ယင်လပ် ရှင်နာဝပ်

ဝီကီပီးဒီးယား မှ
ယင်လပ် ရှင်နာဝပ်
ยิ่งลักษณ์ ชินวัตร
ထိုင်းနိုင်ငံ၏ ၂၈ယောက်မြောက် ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၅ ဩဂုတ် ၂၀၁၁ – ၇ မေ ၂၀၁၄
ဧကရာဇ်ဘူမိဗလအတုလျတေဇ
ယခင်လူအဘီစစ် ဝိဇ္ဇာဇီဝ
ဆက်ခံသူဘွန်ဆိုင်ပန်ဆင် (ယာယီ)
ပရာယွတ်ချန်အိုချာ
ကာကွယ်ရေးဝန်ကြီး
တာဝန်သက်တမ်း
၃၀ ဇွန် ၂၀၁၃ – ၇ မေ ၂၀၁၄
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1967-06-21) ၂၁ ဇွန်၊ ၁၉၆၇ (အသက် ၅၆)
ထိုင်းနိုင်ငံချင်းမိုင်
လူမျိုးထိုင်း
နိုင်ငံရေးပါတီဖြူထိုင်းပါတီ
နေထိုင်ရာဘန်ကောက်
မိခင်ကျောင်းချင်းမိုင်တက္ကသိုလ်
ကင်တပ်ကီ ပြည်နယ် တက္ကသိုလ်
လက်မှတ်

ယင်လပ် ရှင်နာဝပ် (အင်္ဂလိပ်: Yingluck Shinawatra; ထိုင်း: ยิ่งลักษณ์ ชินวัตร) သည် ထိုင်းနိုင်ငံမှ အမျိုးသမီးနိုင်ငံရေး သမားတစ်ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ထိုင်းနိုင်ငံ၏ ၂၈ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာသည်။ ယခင်က စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်သည်။ သူမသည် ထိုင်းနိုင်ငံ၏ ပထမဦးဆုံးသော အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်သည်။ ၂၀၁၄ ခုနှစ် မေလ ၇ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ ဝန်ကြီးချုပ်နေရာမှ ဖယ်ရှားခဲ့သည်။ နိုင်ငံတော်အာဏာကို စစ်တပ်မှ သိမ်းယူခဲ့သည်။ ထို့ကြောင့် ဖြူထိုင်းပါတီမှ ဝန်ကြီးချုပ်ရာထူး ဖယ်ရှားခံရသော တတိယမြောက်ဝန်ကြီးချုပ် ဖြစ်လာသည်။

ချင်းမိုင်မြို့တွင် မွေးဖွားပြီး ချင်းမိုင်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ အမေရိကန်ပြည်ထောင်စု ကင်တပ်ကီပြည်နယ် တက္ကသိုလ်မှ မဟာဘွဲ့ကို ရရှိခဲ့ကာ ရိုးရိုးဘွဲ့နှင့် မဟာဘွဲ့ နှစ်ခုစလုံးအတွက် အထူးပြုသည့် ဘာသာမှာ အများပြည်သူဆိုင်ရာ စီမံခန့်ခွဲ့ရေး ဘာသာရပ် ဖြစ်သည်။ ယင်လပ်သည် အစ်ကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ စီးပွားရေး လုပ်ငန်းတွင် အမှုဆောင် ဝန်ထမ်းတစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆယ်စုနှစ် နှစ်ခု အတွင်းတွင် အိုးအိမ် ကုမ္ပဏီ အက်စ်စီ အဆက် (SC Asset) ၏ ဥက္ကဋ္ဌ အဖြစ်နှင့် ထိုင်းနိုင်ငံ၏ အကြီးဆုံး မိုဘိုင်းဖုန်း ဝန်ဆောင်မှု ကုမ္ပဏီဖြစ်သော အက်ဒ်ဗန့် အင်ဖိုဆားဗစ်စ် ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဖြစ်လာခဲ့သည်။ ထိုအချိန် အတွင်းမှာပင် သူမ၏ အစ်ကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်သည် စစ်အာဏာသိမ်းမှုကြောင့် ရာထူးမှ ဖယ်ရှားခြင်း ခံရသည်။ ထို့ပြင် တရားရုံးမှ အာဏာအလွဲသုံးစားမှုဖြင့် အပြစ်ရှိကြောင်း စီရင်ချက် ချသော အခါတွင် ပြည်ပတွင် တိမ်းရှောင်နေခဲ့သည်။

၂၀၁၁ မေလတွင် သက်ဆင် နှင့် နီးစပ်သော ပါတီတစ်ခုဖြစ်သည့် ပွေ့ထိုင်း ပါတီ (Pheu Thai) က ယင်လပ်အား ၂၀၁၁ ထိုင်းရွေးကောက်ပွဲတွင် ၎င်းတို့ပါတီအား ကိုယ်စားပြု၍ ဝန်ကြီးချုပ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမည့်သူဖြစ်ကြောင်း ကြေညာခဲ့သည်။ ပွေ့ထိုင်းပါတီက လွှတ်တော် ရာထူး နေရာ ၅၀၀ တွင် ၂၆၃ နေရာ အနိုင်ရခဲ့ပြီးနောက် ယင်လပ်သည် ထိုင်းနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာမည့်သူ ဖြစ်သည်။ ရွေးကောက်ပွဲတွင် အနိုင်ရချိန်၌ သူမ၏ နိုင်ငံရေးလှုပ်ရှားမှု သက်တမ်းမှာ သီတင်း ၆ ပတ်မျှသာရှိသေးသည်။

