တိုတိုထား၍ မျက်နှာ သုတ်ပုဝါ အလတ်စားအရွယ်ရှိ အနီ အပြာ အဝါ စသည်တို့ဖြင့် ပြောက် ကျားသော ဖျင်စများကို ကြက်ခြေခတ်ပေါင်းကာ လည်ပင်းတွင် ပွဲသီးခေါ် အသီးတစ်မျိုးကို ပုတီးလုပ် ဆွဲထားကြသည်။ အတွင်းပိုင်းကျသော ဒေသ များတွင် ယောကျာ်းများက ဂျပ်ရက်အစကို ရှေ့က ဖုံးအုပ်ထားပြီးလျှင် ကိုယ်တုံးလုံးနှင့်နေ၍ မိန်းမများက အနံတစ်တောင့်ထွာခန့်ရှိ အနီ အနက် အပြာရောင် ဖျင်စကိုအောက်ပိုင်း၌ ပတ်ထားပြီးလျှင် အထက်ပိုင်းတွင် ပွဲသီးခေါ် ပုတီးကိုဆွဲထားရုံ ပလာကျင်းထားလေသည်။ ဝလူမျိုးများသည် များသောအားဖြင့် ရေချိုးလေ့မရှိကြ၊ အဝတ် ဖွတ်လျှော်လေ့ မရှိကြဟုဆိုသည်။ ရေမချိုးကြသဖြင့် ယင်းတို့၏ အသား အရေများသည် ကြမ်းတမ်းကာ အသားအရေပေါ်ရှိ ချွေးပေါက်ကလေးများ၊ ပိတ်ဆို့ခြင်းကြောင့် ကျန်းမာရေးချို့တဲ့ကြသည်။ နာမကျန်းဖြစ်သည့်အခါ ဆေးသောက်လေ့မရှိ။ နတ်ဆရာများကိုပင့်၍ မေးကြမြန်းကြသည်။ ဆရာ လုပ်သူက တွက်ချက်ပြီးလျှင် ဝက် သို့မဟုတ် ကြက် စသည်တို့ဖြင့် နတ် ပူဇော်ခိုင်းတတ်သည်။ ထိုအခါမျိုးတွင် ရှိစုမဲ့စုငွေဖြင့် ဝယ်ခြမ်းပူဇော်ရ သည်။ တစ်ကြိမ်နှင့် ရောဂါမပျောက်ပါက ဆရာခိုင်းသလောက် ပူဇော်ကြရ သည်။ အချို့ လွယ်မူးတောင်နှင့် နီးသူများက လွယ်မူးတောင်မှ ဆေးမြစ် များသည် ၉၆ ပါးရောဂါ ပျောက်ကင်းစေနိုင်သည်ဟုဆိုကာ ယင်းဆေးမြစ် များကို ကြို၍သောက်ကြသည်။ လွယ်မူးတောင်သည် ဝနယ်၏ပုပ္ပားတောင် ဟု ဆိုရပေမည်။ ဝလူမျိုးများသည်အပူရှိန်ကို ကြောက်ကြသည်။ အပူရှိန် ကြီးသော နေရာသို့တတ်နိုင်က မသွားကြချေ။ မတတ်သာ၍ သွားရလျှင် ညဉ့်အိပ်ညဉ့်နေမနေကြဘဲ ကိစ္စပြီးသည်နှင့် ချက်ချင်းဒုက္ခခံ၍ပြန်ကြသည်။ ဝလူမျိုးတို့သည် တောင်ဆင်းတောင်တက် လျင်မြန်ပြီးလျှင် ပစ် ခတ်သတ်ဖြတ်ရန် လက်မနှေးကြချေ။

