ကမ္ဘာ့ဘဏ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
World Bank

ကမ္ဘာ့ဘဏ်တံဆိပ်
ကမ္ဘာ့ဘဏ်တံဆိပ်

ဆောင်ပုဒ် Working for a World Free of Poverty
အမျိုးအစား နိုင်ငံတကာအဖွဲ့အစည်း
အခြေအနေ Treaty
ရည်မှန်းချက် Crediting
တည်နေရာ ဝါရှင်တန်ဒီစီအမေရိကန်ပြည်ထောင်စု.
အဖွဲ့ဝင် ၁၈၈ နိုင်ငံ[၁] (IBRD) ၁၇၂ နိုင်ငံ (IDA)
ဥက္ကဌ ဂျင်ယုံကင်မ်
အဓိကအဖွဲ့အစည်း ဒါရိုက်တာဘုတ်အဖွဲ့[၂]
上级 World Bank Group
ဝက်ဘ်ဆိုက် worldbank.org

ကမ္ဘာ့ဘဏ် သည် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ အခြေခံအဆောက်အဦးများ အတွက် ပိုက်ဆံချေးခြင်း နှင့် အခြားအကူအညီများ ပေးခြင်း ပြုလုပ်သော နိုင်ငံတကာဘဏ် ဖြစ်သည်။[၃] ရည်ရွယ်ချက်မှာ ဆင်းရဲမွဲတေမှုကို လျှော့ချရန် ဖြစ်သည်။

ကမ္ဘာ့ဘဏ် သည် ကမ္ဘာ့လုံးဆိုင်ရာ ဘဏ်များအုပ်စု နှင့် ကွဲပြားသည်။

ဟု ခေါ်သော အဖွဲ့အစည်း နှစ်ခု သာ ပါဝင်သည်။

  • ကမ္ဘာ့လုံးဆိုင်ရာ ဘဏ်များအုပ်စု တွင်မူ ထို အဖွဲ့အစည်း နှစ်ရပ်အပြင် အောက်ပါ သုံးရပ် ပါဝင်သည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

John Maynard Keynes (right) represented the United Kingdom at the conference, and Harry Dexter White (left) represented the United States.

ကမ္ဘာ့ဘဏ် သည် ၁၉၄၄ တွင် ကျင်းပခဲ့သော ဘရဒ်တန်ဝုဒ် ကွန်ဖရင့် မှ မွေးဖွားလာသော အဖွဲ့အစည်း ငါးရပ် အနက် တစ်ခုဖြစ်သည်။အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ထိုကွန်ဖရင့်ကို နိုင်ငံများစွာမှ တက်ရောက်ခဲ့ကြပြီး ညှိနှိုင်းမှုများစွာ ပြုလုပ် နိုင်သော အင်အားကြီးနိုင်ငံများမှာ အမေရိကန်နိုင်ငံ နှင့် ဗြိတိသျှနိုင်ငံ တို့ဖြစ်သည်။

ကမ္ဘာ့ဘဏ် နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ သည် ဝါရှင်တန်တွင် အခြေစိုက်သည်။ ကမ္ဘာ့ဘဏ် ကို အမေရိကန် က ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ ကို ဥရောပသားများ ဦးဆောင်လေ့ရှိသည်။

၁၉၄၅ − ၁၉၆၈[ပြင်​ဆင်​ရန်​]

ဖွဲ့စည်းစမှ ၁၉၆၇ အထိ ကမ္ဘာ့ဘဏ်သည် ယခုကဲ့သို့ ငွေမချေးပေ။ ငွေချေးခြင်း ကို သတိကြီးစွာ ဆောင်ရွက်လေ့ရှိသည်။ ဘဏ်က ပြန်လည်ထူထောင်ရေး နှင့် ဖွံ့ဖြိုးရေး အတွက် ငွေများထုတ်ချေးလိုသော်လည်း ပမာဏ များများ ထုတ်ချေးမိပါက ဘဏ်အပေါ် ယုံကြည်စိတ်ချမှု ကင်းမဲ့သွားမည် ကို စိုးသောကြောင့် ဖြစ်သည်။ [၅]