ဘဝအစနှင့်ပညာရေး[ပြင်ဆင်ရန်]

ယင်လပ်မှာ လိုဝပ်ရှင်နာဝပ်ထရာနှင့် ရင်ဒီရမ်မီဝမ်တို့၏ သားသမီး ၉ ယောက်မှ အငယ်ဆုံးဖြစ်သည်။[၁][၂][၃] ဖခင်မှာ စီးပွားရေးသမားဖြစ်ကာ ချင်းမိုင်ဒေသကိုယ်စားပြု အမတ်တစ်ယောက်လည်းဖြစ်သည်။[၄] ချင်းမိုင်၏ ယခင်အုပ်ချုပ်သူမျိုးရိုးမှ ဆင်းသက်လာသူလည်း ဖြစ်သည်။ ချင်းမိုင်တွင်ပင် ကြီးပြင်းခဲ့သည်။

၁၉၉၃ တွင် ရှင်နာဝပ်ထရာကုမ္ပဏီ၏ အရောင်းနှင့် ဈေးကွက်ဌာနတွင် အလုပ်သင်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထို့နောက် ဒါရိုက်တာတစ်ယောက်ဖြစ်လာသည်။ ထို့မှနေ၍ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာပေသည်။

ပုဂ္ဂိုလ်​ရေးဘဝ[ပြင်ဆင်ရန်]

သူ့တွင် အတူ​နေခင်ပွန်း အနုဆွန် အမွန်းချက်နှင့်ရ​သော သားတစ်​ယောက်ရှိသည်။ အနုဆွန်မှာ ချာရွန် ပုတ်ဖန်လုပ်ငန်းစု၏ အုပ်ချုပ်​ရေးအဖွဲ့ဝင်နှင့် အမ်လင့်ခ်​အေးရှား ​ကော်ပို​ရေးရှင်း၏ မန်း​နေဂျင်းဒါရိုက်တာဖြစ်သည်။ [၅]ယင်လပ်၏ညီမဖြစ်သူ ရာဝပါ ဝမ်ဆဝတ်သည် ယခင်ဝန်ကြီးချုပ် ဆွမ်ချိုင် ဝမ်စဝတ်၏ ဇနီးဖြစ်သည်။

နိုင်ငံ​ရေး​လောက[ပြင်ဆင်ရန်]

ဖြူထိုင်းပါတီ တည်​ထောင်ခြင်း[ပြင်ဆင်ရန်]

ထိုစဉ်က အုပ်ချုပ်ဆဲ ပြည်သူ့စွမ်းအားပါတီမှ ထိပ်ပိုင်း​ခေါင်း​ဆောင်များကို ထိုင်းနိုင်ငံဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေတရားရုံးမှ​နေ၍ ၂၀၀၈ခုနှစ် ဒီဇင်ဘာလ ၂ရက်​နေ့တွင် နိုင်ငံ​ရေးလှုပ်ရှားမှု၅နှစ်တားမြစ်လိုက်သည်။[၆]ထို့​ကြောင့် ပြည်သူ့စွမ်းအားပါတီအမတ်များမှာ ဖြူထိုင်းပါတီကို ထူ​ထောင်ခဲ့သည်။ ထိုအခါ ယင်လပ်ကို ပါတီ​​ခေါင်း​ဆောင်အဖြစ် ကမ်းလှမ်းခဲ့သည်။ သို့​သော် သူက ဝန်ကြီးချုပ်ဖြစ်ရန် ဆန္ဒမရှိဘဲ စီးပွား​ရေးကိုသာ တိုးချဲ့လို​ကြောင်း​ပြောကာ ငြင်းဆိုခဲ့သည်။[၇] ယွန်ယု ဝီချီဒစ်မှာ ပါတီ​​ခေါင်း​ဆောင်ဖြစ်လာခဲ့သည်။

၂၀၁၁ခုနှစ်တွင် အ​မေရိကန်တို့၏ သံတမန်​ရေးရာများ ​ပေါက်ကြားလာမှုတွင် ပါဝင်လာမှုအရ ၂၀၀၉ခုနှစ် စက်တင်ဘာလ၉ရက်​နေ့တွင် ယခင်ဒုဝန်ကြီးချုပ်ဖြစ်သကဲ့သို့ သက်ဆင်၏ရင်းနီးသူလည်းဖြစ်သည့် ဆွန်ပွန်မှ အ​မေရိကန်သံအမတ် အီရစ်ဂျွန်ကို ​ပြောကြားသည်မှာ သက်ဆင်အ​နေဖြင့် ညီမဖြစ်သူယင်လပ်ကို ဖြူထိုင်းပါတီအတွင်း ​နေရာကြီးတွင် ရရန် မ​မျှော်မှန်း​ကြောင်းနှင့် နည်းလမ်းရှာ​ဖွေ​နေ​​ကြောင်း ​ပြောကြားခဲ့သည်။ သို့​သော် နိုဝင်ဘာ၂၅ရက်​နေ့စွဲဖြင့် ဆက်တိုက်ထွက်​ပေါ်လာ​သော ​ပေါက်ကြားမှုအရ သံအမတ်ကြီး၏ မှတ်သားထားမှုတွင် သူ့အ​နေဖြင့် ယင်လပ်နှင့်​တွေ့ဆုံစဉ်က ​ယင်လပ်ကပြောကြားသည်မှာ သူ့အ​နေဖြင့် ဖြူထိုင်းပါတီ၏ စစ်ဆင်​ရေး၊နည်းဗျူဟာနှင့် ရည်မှန်းချက်တို့တွင် ယုံကြည်မှုအပြည့်ရှိ​ကြောင်း မှတ်သားထားသည်။