ဝနယ်တွင် ယခုတိုင် ခေါင်းဖြတ်၍ ယဇ်နတ်ပူဇော်သည့် အလေ့ အထ အနည်းအကျဉ်းရှိသေးသည်။ ပတ်ကတေ့နယ်မှ ဝလူမျိုးများ စတင် ပေါက်ဖွားရာဟု ယုံကြည်ကြသော ကျောက်ဂူတွင်းမှ တာလီနှင့် ယာနမ် တို့သည် လွယ်လိန်းဘက်သို့ ထွက်လာစဉ် လမ်းခုလတ်၌ အပန်းဖြေခိုက် သားကြီးဖြစ်သူ (အချို့ကလည်း တူဟုဆိုကြသည်။) ကဓားသွေးရင်း ဓား စမ်းသည့်သဘောနှင့် ယာနမ်၏ဦးခေါင်းမှ ဆံပင်ကို ဖြတ်ကြည့်စဉ် ဓား သည် ဆံပင်ကိုသာမဖြတ်ဘဲ ဦးခေါင်းကိုပါ ပိုင်းဖြတ်လိုက်သဖြင့် နတ် များက လူ၏ဦးခေါင်းကို လိုလားသောကြောင့် ဤကဲ့သို့ဖြစ်ရသည်ဆိုကာ ခေါင်းဖြတ်ယဇ်နတ်ပူဇော်သည့် ဓလေ့ပေါ်လာသည်ဟုဆိုကြသည်။ ခေါင်း ဖြတ်ယဇ်နတ်ပူဇော်လျှင် ရပ်ရွာနယ်ပယ်တွင် လူအသေအပျောက် နည်းရုံ သာမက ကောက်ပဲသီးနှံ ကောင်းမွန်ခြင်း၊ စီးပွားရေး ဖွံ့ဖြိုးခြင်းရှိသည်ဟု အယူရှိကြသည်။ အကယ်၍ ဝရွာတစ်ရွာတွင် နတ်က လူဦးခေါင်း လိုလား ကြောင်းဖြင့် အတိတ်နိမိတ်ပေးသောအခါ ထိုရွာရှိ နတ်ဆရာတို့က သက် ငယ်နှင့် ကြက်ကိုယူကာ ဆိုင်ရာနတ်ကိုပသ၍ မိမိတို့ တတ်ထားသော ပညာဖြင့် ဗေဒင်သဘော ကြည့်ရှုအဟောထုတ်ကြသည်။ နတ်က မည်သည့် အရပ်မှ လူဦးခေါင်းကို အလိုရှိသည်ဆိုလျှင် ထိုအရပ်မှ လူဦးခေါင်းကို ဖြတ်ရသည်။ သို့ရာတွင် ထိုအရပ်သည် မိမိတို့၏ မဟာမိတ်ရပ်ရွာနယ်ပယ် ဖြစ်လျှင် မသွားကြချေ။ ခေါင်းဖြတ်ထွက်ရာတွင် မိမိတို့ဘက်မှ ဆုံးရှုံးဖွယ် ရှိသည်ဟု အဟောထွက်လျှင်လည်း ခေါင်းဖြတ်မထွက်ကြချေ။ ထိုအခါမျိုး၌ အချို့နယ်များတွင် အသင့်ရောင်းရန်ထားသော ခေါင်းများကို ၂ဝဝိ မှ ၃ဝဝိ အထိ အဖိုးပေးဝယ်ယူ ပူဇော်ကြသည်။ ယင်းသိုု့မှမရလျှင် မြေမြှုပ်သဂြိုဟ် ထားသော လူသေအလောင်းများမှ ခေါင်းဖြတ်ယူကြရသည်။ ထို့ကြောင့် လူ သေအလောင်းကို သုသာန်သီးသန့်ထား၍ မမြှုပ်နှံကြဘဲ ရွာပြင်ခြံစည်းရိုးနှင့် ကပ်၍သော်လည်းကောင်း၊ အိမ်အောက်၌သော်လည်းကောင်း လူသူမသိ အောင် မြှုပ်နှံကြခြင်းဖြစ်သည်။ ဆန်ထုံနယ်တွင် လူခေါင်းရောင်းလေ့ရှိ၍ လွယ်မူး၏အရှေ့နှင့် အရှေ့တောင်ဘက်ဒေသများတွင် ခေါင်းဖြတ်သည့် အလေ့ ယနေ့တိုင်ရှိသေးသည်။ လွယ်လိန်းနယ်နှင့် ဆတော်နယ်တို့တွင်ကား လူခေါင်းဖြင့် နတ်မပူဇော်ဘဲ သင်းချောနက်ခွေးဖြင့် ပူဇော်ကြသည်။ ယဇ် ပူဇော်ပြီးသော အချို့ခေါင်းများကို ၁ဝ နှစ် တိုင်အောင်ပင် အသစ်မလဲဘဲ အကျိုးအာနိသင် ရှိသည်ဆိုကာ ထားတတ်ကြသည်။ ဆန်ထုံနယ်အပိုင် ဟောင်တက်ရွာတွင် ခေါင်းဖြင့်ပူဇော်ပသထားသော တိုင်ပေါင်း ၂ဝဝ ကျော် ရှိ၍ စုံကရမန်တွင် ၁၅ဝ ကျော်ရှိသည်။ သို့ရာတွင် ယခုအခါ တစ်ရွာနှင့် တစ်ရွာ အမြဲသတိထား နေတတ်ကြသဖြင့် လူခေါင်းဖြတ်ရန် မလွယ်ကူ သောကြောင့် လူခေါင်းအစား ကျွဲ၊ ခွေး စသည်တို့နှင့် ယဇ်ပူဇော်လာကြ လေပြီ။