ဘဏ်ဥက္ကဋ္ဌ ဂျွန်မက္ကလွိုင်း က ပထမဆုံး အနေဖြင့် ပြင်သစ်ပြည်ကို ငွေချေးရန် ဆုံးဖြတ်ခဲ့သည်။ ပိုလန် နှင့် ချီလီ နိုင်ငံတို့က ငွေချေးရန် တောင်းဆိုသော်လည်း မရခဲ့ပေ။ ချေးငွေမှာ ပြင်သစ်တို့ တင်ပြတောင်းဆိုသော ပမာဏ၏ တစ်ဝက် ယူအက်စ်ဒေါ်လာ ၉၈၇ မီလျှံ ဖြစ်သည်။ထိုချေးငွေကို မည်ကဲ့သို့ အသုံးပြုရမည်ကို တင်းကျပ်သော စည်းမျည်းများ ထားရှိသည်။ ပြင်သစ်အစိုးရ က အခြားနိုင်ငံခြားများ သို့ ချေးငွေမဆပ်မီ ကမ္ဘာ့ဘဏ် ချေးငွေဆပ်အောင် ဘဏ်ဝန်ထမ်းများ က လုပ်ဆောင်ကြရသည်။ အမေရိကန် အစိုးရ က ပြင်သစ်အစိုးရအဖွဲ့ ထဲ တွင် ကွန်မြူနစ် များ မပါဝင်စေရန် တိုက်တွန်းခဲ့သည်။ ချေးငွေရရှိရန် ပြင်သစ်အစိုးရ က လည်း ကွန်မြူနစ်တို့ ပါဝင်သော ညွန့်ပေါင်းအစိုးရ ကို ဖျက်သိမ်းခဲ့သည်။ ထို့နောက်ပိုင်းတွင် ပြင်သစ်တို့ချေးငွေ အလျှင်အမြန် ရရှိခဲ့သည်။[၆]

မာရှယ်စီမံကိန်း အရ ၁၉၄၇ တွင် ဥရောပနိုင်ငံ အများစု မှာ အကူအညီများ ရရှိပြီးဖြစ်၍ ကမ္ဘာ့ဘဏ်သည် ဥရောပပြင်ပ နိုင်ငံများသို့ ငွေထုတ်ချေး နိုင်လာခဲ့သည်။၁၉၆၈ တိုင်အောင် ချေးငွေများသည် ငွေပြန်ပေါ်လွယ်သော ဆိပ်ကမ်းအဝေးပြေးလမ်းများ နှင့် ဓာတ်အားပေးစက်ရုံများ စသည့် လုပ်ငန်း စီမံကိန်းများ ကိုသာ ထုတ်ချေးခဲ့သည်။

၁၉၆၈ − ၁၉၈၀[ပြင်​ဆင်​ရန်​]

၁၉၆၈ မှ ၁၉၈၀ များ အတွင်းတွင်မူ ကမ္ဘာ့ဘဏ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူများ၏ အခြေခံလိုအပ်ချက် အတွက် လုပ်ဆောင်ခဲ့သည်။ ချေးငွေမှာလည်း ပိုများလာခဲ့သည်။ အခြေခံအဆောက်အဦး အတွက်သာမက လူမှုဝန်ဆောင်မှုများ နှင့် အခြားလုပ်ငန်းဆောင်တာများ အတွက်ပါ ထုတ်ချေးသော ကြောင့် ဖြစ်သည်။

၁၉၆၈ ခုတွင် ဥက္ကဋ္ဌ ဖြစ်လာသော ရောဘတ် မက်နာမာရ က မူဝါဒ ပြောင်းလဲခဲ့သော ကြောင့် ဖြစ်သည်။ [၇] မက်နာမာရ က အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဘဝ နှင့် ဖို့ဒ်မော်တာကုမ္ပဏီ ဥက္ကဋ္ဌ ဘဝ တွင် အုပ်ချုပ်ခဲ့သကဲ့သို့ ဘဏ်ကို စီမံခန့်ခွဲခဲ့သည်။[၈] သူသည် စာသင်ကျောင်း နှင့် ဆေးရုံ ဆောက်လုပ်ခြင်း၊ စာတတ်မြှောက်မှု နှင့် လယ်ယာ စိုက်ပျိုးရေးတို့တွင် မြှင့်တင်အောင် လုပ်ဆောင်ခဲ့သည်။ ထို့နောက် ငွေချေးရန် တောင်းခံလာသော နိုင်ငံများ၏ အချက်အလက်များကို စုဆောင်းထားနိုင်ရန် ပြင်ဆင်ခဲ့သည်။ ထို့ကြောင့် ငွေချေးရန် စိစစ်ရာတွင် ပိုမိုမြန်ဆန် လာခဲ့သည်။ သူသည် မြောက်ပိုင်းဘဏ်များ ငွေထုတ်ချေးရန် မလုံလောက်တော့သောအခါ ချေးငွေ ပိုချေးနိုင်ရန် ဘဏ်ငွေထိန်း ယူဂွင်း ရော့ဘာဂ့် ကို ငွေရှာခိုင်းခဲ့သည်။ ရော့ဘာဂ့် က ဘဏ်တွင်ငွေပိုများလာစေရန် ငွေချေးစာချုပ်များ ထုတ်ရောင်းခဲ့သည်။ [၉] တတိယ ကမ္ဘာရှိ ဆင်းရဲသော နိုင်ငံများကို အကူအညီများစွာ ပေးသောအခါ ချေးငွေများစွာ နစ်မြုပ်လာခဲ့သည်။ ၁၉၇၆ မှ ၁၉၈၀ အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှိသောကြွေးမြီ မှာ နှစ်စဉ် ၂၀ % တက်လာခဲ့သည်။ [၁၀][၁၁]

