ချင်းမိုင်မြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဇင်းမယ်[ပြင်​ဆင်​ရန်​]

ယနေ့ ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်းက ချင်းမိုင်မြို့ကို ရှေးက မြန်မာတို့ခေါ်သည့် အမည်ဖြစ်သည်။ ရှေးမြန်မာတို့အရေးထားဆက်သွယ်ခဲ့သောမြို့ မြန်မာအမျိုးသမီး များ တန်ဖိုးထား၍ ဝတ်ဆင်လေ့ရှိသော ဇင်းမယ်လုံချည်ထုတ် လုပ်ရာဌာနမှာ ရှေးကမြန်မာ့နိုင်ငံခြားရေးရာတွင် အလေးတစ်မူ အရေးယူခဲ့ရသော ဒေသလည်းဖြစ်ခဲ့သည်။


ဇင်းမယ်သည် ထိုင်း (ယိုးဒယား)နိုင်ငံမြောက်ပိုင်းရှိ မြို့ ကြီးတစ်မြို့ဖြစ်၍၊ မြန်မာနိုင်ငံ ပြည်မြို့ အရှေးစူးစူး လောင်ဂျီ တွဒ် ၉၉°မျဉ်းတပြေးတည်း၌ တည်ရှိသည်။ မြန်မာနိုင်ငံနယ် စပ်အရှေ့ဘက် မိုင် ၈ဝ အကွာတွင်တည်ရှိ၍၊ ထိုင်းအခေါ်ဖြင့် ချီအန်းမိုင်းဟု တွင်လေသည်။ ဇင်းမယ်သည် ယခုအခါ ထိုင်း (ယိုးဒယား)နိုင်ငံ၏ မြို့ကြီးတစ်မြို့ဖြစ်နေသော်လည်း၊ ရှေးအခါ ကမူ ကိုယ့်မင်းကိုယ့်ချင်းနှင့် လွတ်လပ်သော ပြည်နယ်ကလေး တစ်ခုဖြစ်၍၊ လာအိုလူမျိုးတို့၏ ဒေသဖြစ်၏။ ဇင်းမယ်ကို ခရစ် ၁၂၉၆ ခုနှစ်တွင် ဘုရင်မိုင်းရဲ က စတင်တည်ထောင်ခဲ့ သည်။ မြန်မာဘုရင်များ လက်ထက်က ဇင်းမယ်ကို တိုက်ခိုက် သိမ်းသွင်း၍၊ လက်အောက်ခံပြည်နယ်အဖြစ် ထားခဲ့ဘူးသည်။ ဇင်းမယ် ပုန်ကန်သဖြင့် သွားရောက်နှိမ်နင်းခဲ့ရသည်လည်းရှိ သည်။ ထို့အပြင် ဇင်းမယ်သည် ယိုးဒယားမင်းလက်အောက်သို့ ကျရောက်ခဲ့သည့်အခါလည်း ရှိခဲ့လေသည်။

ဇင်းမယ်မြို့ဟောင်းသည် စတုရန်းမိုင် ၄ မိုင်မျှကျယ်ဝန်း ၏။ ပျက်စီးယိုယွင်းနေသော မြို့ရိုးကြီးများရံလျက် ယနေ့တိုင် တွေ့နိုင်သေးသည်။ သို့သော် ယခုအခါ ဇင်းမယ်မြို့သည် မြို့ရိုး အပြင်ဖက်သို့ရောက်အောင် တိုးတက်စည်ကားလာခဲ့ရာ၊ စီးပွား ရေးရပ်ကွက်ပင် မြို့ရိုးအပြင်ဖက်တွင် ရောက်ရှိနေပေတော့ သည်။ ဇင်းမယ်မြို့သည် ကျွန်းသစ်ကုန်ကူးရာဌာနအဖြစ်ဖြင့် လည်းအရေးပါသည်။ ဇင်းမယ်မြို့မှ လမ်းကြီးလမ်းငယ်အသွယ် သွယ်တို့ ဖြာထွက်လျက်ရှိသဖြင့် ရှေးအခါကစ၍ တရုတ်၊ မြန်မာ၊ ယိုးဒယား၊ ရှမ်းကုန်သည်တို့ဆုံရာ ဗဟိုဌာနဖြစ်ခဲ့ သည်။ ဇင်းမယ်မြို့သည် မဲနမ်မြစ်၏ မြစ်လက်တက်လေးခု အနက် တစ်ခုဖြစ်သော မဲပင်မြစ်ပေါ်တွင် တည်ရှိသည်။

