ဇာဂနာ(ရုပ်ရှင်နှင့် သဘင်ပညာရှင်)

ဝီကီပီးဒီးယား မှ
ဇာဂနာ
၂၀၁၂ ဇန်နဝါရီ ၁ ရက်နေ့က တွေ့ရသော ဇာဂနာ
မွေးဖွားသူရ
(1961-01-27) ၂၇ ဇန်နဝါရီ၊ ၁၉၆၁ (အသက် ၆၃)
ရန်ကုန်မြို့မြန်မာနိုင်ငံ
မိခင်ကျောင်းသွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)
အ.ထ.က(၁)ဒဂုံ
အလုပ်အကိုင်စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ ဟာသပညာရှင်
တက်ကြွလှုပ်ရှားနှစ်များ၁၉၈၁-
အိမ်ထောင်ဖက်(များ)လွင်မာဦး
သားသမီးမြတ်ကောင်း၊ ငယ်ဦးမွန်
မိဘ(များ)ဦးအောင်သိန်း (နန်းညွန့်ဆွေ) နှင့် ဒေါ်လှကြည်
အကျဉ်းထောင်မှ လွတ်လာပြီးနောက်တစ်နေ့ ဇာဂနာအား ၎င်း၏အိမ်တွင် တွေ့ရစဉ်၊ အောက်တိုဘာလ ၁၃ ရက်၊ ၂၀၁၁
ဖိုင်:Zaganargraduation.jpg
ဇာဂနာ သွားဆရာဝန်ဘွဲ့ယူနေစဉ်

ဇာဂနာ ခေါ် မောင်သူရ သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ လူရွှင်တော်၊ သရုပ်ဆောင်နှင့် ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ဖြစ်သည်။ သူသည် မြန်မာနိုင်ငံ၏ စစ်အစိုးရအား ပြစ်တင်ဝေဖန်မှုများကြောင့် မကြာခဏ ထောင်ဒဏ်ကျခံရသူလည်းဖြစ်သည်။ သူသည် မြန်မာအခေါ်အဝေါ် ဇာဂနာ (ဇာဂနာဆိုသည်မှာ သေးမွှားသော အရာကို နှုတ်ယူနိုင်သည့် ကရိယာဖြစ်သည်) ဆိုသည့် အမည်ဖြင့် မြန်မာပြည်တွင် နာမည်ကျော်ကြား လူသိများသော လူရွှင်တော်အဖြစ် လည်းကောင်း၊ ဟာသမြောက်စွာ လှောင်ပြောင်ရေးသားမှုများဖြစ် စစ်အစိုးရကို ဝေဖန်သော သူတစ်ဦးအဖြစ်၊ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း လူသိများသည်။

ဇာဂနာသည် The Lillian Hellman and Dashiel Hammett Award ဆိုသည့် ဆုကို Free Expression (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်) ဆိုသည့် အဖွဲ့အစည်းမှ ချီးမြှင့်ခဲ့သည်။ ထိုအဖွဲ့အစည်းသည် အမေရိကန်နိုင်ငံ New York မြို့ အခြေစိုက်သည့် လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

အဖ စာရေးဆရာ ဦးနန်းညွန့်ဆွေနှင့် မိခင် စာရေးဆရာမ ဒေါ်ကြည်ဦး ခေါ် ဒေါ်လှကြည်တို့မှ ၁၉၆၁ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွန်-ဗမာမျိုးရိုးဖြစ်သည်။[၁] မောင်သူရသည် နိုင်ငံရေးဆိုင်ရာ နှင့် ပညာရေးအသိပညာ ကြွယ်ဝသော မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ ငယ်ရွယ်စဉ်ကတည်းက သူသည် မိဘများ မိန့်ခွန်းပြောရာ ဒေသများသို့ လိုက်ကာ လှုံ့ဆော်ပြောဆိုမှုများ ပြုလုပ်ခြင်း၊ မိဘများ၏ ခြေရာကိုတူအောင် လိုက်နိုင်ခဲ့သူဖြစ်ပြီး၊ ထို့ကြောင့် လူအများက သူ့ကို “အသံတုဝိဇ္ဇာ”ဟူ၍လည်း အမည်ပေးခဲ့ကြသည်။