ဝလူမျိုးများသည် မျိုးချစ်များဖြစ်ကြသည်။ မိမိတို့၏ အဆက် အနွယ်ကိုလည်းကောင်း၊ မိမိတို့၏ ကျေးရွာကိုလည်းကောင်း အခြားလူများ က နိုင်ထက်စီးနင်းပြုခြင်းကို မခံကြချေ။ ကွန်းလွယ်နှင့် လွယ်လလူမျိုး တို့လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ ရန်သူကို ကလဲ့စားချေနိုင်ရန် အမျိုးမျိုးကြံစည် ဝီရိယထုတ်တတ်ကြသည်။ ထို့ကြောင့် ယနေ့တိုင် တစ် နယ်နှင့်တစ်နယ် အခဲမကြေဘဲ ရန်စောင်လျက်ရှိကြသည်။ ရန်သူကို စွဲစွဲ မြဲမြဲ ရန်ငြိုးဖွဲ့တတ်သလောက် မဟာမိတ်ပြုထားသူများအပေါ်၌လည်း ကတိသစ္စာတည်ကြသော သူများဖြစ်ကြသည်။ တစ်နယ်နှင့်တစ်နယ် သစ္စာ ပြုသည့်အခါ နယ်ကိုယ်စားလှယ်များသည် အများသဘောတူသည့် နေရာ တွင်စုဝေးကာ ကျွဲကိုသတ်၍ ဝေယူကြရသည်။ ထို့နောက် ငွေဒဂ‡ါး အဟောင်း သို့မဟုတ် ကျည်ဆန်ယမ်းတောင့်များကို အရက်တွင်ထည့်၍ ထိုကတိသစ္စာအရက်ကို ညီတူညီမျှ သောက်ကြသည်။ သစ္စာအရက်ကို သောက်ပြီးသောအခါ ငွေဒဂ‡ါး၊ ကျည်ဆန်ယမ်းတောင့် စသည်တို့ကို ညီတူ ညီမျှ ဝေစုခွဲယူကြသည်။ ကတိပြုပြီးသည့်နှင့်တစ်ပြိုင်နက် တစ်ဦး အကြောင်းပေါ်လျှင် တစ်ဦးက လူအားလက်နက်အားနှင့် ကူကြသည်။ ဝလူမျိုးများသုံးစွဲသော လက်နက်များတွင် အမြောက်များလည်း ပါသည်။ အမြောက်၏ ပြောင်းအရှည်မှာ ၁ဝ ပေ၊ ၁၂ ပေခန့်ရှိ၍ ပြောင်းဝ မှာ တစ်လက်မခွဲမှ နှစ်လက်မရှိကြသည်။ ကိုက်သုံးလေးရာကို လှမ်း၍ပစ် နိုင်သော လက်နက်ဖြစ်သည်။

အချို့ဝရွာများတွင် ခံတပ်များ ပြုလုပ်ထားကြသည်။ အချို့ဝရွာ များတွင် ရွာဝင်တံခါးပေါက်ကြီးကို အမြင့်ပေ ၃ဝ၊ အကျယ်ပေ ၃ဝ ထား၍ ဝင်ပေါက်ကို ဆူးတို့ဖြင့် ခက်ထား ယက်ထားကြသည်။ အချို့ ဝရွာတို့၌ ကား ပျဉ်ရိုင်းနှစ်ချပ်ကို မြေကတုတ်သဖွယ် တစ်ဖက်တစ်ချက်ထားရှိပြီးလျှင် အလယ်တွင် မြေဖို့ထားကြလေသည်။ အချို့ကမူ ဝါးဖြင့် နှစ်ထပ်ခန့်ရက် ကာ အပြင်ဘက်သို့ ဝါးချွန်များ ထိုးထွက်စေပြီးလျှင် ၁၂ ပေ၊ ပေ ၂ဝ ကျယ်၍ ခြောက်ပေနက်သော ကျင်းများကို ခြံစည်းရိုးကြားတွင် တူးထားကြ လေသည်။