၁၉၈၉ − ယနေ့ခေတ် အထိ[ပြင်​ဆင်​ရန်​]

၁၉၈၉ တွင် များစွာဝေဖန်ခံရသောကြောင့် ကမ္ဘာ့ဘဏ် မူဝါဒ ပြောင်းခဲ့သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများ နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ က လည်း လူများကို ကူညီနိုင်ရန် ငွေချေးကြသည်။ [၁၂] ယခုအခါတွင် ဘဏ်၏စီမံကိန်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် ချမှတ်ခဲ့ပြီဖြစ်သည်။

The World Bank headquarters in Washington, D.C.

ထောင်စုနှစ် ဖွံဖြိုးရေး ရည်မှန်းချက်များ[ပြင်​ဆင်​ရန်​]

ကမ္ဘာ့ဘဏ်သည် ထောင်စုနှစ် မတိုင်ခင်တွင် ထောင်စုနှစ် ဖွံဖြိုးရေး ရည်မှန်းချက် ကို ပြည့်မှီရန် အလေးထားခဲ့သည်။ ၎င်းတို့မှာ − မဆင်းရဲလွန်းသော နိုင်ငံများကို အတိုးနှုန်းအနည်းငယ်မြှင့်၍ အဓိက ချေးရန်၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အဖွဲ့ က အတိုးနှုန်းအနည်းငယ် သို့ မယူပဲ၊ သို့ ကူညီငွေ ကို အဆင်းရဲဆုံးနိုင်ငံများသို့ ပေးရန် တို့ ဖြစ်သည်။ ဘဏ်၏ရည်ရွယ်ချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ ပို၍ ဖွံ့ဖြိုးရန် နှင့် ဆင်းရဲမှုလျော့နည်း လာစေရန် ဖြစ်သည်။

အဓိက အချက်များ[ပြင်​ဆင်​ရန်​]

ကမ္ဘာ့ဘဏ် က စီးပွားရေးဖွံ့ဖြိုးရန် အဓိက အချက်ငါးချက်ရှိကြောင်း ပြောကြားခဲ့သည်။

  1. လူ့စွမ်းအားရင်းမြစ်များတည်ဆောက်ခြင်း (အစိုးရ လုပ်ဆောင်ချက်များ ပို၍ အားကောင်းလာစေရန် နှင့် ဉာဏ်ပညာ ပို၍ပွင့်လင်းလာစေရန်)
  2. အခြေခံအဆောက်အဦးများဖန်တီးခြင်း (စီးပွားရေး ကို အထောက်အကူ ဖြစ်စေရန်၊ ပုဂ္ဂလိက ပိုင်ဆိုင်မှု ကို ကာကွယ်ပေးနိုင်ရန် ဥပဒေများ ရေးဆွဲခြင်း)
  3. ဘဏ္ဍာရေးဆိုင်ရာများဖွံ့ဖြိုးမှု (အခြေအနေအမျိုးမျိုးတွင် အလုပ်ဖြစ်သော ချေးငွေစနစ် ထူထောင်ခြင်း)
  4. အဂတိလိုက်စားမှုကို တိုက်ဖျက်မှု (အစိုးရ ၏ အဂတိလိုက်စားမှု အမျိုးမျိုးကို ရပ်တန့်စေခြင်း)
  5. သုတေသန၊ အတိုင်ပင်ခံမှု နှင့် ပြန်လည်သင်ကြားခြင်း (ဘဏ္ဍာရေးဆိုင်ရာ သုတသန လုပ်ငန်းများ လုပ်လိုသော ကျောင်းသား၊ ကျောင်း နှင့် အဖွဲ့အစည်း များကို ကူညီပေးခြင်း)

ဆင်းရဲမွဲတေမှု လျှော့ချရေး ဗျူဟာ[ပြင်​ဆင်​ရန်​]

အဆင်းရဲဆုံးသော ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် ဘဏ်သည် ဆင်းရဲမွဲတေမှု လျော့နည်းစေရေး နည်းဗျူဟာ တစ်ရပ်ကို ချမှတ်ထားသည်။ ကမ္ဘာ့ဘဏ်သည် အသင့်တော်ဆုံးသော နည်းဗျူဟာ ရရှိနိုင်ရန် နိုင်ငံသားများ၏ အကျိုး နှင့် လိုလားချက်များကို အထူးဂရုပြု ကြည့်ရှုလေ့လာသည်။ ထို့နောက် အစိုးရ က သဘောတူသော အခါ ဘဏ်က အကောင်အထည်ဖေါ်သည်။