ဗန်ကောက်မြို့တော်မှလာသော ၄၆၇ မိုင်ရှည်သည့် မီးရထား လမ်းဆုံးမြို့ဖြစ်၍၊ ရှမ်းပြည်နယ်ကို ယိုးဒယားနိုင်ငံမြောက်ပိုင်း နှင့်ဆက်သွယ်သော ကုန်းလမ်းများဆုံရာဌာနလည်းဖြစ်သည်။ ဇင်းမယ်မြို့သည် ထိုင်းနိုင်ငံ၏ အနောက်မြောက်ပိုင်းဖြစ်သော ဇင်းမယ်ပြည်နယ်သည် စတုရန်းမိုင်ပေါင်း ၈၈၃၉ မိုင်ရှိ၍၊ လူဦးရေ ၅၅ဝ,ဝဝဝ ယောက်ခန့်ရှိသည်။

သစ်တောထူထပ်သော တောင်ကြီးများဖြင့် ဝန်းရံလျက်ရှိ သည့် ဇင်းမယ်မြို့တည်ရာ ချိုင့်ဝှမ်းဒေသမှာ မြေဩဇာအတန် ကောင်း၏။ ဆန်စပါးသည် အဓိကသီးနှံဖြစ်၍၊ အခြားသီးနှံများ မှာ ပဲ၊ ဆေးနှင့် ဝါဂွမ်းဖြစ်သည်။ ဇင်းမယ်တွင် နေထိုင်သူများ မှာ လာအို၊ ယိုးဒယား၊ တရုတ်နှင့် ရှမ်းတို့ဖြစ်သည်။ ယခု အခါ လာအိုနှင့် ယိုးဒယားတို့မှာ ကွဲပြားခြားနားမှု မရှိသလောက် ပင်ဖြစ်၏။ ဥရောပတိုက်သားအချို့တို့သည်လည်း သစ်လုပ်ငန်း၊ သာသနာပြုလုပ်ငန်း၊ သံအဖွဲ့ ဥပဒေဆိုင်ရာလုပ်ငန်း စသည်တို့ အတွက် နေထိုင်လျက်ရှိကြသည်။

ဇင်းမယ်နှင့် မြန်မာနိုင်ငံ ဆက်သွယ်ခဲ့ပုံကား ပုဂံခေတ် အနော်ရထာမင်းစောသည် ဇင်းမယ်တစ်ဝိုက်ကို တိုက်ခိုက်သိမ်း ယူခဲ့ဘူးသည်ဆို၏။ ထိုနောက် ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်လက်ထက် ဒုတိယမြန်မာနိုင်ငံတော်ကို စည်းရုံးရာ၌ ဇင်းမယ်ကိုအောင်မြင်၍ မြန်မာတပ်များအား အစောင့်အနေထား ခဲ့ဘူးသည်။ ဇင်းမယ်မှ ပညာသည်တို့ကို ခေါ်ယူခဲ့၍၊ ဟံသာ ဝတီတွင် အကွက်အရပ်ချပေးနေစေသည်။ ထိုအချိန်မှစ၍ ယွန်း ထည်အလုပ် တတ်ကျွမ်းသူတို့ရောက်လာဟန်ရှိသည်ဟု နိုင်ငံ သမိုင်းဆရာတို့က ယူဆကြသည်။ ဘုရင့်နောင် လက်ထက်၌ ပင် ဇင်းမယ်နှင့်နီးစပ်ရာဒေသများမှာ မငြိမ်မသက်ရှိ၍ အကြိမ် ကြိမ်သွားရောက်နှိမ်နင်းခဲ့ရသည်။ မြန်မာဘုရင်များလက်ထက် တွင် အစဉ်အလာအားဖြင့် ဇင်းမယ်၌ အမြဲတစေ အထောက် တော်များ ထားရှိခဲ့သည်။

သက္ကရာဇ် ၉၂၆ ခုနှစ် (ခရစ် ၁၅၆၄ ခုနှစ်) တွင် ဇင်းမယ် သောင်းကျန်း၍ ချီတက်တိုက်ခိုက်ရပြီးလျှင်၊ မဟာဒေဝီကို မင်းပြုစေခဲ့သည်။ ၉၄ဝ ပြည့်နှစ်တွင် မဟာဒေဝီလွန်သဖြင့် ဘုရင့်နောင်သည် သားတော် နော်ရထာစောအား ဇင်းမယ်ကို ပေးတော်မူသည်။