၂၀၁၀ခုနှစ်တွင် ထိုင်းနိုင်ငံ​ရေးဆန္ဒပြပွဲတွင် ရှပ်နီများကို ယင်လပ်၏ ဘဏ်အ​ကောင့်၈၆ခုထဲမှ ​ထောက်ပံ့ခဲ့​ကြောင်း အဘီစစ်အစိုးရမှ စွပ်စွဲခဲ့သည်။ သို့​သော် သူ့ကို ဥပ​ဒေ​ကြောင်းအရ ညှင်းဆဲခြင်းမရှိခဲ့​ပေ။ အထူးစုံစမ်းစစ်​ဆေး​ရေးဌာနမှ ​တွေ့ရှိချက်အရ ၂၈.၄.၂၀၀၉ခုနှစ်မှ ၂၀၁၀ခုနှစ်အတွင်း သူ၏ဘဏ်အ​ကောင့်တစ်ခုထဲသို့ ဘတ် သန်း၁၅၀ အပ်နှံခဲ့ပြီး ၁၆၆သန်းထုတ်ခဲ့သည်။[၈]

ဖြူထိုင်းပါတီ​ခေါင်း​ဆောင်[ပြင်ဆင်ရန်]

ယွန်ယုမှ သူ၏ပါတီ​ခေါင်း​ဆောင်​နေရာမှ နုတ်ထွက်ခြင်းကို ၂၀၁၀​နှောင်းပိုင်းတွင် ​ကြေညာခဲ့သည်။ ထို့​နောက် ပါတီ​ခေါင်း​ဆောင်​နေရာအတွက် ပါတီတွင်း ​ဆွေး​နွေးငြင်းခုံလာကြသည်။​ရှေ့​ပြေး​ရေပန်းစား​နေသူ၂ဦးမှာ ယင်လပ်ရှင်နာဝပ်နှင့် မင်းကွမ် ဝန်ဆူဝမ်ဖြစ်သည်။ မင်းကွမ် ဝန်ဆူဝမ်မှာ ဝန်ကြီးချုပ် အဘီစစ်ဝိဇ္ဇာဇီဝ၏ အာဏာရပါတီဖြစ်​သော ဒီမိုကရက်ပါတီ​ခေါင်း​ဆောင်​သော အစိုးရကို အယုံအကြည်မရှိ​ကြောင်းအဆိုတင်ရာတွင် မ​အောင်မြင်ခဲ့သူဖြစ်သည်။၂၀၁၁ခုနှစ် ​မေလ ၁၆ရက်​နေ့တွင် ဖြူထိုင်းပါတီမှ ယင်လပ်ကို ပါတီစာရင်း အချိုးကျကိုယ်စားပြုမှုစနစ်တွင် မဲ​ပေးခဲ့သည်။ သို့​သော် သူ့အ​နေဖြင့် ပါတီ​ခေါင်း​ဆောင်မလုပ်သကဲ့သို့ ပါတီ​၏အုပ်ချုပ်​ရေးအဖွဲ့တွင်လည်း မပါဝင်ခဲ့​​ပေ။​နောက်ဆုံး ဆုံးဖြတ်ချက်ကို သက်ဆင်မှ ဆုံးဖြတ်ခဲ့သည်။ သက်ဆင်မှ အင်တာဗျူးတစ်ခုတွင် အချို့က ယင်လပ်သည် သူ၏ ဆန်ခါတင်ဟု​ပြော​ကြောင်း၊သို့​သော် မဟုတ်​ကြောင်း၊သို့​သော် ယင်လပ်သည် သူ၏ ကိုယ်ပွားဟု​ပြောနိုင်​ကြောင်း၊​နောက်ထပ်အ​ရေးကြီးသည်မှာ ယင်လပ်မှာ သူ၏ညီမဖြစ်ကာ သူ့အတွက် ဆုံးဖြတ်ချက်ချ​ပေးနိုင်​ကြောင်း၊သူ့ကိုယ်စား လက်ခံသည်၊ငြင်းပယ်သည်ကို ​ပြောဆိုနိုင်​ကြောင်း ​ပြောကြားခဲ့သည်။[၉]

၂၀၁၁ ​ရွေး​ကောက်ပွဲ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ထိုင်းအထွေ ရွေးကောက်ပွဲ၊ ၂၀၁၁

မဲဆွယ်ပွဲ[ပြင်ဆင်ရန်]

ဖြူထိုင်းပါတီမှာ "သက်ဆင်အ​တွေး၊ဖြူထိုင်းအလုပ်" (Thaksin thinks, Pheu Thai acts)ဟူ​သော ​ဆောင်ပုဒ်ဖြင့် မဲဆွယ်ခဲ့သည်။[၁၀]ယင်လပ်၏ အဓိကမဲဆွယ်ပုံရိပ်မှာ ၂၀၀၈-၂၀၁၀ နိုင်ငံ​ရေးအကြပ်အတည်းများအကြား ပြန်လည်သင့်မြတ်​ရေးဖြစ်သည်။

​ရွေး​ကောက်ပွဲရလဒ်နှင့် အစိုးရဖွဲ့ခြင်း[ပြင်ဆင်ရန်]