သူရသည် ၁၉၇၇ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ဒဂုန်(၁) အထက်တန်းကျောင်းမှ အောင်မြင်ခဲ့ပြီး၊ ၁၉၈၅ ခုနှစ်တွင် သွားဘက်ဆိုင်ရာ ရန်ကုန်တက္ကသိုလ်မှ သွားဘက်ဆိုင်ရာဆရာဝန်အဖြစ် ဒီဂရီ ရခဲ့သည်။ သွားဘက်ဆိုင်ရာ ကျောင်းတွင် တက်ရောက်နေစဉ်၊ ချင်းပြည်နယ်တွင် လုပ်အားပေး ပညာသင်ကြားရေးအတွက် ဆရာတစ်ယောက်အနေဖြင့် ပါဝင်ခဲ့ပြီး၊ ထိုအတွေ့အကြုံများကို နိုင်ငံတော်စာပေဗိမ္မာန် စာပေတိုက် မှ စာအုပ် ထုတ်ဝေခဲ့သည်။

အနုပညာ လောကသို့[ပြင်ဆင်ရန်]

သူရ၏ ပထမဦးဆုံး အောင်မြင်ချိန်သည် ကောလိပ်တွင် ကျောင်းတက်နေသော အချိန်ဖြစ်သည်။ ထိုစဉ်က သူရသည် ဇာဂနာ အမည်ဖြင့် ရန်ကုန်တက္ကသိုလ်မှ အငြိမ့်သဘင်ပွဲတစ်ခု၌ ဖျော်ဖြေခဲ့သည်။ သူသည် တက္ကသိုလ်ကျောင်းဌာန အသီးသီးမှ ကျောင်းသားများ ပေါင်းစပ်ကာ မြကျွန်းသာ အမည်ရှိသည့် အငြိမ့်အက အဖွဲ့တစ်ခု တည်ထောင်ခဲ့သည်။ ထို့နောက် မိုးနတ်သူဇာ အမည်ဖြင့် ပြဇာတ်အဖွဲ့ တစ်ခုစုစည်းခဲ့ပြီး၊ ကျောင်းသားများ နှစ်ပတ်လည်တွေ့ဆုံပွဲများတွင် ကပြဖျော်ဖြေခဲ့သည်။ မြန်မာ့ရုပ်မြင်သံကြားတွင် သူ၏ အဖွဲ့သားများ အငြိမ့်ကပြမှုအား ထုတ်လွှင့်ခဲ့ပြီးနောက်၊ ပို၍နာမည်ကြီးလာခဲ့သည်။

သွားဘက်ဆိုင်ရာ ပညာရပ်များ လေ့လာပြီးနောက်၊ သူသည် အနုပညာ အငြိမ့်လောကသို့ ခုန်ဝင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် မြပုဏ္ဏမာ အငြိမ့်အဖွဲ့ အမည်ဖြင့် မြန်မာ့ရုပ်မြင်သံကြားတွင် မကြာခဏ ထုတ်လွှင့်ခဲ့သည်။ ဇာဂနာ၏ တွေးတောကြံဆ နိုင်မှုများ နှင့် စစ်အစိုးရ၏ မအောင်မြင်သော လုပ်ရပ်များကို ပြက်လုံးများဖြင့် သန်းနှင့်ချီသော ပြည်သူများရှေ့တွင် တင်ဆက်ပြသ နိုင်ခဲ့သဖြင့် လူအများမှ အံ့ဩခဲ့ကြသည်။ သူ၏ နာမည်အကြီးဆုံးဖြစ်သည့် “သူတောင်းစားညီလာခံ” ပြဇာတ်၏ ပြက်လုံးများသည် စစ်အာဏာရှင်နေဝင်း နှင့် သူ့၏ လက်ပါးစေများကို အရွဲ့တိုက်ထားခြင်းကြောင့် ပြည်သူ့အကြိုက်ဖြစ်ခဲ့သည်။ သူငယ်ချင်းများအနေနှင့် သူ၏ စစ်အာဏာရှင် ဆန့်ကျင်ရေးပြက်လုံးများ လွှင့်ထုတ်နေသော်လည်း စစ်အစိုးရမှ ဒုက္ခပေးခြင်း၊ ထောင်ကျခြင်းများ မရှိခဲ့သဖြင့် အံ့ဩခဲ့ကြသည်။

အငြိမ့်သဘင် နှင့် ဇာဂနာ[ပြင်ဆင်ရန်]