ညောင်ရမ်းဆက် ပြည်မင်းလက်ထက် သက္ကရာဇ် ၁ဝ၂၄ ခုနှစ်တွင် ဇင်းမယ်ကို ယိုးဒယားတို့က တစ်ဖန် တိုက်ခိုက်သိမ်း ပိုက်သဖြင့်၊ မြန်မာတို့ချီတက်ခဲ့ကြပြန်ရာ၊ ယိုးဒယားတို့က စီးမိ ပြန်သဖြင့် တပ်တော်များ ဆုတ်ခွာခဲ့ရသည်။ ၁ဝ၂၆ ခုနှစ်၌ ယိုးဒယားတို့ ဇင်းမယ်တွင်မနေနိုင်၍ ဆုတ်ခွာသောအခါတွင်မှ ဇင်းမယ်ကို မြန်မာတို့ပြန်ရသည်။

ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၅၉ ခုနှစ် (ခရစ် ၁၇၉၇ ခုနှစ်) တွင် လကွန်းစား ကာဝီလသည် ဇင်းမယ်သို့ဝင်၍ မြို့ပြသစ် တည်ထောင်နေသည်နှင့် တပ်တော်များစေလွှတ်ရပြန် ရာ၊ ယိုးဒယားတို့က ဇင်းမယ် ဖက်မှကူသဖြင့် အရေးမလှချေ။ ဘိုးတော်ဘုရားလက်ထက်တွင် ယိုးဒယားသို့ အကြိမ်ကြိမ် ချီ တက်လုပ်ကြံခဲ့သော်လည်း၊ ဇင်းမယ်အပါအဝင် ယိုးဒယားပြည် သားတို့သည် မြန်မာလွှမ်းမိုးမှုမှ အပြီးတိုင်လွတ်မြောက်လိုသည် တစ်ကြောင်း၊ အနောက်နိုင်ငံသားတို့နှင့် ပေါင်းသင်းမိ၍ လက် နက်ခဲယမ်းများ ကောင်းစွာရရှိကြသည်တစ်ကြောင်း၊ မြန်မာတို့ ၏ စီမံခန့်ခွဲမှု ပေါ့လျော့သည်ကြောင့်တစ်ကြောင်း မြန်မာတို့ စစ်ရေးရှုံးခဲ့သည်ဟု ဆိုသည်။ ယင်းအချိန်မှစ၍ ဇင်းမယ်သည် ယိုးဒယားနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။

ထိုနောက် ခရစ် ၁၈၆၇ ခုနှစ်တွင် အမေရိကန် ပရက်ဇ ဗီတီးရီးယန်း သာသနာပြုအဖွဲ့သည် ဇင်းမယ်သို့ စတင်ရောက် ရှိလာပြီးလျှင်၊ ကောလိပ်၊ ဆေးရုံ၊ ကုဋ္ဌနူနာရုံစသည်တို့ကို တည်ထောင်ခဲ့သည်။ ဗရင်ဂျီဂိုဏ်းကလည်း စာသင်ကျောင်းနှစ် ကျောင်း တည်ထောင်ထားခဲ့လေသည်။ ဗြိတိသျှကုမ္ပဏီကြီး ၂ ခုသည် ဇင်းမယ်တွင် သစ်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည်။ ဇင်းမယ်ရှိ ဘုရားစေတီတို့၏ ပုံသဏ္ဌာန်မှာ မြန်မာဘုရား စေတီတို့၏ပုံသဏ္ဌာန်နှင့်တူကြသည်။ ယွန်းထည်လုပ်ငန်းသည် အထူးကြီးကျယ်သော လုပ်ငန်းတစ်ခုဖြစ်၍၊ မြန်မာတို့ကဲ့သို့ပင် ကွမ်းအစ်၊ သပိတ်၊ သေတ္တာ၊ ဗျပ်စသည်တို့ကို ပြုလုပ်သည်။ ထိုလုပ်ငန်းများအပြင် ပိုးထည်အများအပြားကိုလည်း ဇင်းမယ် တွင် ရက်လုပ်ကြသည်။ ဇင်းမယ်လုံချည်မှာ မြန်မာအမျိုးသမီး လောကတွင် ယခုထက်တိုင် ခေတ်စားလျက်ရှိသည်။ ကြေးဖြင့် လုပ်သော ဟင်္သာရုပ်၊ ခြင်္သေ့ရုပ်၊ ဆင်ရုပ်စသည့် အလေးတို့ကို လည်း ပြုလုပ်ရောင်းချကြလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)