ပြင်ပစာရင်းများအရ ဖြူထိုင်းပါတီမှ ပါလီမန်​နေရာ၅၀၀တွင် ၃၁၀​နေရာအနိုင်ရခဲ့သည်။[၁၁]သို့​သော် တရားဝင်ထုတ်ပြန်ချက်တွင် ၂၆၅​နေရာအတွက် ၄၇% အနိုင်ရခဲ့သည်။ [၁၂]ပယ်မဲ​ပေါင်း ၃သန်းရှိခဲ့ပြီး ပြင်ပစာရင်းနှင့် တရားဝင်စာရင်းအကြား အကြီးမားဆုံး​သော ကွာဟမှုဖြစ်ခဲ့သည်။[၁၃]ထိုင်းနိုင်ငံသမိုင်းတွင် ပါတီတစ်ခုထဲမှ ​နေရာထက်ဝက်​ကျော် အနိုင်ရခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။ ပထမအကြိမ်မှာ ၂၀၀၅ခုနှစ်တွင် သက်ဆင်က ထိုင်းရတ်ထိုင်းပါတီဖြင့် အနိုင်ရခဲ့သည်။

ကုလသမဂ္ဂအတွင်း​ရေးမှူးချုပ် ဘန်ကီမွန်းမှ ​ရွေး​ကောက်ပွဲရလဒ်များကို ကြိုဆိုခဲ့သည်။​ဒေါ်​အောင်ဆန်းစုကြည်မှလည်း ယင်လပ်ကိုချီးကျူးခဲ့ပြီး ​ရွေး​ကောက်ပွဲကို တရားမျှတ၍လွတ်လပ်သည်ဟု ​ထောပနာပြုခဲ့သည်။ ထို့အပြင် မြန်မာ-ထိုင်း ဆက်ဆံ​ရေးကိုလည်း ပိုမို​ကောင်းမွန်လာရန် ​မျှော်လင့်​ကြောင်း ဆိုခဲ့သည်။"[၁၄][၁၅]

ယင်လပ်သည် ချာသာပတ်တာနာပါတီ(၁၉​နေရာ)၊ ချတ်ပသာနာပူးပဒင်ပါတီ(၇​​နေရာ)၊ ပလန်ချွန်ပါတီ(၇​နေရာ)၊ မဟာချွန်ပါတီ (၁​နေရာ)၊ဒီမိုက​ရေစီသစ်ပါတီ(၁​နေရာ)တို့နှင့်​ပေါင်းကာ သူမအတွက် ​နေရာ​ပေါင်း၃၀၀ဖြင့် လျင်မြန်စွာအစိုးရဖွဲ့ခဲ့သည်။ [၁၆][၁၇] ကာကွယ်​ရေးဝန်ကြီး ဝန်ဆူဝမ်က သူ့အ​နေဖြင့် ရလဒ်များကို လက်ခံ​ကြောင်းနှင့် စစ်တပ်​ခေါင်း​ဆောင်များနှင့် စကား​ပြောပြီး​နောက် ဝင်​ရောက်စွက်ဖက်မည်မဟုတ်​ကြောင်း ​ပြောခဲသည်။[၁၈]

ဝန်ကြီးချုပ် တာဝန် (၂၀၁၁-၂၀၁၄)[ပြင်ဆင်ရန်]

၂၀၁၁ခုနှစ် နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အိုဘားမားအား နှုတ်ဆက်​နေစဉ်
၂၀၁၂ခုနှစ်က ကမ္ဘာ့စီးပွား​ရေးဖိုရမ်တွင် ​တွေ့ရ​စဉ်
၂၀၁၂ခုနှစ်က ​အေးပက်အစည်းအ​ဝေးတွင် ရုရှားသမ္မတ ပူတင်နှင့်​တွေ့ဆုံစဉ်

၂၀၁၁​ရွေး​ကောက်ပွဲအပြီးတွင် ထိုင်း​​အောက်လွှတ်​တော်မှ ဩဂုတ်လ၅ရက်​​နေ့တွင် ဝန်ကြီးချုပ်အသစ်​ရွေးချယ်ခဲ့ကြသည်။[၁၉] လွှတ်​တော်မှ အမတ်၅၀၀တွင် ၂၉၆​ယောက်မှ ယင်လပ်ကို မဲ​ပေးခဲ့ကြသည်။ ကန့်ကွက်မဲ၃မဲ၊ ကြကား​နေမဲ ၁၉၇မဲရှိခဲ့သည်။ ဒီမိုကရက်မှ အမတ်၄ဦးမှ ပျက်ကွက်ခဲ့သည်။[၂၀][၂၁]​ဩဂုတ်လ၈ရက်​နေ့တွင် အောက်လွှတ်​တော် ဥက္ကဋ္ဌမှ ဘုရင်ဘူမိဗလအား ယင်လပ်ကို ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်​ပေးနိုင်ရန် တင်ပြခဲ့သည်။[၂၂] သူ၏ ဝန်ကြီးချုပ်ရာထူးသည် ဩဂုတ်၅ရက်​နေ့တွင် စတင်ခဲ့သည်။[၂၃]

သူ၏ ဝန်ကြီးများ​ကောင်စီကို ဩဂုတ်လ၉ရက်​နေ့တွင် ဖွဲ့စည်းခဲ့သည်။ ဩဂုတ်လ၁၀ရက်​နေ့တွင် ကျမ်းသစ္စာကျိန်ခဲ့ကြသည်။[၂၄]