မြန်မာပြည်တွင် အငြိမ့်သဘင်လောကကို ပြန်လည်ခေတ်စားလာအောင် လုပ်ပေးနိုင်ကြသူများတွင် ဇာဂနာသည့် အဓိက ပါဝင်သော အနုပညာသမားတစ်ယောက်ဖြစ်သည်။ အငြိမ့်ဆိုသည်မှာ မင်းသမီး တစ်ယောက် (သို့) နှစ်ယောက်တို့ နှင့် လူရွှင်တော် လေးယောက် (သို့) ငါးယောက်တို့ဖြင့် ကပြဖျော်ဖြေသော အနုပညာလုပ်ငန်းဖြစ်သည်။ လူရွှင်တော်သည် ပုံမှန်အားဖြင့် မင်းသမီး ကဖို့ရန်ပြင်ဆင်နေသောအချိန်တွင် ပြက်လုံးထုတ်ကာ လူအများရယ်အောင် ပြုလုပ်ကြသူများဖြစ်သည်။ ထိုအချိန်က အငြိမ့်သည် မြို့ကြီးပြကြီးများတွင် ပျောက်ကွယ်လု နည်းပါးဖြစ်နေသော အနုပညာရပ်တစ်ခုဖြစ်၍ ဇာဂနာပါဝင်လာပြီးနောက်ပိုင်း ပြန်လည် သစ်ဆန်းလာခဲ့သည်။

ဇာဂနာ သည် အငြိမ့်သဘင် အနုပညာကို ထူးခြားစွာ ပြောင်းလဲခဲ့သည်။ အငြိမ့်ပြက်လုံးများတွင် လက်ရှိဖြစ်ပျက်နေသည့် အရာများကို နိုင်ငံတော်အုပ်ချုပ်နေသူများထံသို့ တိုက်ရိုက် လှောင်ပြောင်ပြောဆိုခဲ့သည့်အတွက်၊ မြန်မာနိုင်ငံသားပေါင်းစုံမှ စိတ်ဝင်စားအားပေးလာခဲ့သလို၊ မြန်မာပြည် အနာဂတ်မျိုးဆက်များသည်လည်း အငြိမ့်သဘင် အနုပညာကို ပြန်လည် စိတ်ဝင်စားလာကြသည်။ အမှန်တော့ ဇာဂနာသည် မြန်မာ့အငြိမ့်သဘင်တွင် အမြဲအသုံးပြုနေသည့် ဟာသပြက်လုံးများ၊ အသံတူ အဓိပ္ပာယ်ကွဲ ဟာသများ တီထွင်ခဲ့သူတော့ မဟုတ်ပေ၊ သို့သော် ထိုပြက်လုံးများကို ပြင်ပေးခဲ့သူ ဖြစ်သည်။ (မြန်မာစာလုံးသည် အသံတူ၊စာကွဲ ဆိုသည့် စကားလုံးများ အမြောက်အမြားရှိသည့်အတွက်ကြောင့်၊ အဓိပ္ပာယ်နှစ်ခုဖြစ်အောင် ပြောဆိုနိုင်ပေသည်။)

အကျဉ်းထောင် ဘဝ[ပြင်ဆင်ရန်]

သို့သော် ၁၉၈၈ ခုနှစ်တွင် အားလုံးပြောင်းလဲခဲ့သည်။ ဇာဂနာသည် ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီး တွင် ပူးပေါင်းပါဝင်ခဲ့မှုကြောင့် အဖမ်းခံခဲ့ရသည်။ ထိုအချိန်မှ စ၍ ၆ နှစ်ကာလအတွင်းရှိ ၅ နှစ်အချိန်အတွင်းတွင် ထောင်မှ ဝင်လိုက်၊ ထွက်လိုက် နှင့်သာ မကြာခဏ နေထိုင်နေခဲ့ရသည်။ ၁၉၉၄ ခုနှစ်တွင် ထောင်မှ လွတ်မြောက်လာပြီးနောက်၊ ဇာဂနာသည် အငြိမ့်လောကတွင် ပါဝင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး၊ ရုပ်ရှင်ထုတ်လုပ်မှု၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးသားခြင်းတို့ကိုသာ စစ်အစိုးရမှ ခွင့်ပြုခဲ့သည်။ သူထုတ်လုပ်ခဲ့သည့် ရုပ်ရှင်ကားများအား စစ်အစိုးရ၏ ရုပ်ရှင်ဆင်ဆာ အဖွဲ့အစည်းမှ အမြဲမျက်ခြေမပြတ် ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်။ သူ၏ ကြောင်နှင့်ကြွက်(?) ဗီဒီယိုသည် စစ်တပ်အစိုးရအား မသိမသာ သရော်ထားမှုများကြောင့် ပရိသတ်အများ သဘောကျခဲ့ကြသည်။