နိုင်ငံပေါင်း ၄၅ နိုင်ငံ က ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ အတွက် အမေရိကန် ဒေါ်လာ ၂၅.၁ ဘီလျှံ ကို ကမ္ဘာ့ဘဏ် ၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှု အသင်း သို့ပေးလှူခဲ့သည်။ ထို့နောက် ၎င်းအသင်းမှ နိုင်ငံပေါင်း ၈၀ ကိုပြန်လည် ကူညီ ပေးလှူနိုင်ခဲ့သည်။ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ရောဘတ်ဇူဝဲလ်လစ် က အလှူငွေများသည် ထိုနိုင်ငံများက အားအထားဆုံး ဖြစ်သည်ဟု အတည်ပြုပေးခဲ့သည်။ [၁၃]

ဦးဆောင်သူများ[ပြင်​ဆင်​ရန်​]

ယခု ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌမှာ ရောဘတ်ဇူဝဲလ်လစ် ဖြစ်ပြီး သူသည် ဒါရိုက်တာ ဘုတ်အဖွဲ့ အစည်းအဝေးများ ကို ဦးဆောင်မှုနှင့် ဘဏ်လုပ်ငန်းစဉ်များ အတွက် တာဝန်ရှိသည်။ ဘဏ်ဥက္ကဋ္ဌသည် အမြဲတမ်းပင် အမေရိကန် နိုင်ငံသား ဖြစ်ပြီး အများဆုံး ငွေရင်းစိုက်ထုတ်သူ ဖြစ်သော အမေရိကန်နိုင်ငံ က သာ ရွေးချယ်သည်။ ထို့နောက်အုပ်ချုပ်မှု အဖွဲ့ က အတည်ပြု ခန့်အပ်သည်။ ငါးနှစ်သက်တမ်းအတွက် ဖြစ်ပြီး နောက်ထပ်လည်း အရွေးခံနိုင်သည်။ [၁၄]

အမှုဆောင်ညွန်ကြားရေးမှူးများ သည် သက်ဆိုင်ရာ ကမ္ဘာ့ဘဏ် အဖွဲ့ဝင် နိုင်ငံများ ကို ကိုယ်စားပြုသည်။ ထို့နောက် ဒါရိုက်တာ ဘုတ်အဖွဲ့ ဖွဲ့စည်းကာ သီတင်းတစ်ပတ်လျှင် နှစ်ကြိမ်ကျ စည်းဝေးကာ ဘဏ်ချေးငွေများအတည်ပြုပေးခြင်း၊ မူဝါဒသစ်များ ချမှတ်ခြင်း ၊ နိုင်ငံများသို့ ကူညီရန် နည်းလမ်းရှာဖွေခြင်း နှင့် အခြားအရေးကြီး အကြောင်းအရာများကို ဆွေးနွေးကြသည်။

ဘဏ်တွင် အမှုဆောင် ဒု ဥက္ကဋ္ဌ ၂ ဦး၊ အကြီးတန်း ဒု ဥက္ကဋ္ဌ ၃ ဦး နှင့် ဒု ဥက္ကဋ္ဌ ၂၄ ဦးရှိသည်။

မဲပေးနိုင်မှု[ပြင်​ဆင်​ရန်​]

ကမ္ဘာ့ဘဏ် ၏ မဲပေးနိုင်မှုအင်အား သည် ၂၀၁၀ တွင် ပြောင်းလဲလာခဲ့သည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် တရုတ်နိုင်ငံသည် မဲပိုမိုပေးနိုင်လာခဲ့သည်။ မဲပေးနိုင်မှုများသော နိုင်ငံများမှာ အမေရိကန်(၁၅.၈၅%)၊ ဂျပန်(၆.၈၄%)၊ တရုတ်(၄.၄၂%)၊ ဂျာမနီ(၄%)၊ ပြင်သစ်(၃.၇၅%) နှင့် ဗြိတိန် (၃.၇၅%) တို့ဖြစ်ကြသည်။ ထိုပြောင်းလဲမှုတွင် ဘရာဇီးအိန္ဒိယတောင်ကိုရီးယား နှင့် မက္ကဆီကို ကဲ့သို့သော အခြားနိုင်ငံများလည်း မဲပေးနိုင်မှုအင်အား ပိုရခဲ့သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများ ၏ မဲအင်အားကို လျော့ချခဲ့သည်။ ရုရှားနိုင်ငံ ၏ မဲအင်အားမှာမူ မပြောင်းလဲခဲ့ပေ။ [၁][၁၅]

ဝေဖန် ဆန်းစစ်မှုများ[ပြင်​ဆင်​ရန်​]