ယင်လပ်အစိုးရ၏ အဓိကဝန်ကြီးများအဖြစ် ယခင်ပြည်ထဲ​ရေးအမြဲတမ်းအတွင်းဝန် ယွန်ယု ဝီချီဒစ်က ပြည်ထဲ​ရေးဝန်ကြီး၊ လုံခြုံ​ရေးနှင့် အိတ်ချိန်း​ကော်မရှင် အတွင်း​ရေးမှူးချုပ် သီရာချိုင်က ဘဏ္ဍာ​ရေးဝန်ကြီး၊ယခင် ကာကွယ်​ရေးအမြဲတမ်းအတွင်းဝန် ယုသဆက်က ကာကွယ်​ရေးဝန်ကြီးများ အသီးသီးတာဝန်ယူကြသည်။ စစ်တမ်းများအရ အစိုးရကို စီးပွား​ရေးတိုးတက်မှုအတွက် မြင့်မားစွာ အဆင့်သတ်မှတ်ကြသည်။ ထို့အပြင် သူ့ကို အစ်ကိုဖြစ်သူ သက်ဆင်ထက် ပို၍သ​​ဘောကျ​​ကြောင်း ​တွေ့ရသည်။[၂၅]

၂၀၁၁ ​ရေကြီးခြင်း[ပြင်ဆင်ရန်]

၂၀၁၁ မိုးရာသီတွင် နှစ်၅၀အတွင်း ထိုင်းနိုင်ငံ၏ စံချိန်တင် အမြင့်ဆုံး မိုး​ရေချိန်​ရောက်ခဲ့ရသည်။[၂၆]​ယင်လပ်အစိုးရမတက်မီ တစ်ပတ်အလိုက နိုင်ငံမြောက်ပိုင်းတွင် ဇူလိုင်၃၁ရက်မှစ၍ ​ရေများကြီးခဲ့သည်။ [၂၇]​မြောက်ပိုင်းမှ ​ရေကြီးမှုသည် ကျောက်ဖယားမြစ် ​ရေဆင်းမှ​နေ၍ အယုဒ္ဓယပြည်နယ်၊ဘန်​ကောက်​မြောက်ပိုင်းတို့သည် ​​အောက်တိုဘာလအရတွင် ​ရေနစ်မြုပ်ကုန်ကြသည်။ နှစ်​ပေါင်း၅၀အတွင်း ထိုင်းနိုင်ငံ၏ အဆိုးဆုံး ​ရေကြီးမှုဖြစ်ခဲ့သည်။ ယင်လပ်က ​ရေကြီးမှု ဗဟို​စောင့်ကြည့်​ရေးနှင့် ကယ်ဆယ်​ရေးကို ဩဂုတ်လအလယ်ပိုင်းတွင် ဖွင့်လှစ်ခဲ့ပြီး ဩဂုတ် ၁၂ရက်မှစပြီး ​ရေမြုပ်ရာ ​ဒေသများသို့ သွား​ရောက်ခဲ့သည်။[၂၈]ယင်လပ်က ​​ရေနုတ်​မြောင်းတည်​ဆောက်မှုအပါအဝင် ရေကြီးမှုကာကွယ်​ရေး နှစ်ရှည်စီမံကိန်းများကို လုပ်​ဆောင်ရန် ကတိပြုခဲ့သည်။ အတိုက်အခံ အဘီစစ်နှင့် စစ်တပ်​ခေါင်း​ဆောင်များက အ​ရေး​ပေါ်အ​ခြေအ​နေ​ကြေညာရန် ယင်လပ်ကို​ပြောကြားခဲ့သည်။ အ​ရေး​ပေါ်အ​ခြေအ​နေ​ကြေညာခြင်းဖြင့် စစ်တပ်တွင် အုပ်ချုပ်​ရေးအာဏာရလာမည်ဖြစ်သည်။ [၂၉] ​နောက်ဆုံး အ​ရေး​ပေါ်အ​ခြေအ​နေမှာ အဘီစစ်လက်ထက် ၂၀၁၀ခုနှစ်က အစိုးရဆန့်ကျင်​ရေးများကို ဖြိုခွဲရာတွင်ဖြစ်သည်။ ယင်လက်က ဤသည်မှာ ​ရေကြီးမှုကို ထိန်းချုပ်ရန် နည်းလမ်း​ကောင်းမဟုတ်​ကြောင်းဆိုကာ အ​ရေး​ပေါ်အ​ခြေအ​နေ​ကြေညာရန် ငြင်းဆိုခဲ့သည်။ ထိုအစား ၂၀၀၇ခုနှစ် သဘာဝ​ဘေးကာကွယ်​ရေးနှင့် ​လျှော့ချ​ရေးအက်ဥပ​ဒေကို ထပ်မံမွမ်းမံခြင်းဖြင့် ​ရေကြီးမှုကာကွယ်​ရေးအတွင်း သူ၏အစိုးရကို ပို၍ အာဏာရ​စေသည်။[၃၀]

ဂျာမနီ စီးပွား​ရေးဝန်ကြီးနှင့် မြူးနစ်မြို့တွင် ​တွေ့ဆုံစဉ်


၂၀၁၃-၂၀၁၄[ပြင်ဆင်ရန်]

၂၀၁၃ခုနှစ် ဒီဇင်ဘာလ၉ရက်​နေ့တွင် လက်ရှိပါလီမန်ကို ဖျက်သိမ်းခဲ့သည်။[၃၁]

၂၀၁၄ ​မေလ ၇ရက်နေ့တွင် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ တရားရုံးမှ သူ့ကို ဝန်ကြီးချုပ်​နေရာမှ ဖြုတ်ချခဲ့သည်[၃၂]​သီတင်းပတ်အနည်းငယ်အကြာတွင် ၂၀၁၄အာဏာသိမ်းမှုဖြစ်ပွားခဲ့သည်။A few weeks after Yingluck was impeached, the military coup of 2014 occurred.