ဝလူမျိုးများသည် ရွာသို့ဦးတည်သွားသောလမ်းများတွင် လမ်းကို ကန့်လန်ဖြတ်၍ ကျင်းများတူးထားတတ်ကြသည်။ ထိုကျင်းထဲမှ အမြောက် ပစ်ကျင့်ခြင်း၊ တိုက်နည်းခိုက်နည်း ကျင့်ခြင်းပြုကြသည်။ အချို့ရွာများ၌မူ ထိုကျင်းများထဲသို့အဆိပ်ဖြင့်လူထားသော ဝါးချွန်များကို ထောင်စိုက်ပြီးလျှင် အပေါ်မှ မသိမသာ သစ်ရွက်သစ်ခက်ဖြင့် ဖုံးအုပ်ထားကြသည်။ အပြင်အပ လူကိုရွာတွင်းသို့ဝင်ရန် မဆိုထားဘိ၊ နယ်အတွင်းသို့ပင် ဝင်ခွင့်မပြုကြချေ။ မသက‡ာသူများကို ဝင်ခွင့်သာပြုပြီးလျှင် ထွက်ခွင့်မပြုကြချေ။

ဝလူမျိုးများသည် အိမ်များကို တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို လများတွင် ဆောက်လုပ်လေ့ရှိကြသည်။ ထိုသို့ ဆောက်လုပ်ပြီးသည့်အခါ အိမ်တက်မင်္ဂလာ ပြုလုပ်လေ့ရှိကြသည်။ တတ်နိုင်လျှင် တတ်နိုင်သလောက် တစ်ည၊ နှစ်ည၊ သုံးည စသည်ဖြင့် မိတ်သဂ‡ဟများကို အရက်တိုက်၍ ကျင်းပကြသည်။

ဝလူမျိုးတို့သည် အယူသည်းသူများဖြစ်ကြသည်။ သူတို့အိမ်၌ ဧည့်သည်သွားအပ်သော နေရာ၊ မသွားအပ်သောနေရာဟူ၍ရှိသည်။ ဖက်စိမ်း များကိုလည်း အရမ်းမဲ့ယူသွားခြင်းမပြုရ။ အိမ်ဦးကြမ်းပြင် ထားရှိသော နေရာ၏ လက်ဝဲဘက်အိမ်ထောင့်၊ အိမ်အတွင်းလက်ယာဘက်ထောင့်တွင် ပစ္စည်းအရမ်းမထားရချေ။ အိမ်အတွင်းလက်ယာဘက်ထောင့်သည် သူတို့၏ နတ်ကိုးကွယ်ရာဌာနဖြစ်သည်။ အိမ်ရှင်ထိုင်သော နေရာကို မည်သူမျှ ကျော် ဖြတ်မသွားရချေ။ အိမ်ရှင်ထိုင်သည့် နေရာအနီး မီးဖို၌လည်း အိမ်ရှင် ထိုင်သည့်ဘက်တွင် ထမင်းအိုးများ မချရချေ။ အကယ်၍ မပြုထိုက်သည် တို့ကို ပြုမိချေသော် အိမ်ရှင်ကို ခိုက်တတ်သည်ဟု အယူရှိကြသည်။ ထို အခါ အိမ်ဦးနတ်ကို ပူဇော်ကန်တော့ကြရသည်။ ထို့ကြောင့် ဧည့်သည်လုပ် သူက ပူဇော်ကန်တော့ကြရသည်။ ထို့ကြောင့် ဧည့်သည်လုပ်သူက မသွား အပ်၊ မပြုအပ်သည်ကို ပြုမိချေလျှင် အိမ်နတ်ပူဇော်ရန် ဧည့်သည်ထံ စာရင်းလုပ် အရေးဆိုတတ်ကြသည်။[၂]

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

  1. http://blog.taunggyicherryland.com/2007/08/blog-post_07.html
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)