ကမ္ဘာ့ဘဏ် ကို စီးပွားရေးပညာရှင်ချုပ်ဟောင်း ဂျိုးဇက် စတစ်ဂ်လစ် အပါအဝင် အကယ်ဒမီများ၊ Survival International ကဲ့သို့ အစိုးရမဟုတ်သော အဖွဲ့အစည်းများ က ဝေဖန်စမ်းစစ်သုံးသပ်ခဲ့ကြသည်။ [၁၆] ထိုသုံးသပ်ချက်များ က ထောက်ပြသည်မှာ ဘဏ်၏ အကူအညီများသည် အရမ်းစောလျင်စွာ သော်လည်းကောင်း ၊ ဆိုးရွားစွာ သော်လည်းကောင်း အကောင်အထည် ဖော်မိလျှင် စီးပွားရေး ဖွံ့ဖြိုးမှုကို ပင် ထိခိုက်စေသော ပြောင်းပြန်အကျိုးသက်ရောက်မှု ဖြစ်ပေါ်သည် ဟု ဆိုသည်။ [၁၇]

ကက်သရင်း ကော်ဖီး က သူ၏ စာအုပ် Masters of Illusion: The World Bank and the Poverty of Nations (1996) တွင် ကမ္ဘာ့ဘဏ်၏ တောင်ပိုင်းနိုင်ငံများအတွက် လုပ်ဆောင်မှုများသည် ဆိုးရွားလှကြောင်း ထောက်ပြခဲ့သည်။ ဘဏ်သည် ဖွံ့ဖြိုးမှု တွင်သာ အာရုံစိုက်လွန်းနေပြီး ဆေးတမယ် တည်းဖြင့် အမျိုးမျိုးသော နိုင်ငံများကို ကုသနေကြောင်း ပြောခဲ့သည်။ အအောင်မြင်ဆုံး အစီအစဉ်တွင်ပင် နိုင်ငံများ၏ ဘဏ္ဍာရေး အခြေခံများနှင့် တန်ဖိုးထားမှု များကို မသုံးပဲ အနောက်တိုင်းအမူအကျင့် များကို သွတ်သွင်းစေခဲ့ခြင်းဖြစ်သည်။ ဒုတိယ အချက်မှာ ကမ္ဘာ့ဘဏ် က ဆင်းရဲလွန်းသော နိုင်ငံများသည် ပြင်ပမှ ငွေကြေးနှင့် အကြံဉာဏ်များ မရရှိပဲ မတိုးတက်နိုင်ဟု အထင်ရောက်ခြင်း ဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများမှ အဖွဲ့အစည်းများက ထောက်ပြသည်မှာ ကမ္ဘာ့ဘဏ် လုပ်သည်မှာ ဆင်းရဲသားများကို ဆင်းရဲမှု အတွက် အပြစ်တင်နေခြင်း ဖြစ်သည်။ [၁၈]

အဝေဖန်ခံရဆုံးအချက်မှာ ဘဏ်၏ လုပ်ကိုင်ပုံနည်းလမ်းများ ဖြစ်သည်။ ၁၈၆ နိုင်ငံကို ကိုယ်စားပြုသည် ဆိုသော်လည်း အနည်းငယ်သော နိုင်ငံကြီးများက အုပ်ချုပ်နေ၍ ဖြစ်သည်။ ထိုနိုင်ငံကြီးများက ဘဏ်ကို ဦးဆောင်မည့် သူများကို ရွေးသောကြောင့် ထိုနိုင်ငံများ ဖြစ်စေချင်သည် ကို ဘဏ်က လုပ်ဆောင်နေခြင်း ဖြစ်သည် ဟု ဆိုသည်။ [၁၉]

ကမ္ဘာ့ဘဏ်သည် မူဝါဒ အားဖြင့် လည်းကောင်း လက်တွေ့ အားဖြင့်လည်းကောင်း အသွင်နှစ်မျိုး ဖြင့် တည်ရှိသည်။ မူဝါဒအားဖြင့် ဘဏ်သည် အလှူရှင်နှင့် ငွေရှင်အစိုးရများ၊ ပုဂ္ဂလိက ဈေးကွက်များ နှင့် အခြားအပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ အလိုအရ လုပ်ဆောင်လေ့ ရှိသလို လက်တွေ့အားဖြင့် ၎င်းသည် ရိုးရှင်းပြီး အကူအညီပေးရန် နှင့် နည်းပညာဆိုင်ရာ အထောက်အပံ့များ ပေးရန် တို့တွင် လုပ်ဆောင်သည်။ ဈေးကွက်နှင့် အလှူရှင်များ အလိုအရ ကမ္ဘာ့ဘဏ်က ဆင်းရဲမွဲတေမှုကို ဈေးကွက်စီးပွားရေး မူဝါဒ နှင့်သာ ဖြေရှင်းနိုင်သည် ဟူသော မူဝါဒချမှတ် ထားသည်။ သို့သော် ၎င်းမှာ မှားယွင်းနေသည် ဟု လူအများ က မြင်ကြသည်။ [၂၀]