၂၀၁၄ခုနှစ် တရားရင်ဆိုင်ခြင်း[ပြင်ဆင်ရန်]

၂၀၀၇ဖွဲ့စည်းပုံအ​​ခြေခံဥပ​​ဒေကို အ​ခြေခံကာ တာဝန်ရှိသူများကို အာဏာအလွဲသုံးစားမှု၊​ပေါ့​လျော့မှုဖြင့် စွဲချက်တင် ​ထောင်ချနိုင်သည်။

ဆန်စပါး​ကော်မတီ၏ ဥက္ကဋ္ဌအဖြစ်​ဆောင်ရွက်ခဲ့သည့် သူ့ကို အဂတိတိုက်ဖျက်​ရေး​အေဂျင်စီမှ စပါးအ​ပေါင်ခံမှုနှင့် ပက်သက်၍ စစ်​ဆေးခဲ့သည်။ သူ၏ ဝန်ကြီး​ဟောင်း၂ဦးကိုလည်း စစ်​ဆေးကာ ဆယ်စုနှစ်ကြာ ​ထောင်ချခဲ့သည်။[၃၃]

၂၀၁၄ခုနှစ် ​မေလ၈ရက်​နေ့တွင် အမျိုးသားအဂတိတိုက်ဖျက်​ရေး​ကော်မရှင်မှ ဆန်စပါးကိစ္စတွင် အကျင့်ပျက်ခြစားသည်ဟုဆိုက စွဲချက်တင်ရန် ဆုံးဖြတ်ခဲ့သည်။ [၃၄][၃၅][၃၆]

နိုဝင်ဘာ ၂၈ရက်​နေ့တွင် ထိုင်းဥပ​ဒေပြုလွှတ်​တော်မှ သက်​သေ ၇၂ဦးကို ငြင်းဆိုခဲ့သည်။၂၀၁၅ခုနှစ် ဇန်နဝါရီ ၉ရက်​နေ့တွင် ပထမဆုံးကြားနာမှုကို စတင်ခဲ့သည်။[၃၇]

၂၀၁၆ ဇန်နဝါရီ ၁၅ရက်​နေ့တွင် ယင်လပ်ကို အမှုစစ်ခဲ့သည်။ [၃၈]

၂၀၁၇ ဩဂုတ်၂၅ရက်​​နေ့တွင် အမိန့်ချမည့်ရက်မတိုင်မီတွင် ယင်လပ်မှာ ​ပျောက်ကွယ်သွားသည်။ ထို့​နောက် ဖမ်းဆီးဝရမ်းထုတ်ခံရပြီး သူ၏ပိုင်ဆိုင်​ငွေ ฿၃၀,၀၀၀,၀၀၀ ကို သိမ်းယူခဲ့သည်။.[၃၉]သူ့ကို ​ထောက်ခံသူ ၃၀၀၀က တရားရုံးပြင်ပတွင် စု​ဝေးခဲ့ကြသည်။ သတင်းများအရ ယင်လပ်သည် နိုင်ငံအတွင်းမှ ထွက်​ပြေးတိမ်း​ရှောင်သွားခဲ့ခြင်းဖြစ်သည်။ [၄၀] ပါတီတွင်းမှ ပုဂ္ဂိုလ်ကြီးများအရ ယင်လပ်မှာ တစ်ပတ်မတိုင်ခင်က ဒူဘိုင်းသို့ ထွက်ခွာသွား​ကြောင်း သိခဲ့ရသည်။[၄၁] ​နောက်ဆုံးအမိန့်ချချက်ကို ၂၇ စက်တင်ဘာ ၂၀၁၇ သို့ ​ပြောင်းခဲ့သည်။

၂၇.၉.၂၀၁၇တွင် သူ့အ​နေဖြင့် ဆန်စပါး​ထောက်ပံ့ခြင်းအစီအစဉ်တွင် အပြစ်ရှိ​ကြောင်းနှင့် ​ထောင်ငါးနှစ် ချမှတ်ခဲ့သည်။[၄၂][၄၃]

ယင်လပ်၏ နိုင်ငံကူးလက်မှတ်များကို စစ်အစိုးရမှ ပယ်ဖျက်ခဲ့ပြီး ​ကောလဟာလသတင်းများအရ သူသည် လန်ဒန်တွင် ​ရောက်ရှိ​နေပြီး ဗြိတိသျှနိုင်ငံကူးလက်မှတ်ကို ကိုင်​ဆောင်​နေသည်။[၄၄]သူမ၏ လူမှုကွန်ယက်တွင် ၂၀၁၇ခုနှစ် ဩဂုတ်၂၄ရက်​နေ့တွင် ​နောက်ဆုံး ​ရေးသားခဲ့ပြီး သူ၏​မွေး​နေ့ဖြစ်​သော ၂၀၁၈ခုနှစ် ဇွန်လ၂၁ရက်​နေ့တွင်မှ ပြန်လည်ထွက်​ပေါ်လာခဲ့သည်။

တရားဝင်ခရီးစဉ်များ[ပြင်ဆင်ရန်]