၁၉၉၇ ခုနှစ်တွင် စစ်တပ်အစိုး၏ ချမှတ်ထားသော ရုပ်ရှင်စည်းကမ်းများ ကို မလိုက်နာဟု ဆိုကာ၊ သူ၏ ရုပ်ရှင်ထုတ်လုပ်ခွင့်ကို ပိတ်ပင်ခဲ့သည်။ သူသည် ၂၀၀၀ ခုနှစ်တွင် ရုပ်ရှင်လောကတွင် ပြန်လည်ဝင်ခွင့်ရခဲ့သော်လည်း (ဇာတ်သဘင်လောကအတွက်မူ ပိတ်ပင်ခံထားရဆဲ ဖြစ်သည်)။ ၂၀၀၆ ခုနှစ် မေလမှစ၍ ဘီဘီစီ အသံလွှင့်ဌာနနှင့် အမေးအဖြေကဏ္ဍတွင် ပါဝင်ခဲ့သည်ဆိုကာ ဇာဂနာ ၏ ရုပ်ရှင်ဇာတ်ကားများ ထုတ်ဝေခွင့် အားစစ်တပ်အစိုးရမှပိတ်ပင်ခဲ့ပြန်သည်။ ဇာဂနာ ကို ၂၀၀၆ ခုနှစ်မှစ၍ လူများအကြား သရုပ်ဆောင်မှုများ၊ ပြဇာတ်များ ပြုလုပ်ခွင့်ကို စစ်အစိုးရမှ ပိတ်ပင်ထားသည်။

၂၀၀၈ခုနှစ် ဇွန်လဆန်းပိုင်း၌ နာဂစ် လေဘေးကယ်ဆယ်ရေး လုပ်နေစဉ် စမ်းချောင်း မြို့နယ်ရှိ နေအိမ်တွင် အဖမ်းခံခဲ့ရပြီး နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန်လှုံ့ဆော်မှု၊ ဗီဒီယိုအက် ဥပဒေနှင့် အီလက်ထရွန်နစ် အက်ဥပဒေ ၃ ခု အပါအဝင် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉နှစ် ချမှတ်ခံခဲ့ရသည်။

ဇာဂနာသည် ၂၀၀၈ ခုနှစ် ဇွန်လ ၄ရက်နေ့မှ စ၍ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအတွင်း သေကြေပျက်စီးမှုများ၊ အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့မှုများကို ပြင်ပသတင်းဌာနများနှင့် ပြောဆိုသည်ဆိုကာ ဖမ်းဆီးခံခဲ့ရပြန်သည်။ စစ်တပ်အစိုးရသည် သူ့အား နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် ပုဒ်မ ၅၀၅ (ခ)၊ ဘာသာသာသနာကို စော်ကားမှု ပုဒ်မ ၂၉၅(က)၊ မတရားအသင်း ဆက်သွယ်မှု၊ ဗီဒီယိုအက်ဥပဒေ အပါအဝင် စုစုပေါင်း(၇) မှုဖြင့် စွဲချက်တင်ထားခဲ့ပြီး၊ ထိုစွဲချက်များသည် သူ့အား ထောင်ဒဏ် ၂ နှစ်ကျစေနိုင်သည်။ [၂]

၂၀၀၉-ခု၊ ဖေဖော်ဝါရီလတွင် အာဏာပိုင်များက အီလက်ထရွန်နစ် အမှု တစ်မှုလျှင် ၈ နှစ်စီ ဖြင့် ၂၄ နှစ် လျှော့ပေးခဲ့ရာ ၎င်းမှာ ထောင်ဒဏ် ၃၅နှစ် ကျခံရမည်ဖြစ်သည်။

လွတ်မြောက်[ပြင်ဆင်ရန်]

၂၀၁၁-ခု၊ အောက်တိုဘာလ(၁၂) ရက်တွင် နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၄၉/၂၀၁၁ အရ အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား (၆၃၅၉)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပြုရာ မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည် လွတ်လာခဲ့သည်။ [၃]


ကိုးကား[ပြင်ဆင်ရန်]