၁၉၉၀ ပြည့်နှစ်လွန်များတွင် ကမ္ဘာ့ဘဏ် နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ တို့သည် ဝါရှင်တန် သဘောတူညီချက်ကို စတင်ခဲ့သည်။ သို့သော် ထိုသဘောတူညီချက်သည် ဂျီဒီပီ တိုးတက်မှုကို အာရုံစိုက်လွန်းခြင်း သာရှိပြီး ထိုတိုးတက်မှု ခိုင်မြဲအောင် မလုပ်ဆောင်နိင်ခြင်း ကို ယခုအခါ အများစု က သိလာကြပြီဖြစ်သည်။ [၂၁]

အချို့လေ့လာမှုများ က ဘဏ်သည် ဆင်းရဲမှုကို ပိုမို ဖြစ်ပေါ်စေပြီး ပတ်ဝန်းကျင်ထိန်းသိမ်းမှု ၊ ပြည်သူ့ကျန်းမာရေး နှင့် ယဉ်ကျေးမှုမျိုးစုံ တည်ရှိမှုကို ထိခိုက်လာခဲ့သည် ဟု ထောက်ပြကြသည်။ [၂၂] အချို့ဝေဖန်သူများက ကမ္ဘာ့ဘဏ်သည် Neoliberalism များကို အမြဲတမ်း ထောက်ခံခြင်း သည် ဖွံ့ဖြိုးဆဲ နိုင်ငံများကို ထိခိုက်စေသော နည်းလမ်းများကို လိုက်နာစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်စေသည် ဟု ပြောသည်။ [၂၃][၂၄]

ထို့ပြင် ဘဏ်သည် အမေရိကန်နှင့် အနောက်ဥရောပ နိုင်ငံများ အကျိုးကို တခြား ကမ္ဘာ့နေရာများ တွင် အကောင်အထည် ဖော်ခဲ့သည်။ အမေရိကန် ပေါ်အားထားမှုကို လျော့ချရန် တောင်ပိုင်းဘဏ် ကို တည်ထောင်ပြီးသော တောင်အမေရိက နိုင်ငံများ တွင်ပင် လုပ်ခဲ့ခြင်း ဖြစ်သည်။ [၂၅] ဘဏ်ဥက္ကဋ္ဌ ကို အမေရိကန် ကသာ ရွေးချယ်ခွင့်ရှိပြီး အမေရိကန် သမ္မတ က ခန့်အပ်ခြင်းကြောင့် လူ အများစု က မကျေနပ်ကြပေ။ အမေရိကန် က ငွေရင်း ၁၆ % သာ စိုက်ထုတ်သော်လည်း ထိုသို့ လုပ်ဆောင်ခွင့် ရနေခြင်းမှာ မတရား ဟု မြင်ကြသည်။ [၂၆] ကျန်နိုင်ငံများ အားလုံးပေါင်း က စုပေါင်းထောက်ခံမှသာ အရေးကြီးသော ဆုံးဖြတ်ချက် အတည်ဖြစ်ခြင်း [၂၇] ကမ္ဘာ့ဘဏ်၏ လုပ်ဆောင်မှုများ ကို ထုတ်ပြန်ပေးရန် မလိုအပ်ခြင်း တို့ကြောင့် လည်း ဖြစ်သည်။ [၂၈]

ဆန္ဒပြခံရခြင်းမှာ အများဆုံးသော ဝေဖန်မှုများပင် ဖြစ်သည်။ ၂၀၀၂ ကမ္ဘာ့ဘဏ် အော်စလို ဆန္ဒပြပွဲ [၂၉] အောက်တိုဘာ ပုန်ကန်မှု [၃၀] နှင့် ဆီယက်တယ် တိုက်ပွဲ တို့ က ဆန္ဒပြခံရမှုများထဲမှ အနည်းငယ် ဖြစ်သည်။ [၃၁] ကမ္ဘာ့အနှံ့အပြား တွင်လည်း ဖြစ်ပေါ်လေ့ ရှိရာ ဘရာဇီး နိုင်ငံ ရှိ ကရာပို လူမျိုးများ က ပင် ထိုသို့ပွဲများကို ကျင်းပကြသည်။ [၃၂]

၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ် ၏အစီရင်ခံစာ တွင် ဇီဝလောင်စာ သည် စားသောက်ကုန်ဈေးနှုန်း များကို ၇၅% တက်သွားစေသည် ဟု ဖေါ်ပြခဲ့သည်။ ထိုသတင်းမှာ အရေးကြီးသော်လည်း မည်သည့်အခါမှ ပုံနိုပ်ထုတ်ဝေခဲ့ခြင်း မရှိပေ။ အရာရှိများက ၎င်းသတင်းသည် အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ် ၏ သိက္ခာကို ကျစေနိုင်သောကြောင့် ဟု ဆိုသည်။ [၃၃]

အချက်အလက် အခက်အခဲ[ပြင်​ဆင်​ရန်​]