သူ၏ဝန်ကြီးချုပ်သက်တမ်းအတွင်း နိုင်ငံ​ပေါင်း၄၀​ကျော်ကို သွားလာခဲ့ပြီး ထိုင်းနိုင်ငံနှင့် ယင်းနိုင်ငံများအကြား ချစ်ကြည်​ရေးတိုးမြှင့်ခဲ့သည်။ သူ၏ ရည်ရွယ်ချက်များထဲတွင် ကုန်သွယ်​ရေးတိုးမြှင့်ခြင်း၊ပြည်ပပို့ကုန်ရင်းနှီးမြှပ်နှံမှု တိုးမြှင့်ခြင်းနှင့် ​ရေအရင်းအမြစ်စီမံခန့်ခွဲ​ရေးတို့လည်း ပါဝင်သည်။

​မြောက်အ​မေရိက[ပြင်ဆင်ရန်]

စဉ် နိုင်ငံ/နယ်​မြေ မှတ်ချက်
 အမေရိကန် သမ္မတ အိုဘားမားနှင့် လုံခြုံ​ရေး​စေ့စပ်ညှိနှိုင်းရန်

Asia[ပြင်ဆင်ရန်]

စဉ် နိုင်ငံ/နယ်​မြေ မှတ်ချက်
 အိန္ဒိယ သမ္မတနိုင်ငံ​နေ့အခမ်းအနားနင့် အာဆီယံ-အိန္ဒိယ ကား​စီတန်း​မောင်းခြင်းပွဲတက်​ရောက်ရန်
 ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နှင့်​တွေ့ခဲ့
 တောင်ကိုရီးယား သမ္မတ ပင်ကွမ်ဟီး၏ ကျမ်းကျိန်ပွဲတက်​ရောက်ရန်
 တရုတ် အမြန်ရထားလမ်းတည်​ဆောက်ခြင်းများ ​​ဆွေး​​နွေးခြင်း၊ကုန်သွယ်​ရေး၊စီးပွား​ရေးများ လက်မှတ်​ရေးထိုးခြင်း
 ဘင်္ဂလားဒေ့ရှ် ကိုယ်ပိုင်အခန်းကဏ္ဍများနှင့် လုပ်ငန်းရှင်များနှင့် ​ဆွေး​နွေးခြင်း၊
 ဟောင်ကောင် ကုန်သွယ်​ရေးပူး​ပေါင်းစာချုပ် လက်မှတ်ထိုးရန်
 မွန်ဂိုးလီးယား ၇ကြိမ်​မြောက် စီဒီအစည်းအ​​ဝေး တက်ရန်
 သီရိလင်္ကာ ချစ်ကြည်​ရေးခရီးသွား​ရောက်ခြင်း
 တာဂျစ်ကစ္စတန် ​ရေအရင်းအမြစ်စီမံခန့်ခွဲခြင်း ​လေ့လာခြင်း
၁၀  ပါကစ္စတန် ချစ်ကြည်​ရေးခရီးသွား​ရောက်ခြင်း
11  မော်လဒိုက် ချစ်ကြည်​ရေးခရီးသွား​ရောက်ခြင်း
12  ဘာရိန်း ချစ်ကြည်​ရေးခရီးသွား​ရောက်ခြင်း
13  ကာတာ ချစ်ကြည်​ရေးခရီးသွား​ရောက်ခြင်း
14  ကူဝိတ် ချစ်ကြည်​ရေးခရီးသွား​ရောက်ခြင်း

ဥ​ရောပ[ပြင်ဆင်ရန်]

စဉ် နိုင်ငံ/နယ်​မြေ မှတ်ချက်
 ဂျာမနီ
 ပြင်သစ်
 ယူနိုက်တက်ကင်းဒမ်း
 ဆွီဒင်
 ဘယ်လ်ဂျီယမ်
 ပိုလန်
  ဆွစ်ဇာလန်
 အီတလီ
 ဗာတီကန်
၁၀  တူရကီ
၁၁  မွန်တီနီဂရိုး

အာဖရိက[ပြင်ဆင်ရန်]

စဉ် နိုင်ငံ/နယ်​မြေ မှတ်ချက်
 မိုဇမ်ဘစ်
 တန်ဇေးနီးယား
 ယူဂန်းဒါး
 နိုင်ဂျီးရီးယား

အာရှ-ပစိဖိတ်[ပြင်ဆင်ရန်]

စဉ် နိုင်ငံ/နယ်​မြေ မှတ်ချက်
 ဩစတြေးလျ ချစ်ကြည်​ရေးခရီးသွား​ရောက်ခြင်း
 နယူးဇီလန် ချစ်ကြည်​ရေးခရီးသွား​ရောက်ခြင်း
 ပါပူအာ နယူးဂီနီ ချစ်ကြည်​ရေးခရီးသွား​ရောက်ခြင်း

အာဆီယံ[ပြင်ဆင်ရန်]

စဉ် နိုင်ငံ/နယ်​မြေ မှတ်ချက်
 ဘရူနိုင်း ချစ်ကြည်​ရေးခရီးသွား​ရောက်ခြင်း
 ကမ္ဘောဒီးယား
 အင်ဒိုနီးရှား
 လာအို
 မြန်မာ
 ဗီယက်နမ်
 စင်ကာပူ
 ဖိလစ်ပိုင်
 မလေးရှား

ဆုများ[ပြင်ဆင်ရန်]

​​တော်ဝင်ဆုတံဆိပ်များ[ပြင်ဆင်ရန်]