ထို့ပြင် ဘဏ်၏ အချက်အလက်များ ဆိုင်ရာ စုဆောင်းမှု၊ မှန်းဆမှု၊ လည်ပတ်ခြင်း၊ လုပ်ဆောင်ခြင်း တို့ အတွက်ကြောင့်လည်း ဝေဖန်ခံရသည်။ ဘဏ်မှ ထုတ်ပြန်သော အချက်အလက်များသည် ကြီးမားသော ချေးငွေများကို အဘယ်ကြောင့် ချေးရသည်ကို ရှင်းပြနိုင်စွမ်းရှိသဖြင့် အရေးကြီးသည်။ ဘဏ်က ကမ္ဘာတဝန်း ရှိ သိပ္ပံပညာရှင်များ၊ အဖွဲ့အစည်းများ နှင့် အခြားလူများ အကူအညီဖြင့် ထို အချက်အလက်များ ရယူရန် နှင့် နည်းဗျူဟာ ချမှတ်ရန် လုပ်ဆောင်သည်။ [၃၄] အချက်အလက်များက လူအများ ကမ္ဘာ့ဘဏ် လုပ်ဆောင်မှုများ အပေါ် ဂရုမမူမိစေရန် အာရုံလွဲပေးခဲ့သည်။ [၃၅] အနောက်ဥရောပ နိုင်ငံများ ထံမှ အချက်အလက်ဆိုင်ရာ စနစ်ကို အသုံးပြုသည်။ ဆိုလိုသည်မှာ အခြား နိုင်ငံများမှ စနစ်ကို ဘေးဖယ်စေပြီး ဥရောပ စနစ်ကို သာ သုံးရန်တွန်းအားပေးခဲ့ခြင်း ဖြစ်သည်။ [၃၆] ဘဏ်က အချက်အလက် ထုတ်ပြန်မှု ကို မည်သို့ အသုံးချမည်ကို အစီအစဉ်ကျကျ လုပ်ဆောင်သောအခါ ထိုထုတ်ပြန်မှုများသည် ဘဏ်အတွက် အရေးကြီးလာသည်။ မည်သည့်အတွက်ကြောင့် ဖွံ့ဖြိုးမှုတွင်သာ အာရုံစိုက်ရသည်ကို ရှင်းပြရန် အတွက် ဖြစ်သည်။ [၃၅]

အခြေခံအဆောက်အဦး ညှိနှိုင်းမှု[ပြင်​ဆင်​ရန်​]

ဆင်းရဲသောနိုင်ငံများ အတွက် အခြေခံအဆောက်အဦး ညှိနှိုင်းမှု ၏ အကျိုးဆက် သည်လည်း အထူးဝေဖန်ခံရသော ကမ္ဘာ့ဘဏ် ၏ မူဝါဒဖြစ်သည်။ ၁၉၇၀ နှောင်းပိုင်း လောင်စာဆီ အကျပ်အတည်း သည် နိုင်ငံအများအပြား ကို ငွေကြေးအခက်အခဲ ဖြစ်ပေါ်စေခဲ့သည်။ [၃၇]

အခြေခံအဆောက်အဦး ညှိနှိုင်းမှု ဆိုင်ရာ ချေးငွေ ကို ထုတ်ချေးမည်ဟု ကမ္ဘာ့ဘဏ် က ဆုံးဖြတ်ခဲ့သည်။ ထို အစီအစဉ်တွင် ငွေဖောင်းပွမှု လျှော့ချရန် ၊ ထုတ်ကုန် နှင့် ရင်းနှီးမြုပ်နှံမှု တိုးမြှင့်ရန်၊ ငွေလဲနှုန်းပြောင်းလဲပေးရန် နှင့် သယံဇာတ များကို အစိုးရ က အသုံးချပုံ နည်းလမ်းများ ကို ပြောင်းလဲရန် စသည်တို့ ပါဝင်သည်။ [၃၈] ထိုနည်းလမ်းများသည် အထက်ပါ မူဝါဒချမှတ် အကောင်အထည် ဖော်ရန်လွယ်ကူသော နိုင်ငံများတွင် အလုပ်ဖြစ်ခဲ့သည်။ [၃၈]

သို့သော် တချို့နိုင်ငံများ ၊ အထူးသဖြင့် အာဖရိကတိုက်ရှိ နိုင်ငံများ တွင် ငွေဖောင်းပွမှုမှာ ပိုမိုဆိုးရွားလာခဲ့သည်။ [၃၈] ဆင်းရဲမှု တိုက်ဖျက်ရေး မှာ ထို အမျိုးအစား ချေးငွေအကူအညီ တွင် မပါဝင်ခဲ့ပေ၊ ထို့ကြောင့် အစိုးရ က ငွေသုံးမှုကို လျော့ချလာခြင်းနှင့် စားကုန်များ ဈေးနှုန်း တက်လာခြင်း က ဆင်းရဲသူများ ကို ပို၍ဆင်းရဲတွင်း နက်လာစေခဲ့သည်။ [၃၈]