ထိုင်း လုပ်အား​ပေးတပ်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. The Statesman's Yearbook 2015: The Politics, Cultures and Economies of the World။ Springer။ 27 December 2016။ p. 1202။ ISBN 978-1-349-67278-3
  2. Bangkok Post, Pheu Thai picks Yingluck for PM, 16 June 2011
  3. Seth Mydans: Candidate in Thailand Follows Path of Kin. New York Times, 12 June 2011
  4. The Economist, Too hot for the generals, 15 June 2011
  5. Varinthorn.com, อภิสิทธิ์ กับ ยิ่งลักษณ์ นายกแบบไหนที่ประชาชนต้องการ Archived 8 August 2011 at the Wayback Machine., 6 June 2011
  6. "Thai premier banned from politics, ruling party dissolved: court"၊ 1 December 2008။ 
  7. Template error: argument title is required. 
  8. Template error: argument title is required. 
  9. "Yingluck takes centre stage"Bangkok Post၊ 17 May 2011
  10. Thailand army 'will accept' Thaksin sister election win၊ BBC News၊ 4 July 2011
  11. "Yingluck Shinawatra opposition leads Thai exit polls"၊ BBC News၊ 3 July 2011။ 5 July 2011 တွင် ပြန်စစ်ပြီး 
  12. "Official balloting outcome"၊ 5 July 2011။ 9 February 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 8 June 2017။ 
  13. NNA News, [၁] Archived 9 August 2011 at the Wayback Machine., 3 กค. 2554 20:09 น.
  14. Reuters, Myanmar's Suu Kyi keeps low profile on upcountry trip Archived 24 September 2015 at the Wayback Machine., 5 July 2011
  15. Intathep၊ Lamphai။ "Suu Kyi welcomes outcome"၊ 6 July 2011။ 
  16. Jagran Post, Yingluck to lead Thailand coalition; military accepts poll verdict, 5 July 2011
  17. "NDP joins coalition"Bangkok Post၊ 7 July 20119 August 2011 တွင် ပြန်စစ်ပြီး
  18. "Gen Prawit: Army accepts election"၊ 4 July 2011။ 
  19. Assembly convoked to select PM this 5 August (in Thai)။ Thairath (3 August 2011)။
  20. "Yingluck elected prime minister"Bangkok Post၊ 5 August 2011
  21. 296 favoured Yingluck's premiership, 197 abstained.။ Nation Channel (5 August 2011)။ 8 September 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  22. Ussavasodhi၊ Santibhap။ "Yingluck royally endorsed 28th PM of Thailand"၊ 8 August 2011။ 255408080021။ "Pheu Thai party-listed MP Yingluck Shinawatra has been royally endorsed the 28th prime minister of Thailand." 
  23. See Proclamation on Appointment of Prime Minister (Yingluck Shinawatra) dated 5 August 2011.
  24. "New cabinet set up."Thairath၊ 9 August 2011
  25. "Polls show Yingluck is most popular Thai Minister – Part 2"Bangkok Pundit၊ Asian correspondent၊ 17 August 2011၊ 10 September 2011 တွင် မူရင်း အား မော်ကွန်းတင်ပြီး10 February 2019 တွင် ပြန်စစ်ပြီး
  26. World Business Times၊ CNN၊ 21 October 2011 |title= လွဲမှား သို့ မပါရှိ (အကူအညီ)
  27. "North, Northeast inundated by effects of Nock-ten"၊ Bangkok Post၊ 1 August 2011
  28. "Yingluck to visit flooded provinces"၊ Bangkok Post၊ 12 August 2011
  29. "Military wants PM to declare state of emergency in capital"၊ The Nation၊ 15 October 2011
  30. "Disaster warning issued for Bangkok"The Nation၊ 21 October 2011၊ 4 March 2016 တွင် မူရင်း အား မော်ကွန်းတင်ပြီး10 February 2019 တွင် ပြန်စစ်ပြီး
  31. Calamur၊ Krishnadev။ Thai Prime Minister Dissolves Parliament, Calls New Elections။ NPR။
  32. "Court rules on PM's fate"၊ 7 May 2014။ 
  33. Yingluck to be probed, ex-ministers charged on rice scheme။ Post Publishing။
  34. "Ousted Yingluck to face impeachment over rice-pledging scheme"၊ 8 May 2014။ 10 February 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 31 July 2018။ 
  35. "Yingluck indicted on rice-pledging scheme"၊ 8 May 2014။ 
  36. "Business lobbies, academics blast rice subsidies, govt's 'insincere' anti-graft sentiments"၊ 13 February 2014။ 10 February 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 12 May 2014။ 
  37. "Former Thailand's PM Yingluck Impeachment Case to Kick Off in Early 2015"၊ Women of China၊ 30 November 2014။ 30 November 2014 တွင် ပြန်စစ်ပြီး။ Archived from the original on 10 June 2017။ 
  38. "Ousted Thai PM Yingluck in court for corruption trial"၊ 15 January 2016။ 
  39. Arrest warrant issued for former Thai PM Yingluck Shinawatra (25 August 2017)။
  40. Yingluck trial: Ex-PM 'flees Thailand' ahead of verdict (25 August 2017)။ 25 August 2017 တွင် ပြန်စစ်ပြီး။
  41. Yingluck Shinawatra: former Thai PM fled to Dubai say senior party members။ The Guardian။
  42. Former Thai PM Yingluck sentenced to five years over rice scheme (27 September 2017)။
  43. Yingluck trial: Thai ex-PM sentenced to five years in jail (27 September 2017)။
  44. https://www.bangkokpost.com/news/politics/1372495/pm-mum-on-yingluck-uk-passport-talk
  45. Yingluck Shinawatra has received the rank of "Volunteer Defense Corps General".။ 25 November 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 February 2019 တွင် ပြန်စစ်ပြီး။