၁၉၈၀ နှောင်းပိုင်းနှစ်များတွင် ထို အခြေခံအဆောက်အဦး ညှိနှိုင်းမှုဆိုင်ရာ ချေးငွေ သည် ဆင်းရဲသားများ၏ ဘဝကို ပိုမိုနိုပ်စက် သကဲ့သို့ ဖြစ်လာသည်ကို သတိပြုမိလာခဲ့သည်။ ထို့နောက် ကမ္ဘာ့ဘဏ် က ထိုချေးငွေ ကို ပြောင်းလဲ ဖြစ်ခဲ့သည်။ [၃၉] ၁၉၉၉ ခုနှစ်တွင် ကမ္ဘာ့ဘဏ် နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့သည် အခြေခံအဆောက်အဦး ညှိနှိုင်းမှုဆိုင်ရာ ချေးငွေ အစီအစဉ် ကို ဆင်းရဲမွဲတေမှု လျှော့ချရေး နည်းဗျူဟာ ဖြင့် အစားထိုးခဲ့သည်။ [၄၀] သို့သော် လူအများက ထိုဗျူဟာသည်လည်း နည်းလမ်းဟောင်းအတိုင်းသာ ဖြစ်လိမ့်မည်ဟု ပြောကြသည်။ [၄၁] မည်သည့်နည်းလမ်းကမှ ဆင်းရဲလွန်းသော နိုင်ငံများကို ကယ်တင်နိုင်လိမ့်မည် မဟုတ် ဟုလည်း ဆိုကြသည်။ [၄၂] ချေးငွေရယူခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံသည် ၎င်း၏ စီးပွားရေး လည်ပတ်မှုတွင် ကမ္ဘာ့ဘဏ် ၏ ဝင်ရောက်စွက်ဖက်မှု ခံရသည် ဟု ထင်မြင်ကြသည်။[၄၃]

မြန်မာနှင့်ကမ္ဘာ့ဘဏ်[ပြင်​ဆင်​ရန်​]

၂၀၁၂-ခုနှစ်၊ ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် မြန်မာနိုင်ငံအနေနှင့် ယူထားသော အကြွေးများကို ပြန်ဆပ်ဖို့ ကမ္ဘာ့ဘဏ်က သတိပေးပြောကြားလိုက်ပါသည်။အကြွေး​တွေ ပြန်ဆပ်မှသာ ကမ္ဘာ့ဘဏ်၏ ဘဏ္ဍာရေး အကူအညီ၊ အထောက်အပံ့၊ ချေးငွေအသစ်တွေ မြန်မာနိုင်ငံက ထပ်ရနိုင်မယ် ဖြစ်သည်။ ကမ္ဘာ့ဘဏ်သည် ကြွေးကျန်နိုင်ငံ ဘယ်နိုင်ငံကိုမဆို ရန်ပုံငွေထောက်ပံ့ခွင့် မရဘူးဟု စည်းမျဉ်းစည်းကမ်း သတ်မှတ်ထားပါသည်။ ထို့ကြောင့် ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ဒဏ်ခံလိုက်ရစဉ်က ကမ္ဘာ့ဘဏ်အနေနှင့် ချေးငွေ ပေးလို့ မရခဲ့ပေ။ [၄၄]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Boards of Executive Directors - Member Countries. Web.worldbank.org. Retrieved on 29 July 2013.
  2. Board of Directors. World Bank. Retrieved on 14 August 2011
  3. About Us. World Bank (2008-10-14). Retrieved on 2008-11-09
  4. About The World Bank (FAQs). World Bank. Retrieved on 2007-10-07
  5. Goldman, Michael. Imperial Nature: The World Bank and Struggles for Social Justice in the Age of Globalization. New York: Yale University Press, 2005 pp. 56–60
  6. Bird, Kai. The Chairman: John J. McCloy, the Making of the American Establishment. New York: Simon and Schuster, 1992, pp. 288, 290–291
  7. Goldman, Michael. Imperial Nature: The World Bank and Struggles for Social Justice in the Age of Globalization. New York: University of South Asia Press, 2005 pp.60–63
  8. Goldman, Michael. Imperial Nature: The World Bank and Struggles for Social Justice in the Age of Globalization. New York: Yale University Press, 2006 pp.62
  9. Rotberg, Eugene. “Financial Operations of the World Bank.” In Bretton Woods: Looking to the Future. ed. Bretton Woods Commission. Washington, D.C.: Bretton Woods Commission, 1994
  10. Mosley, Paul, Jane Harrigan, and John Toye. Aid and Power: The World Bank and Policy-Based Lending. London: Routledge, 1991
  11. Toussaint, Eric. Your Money or Your Life! The Tyranny of Global Finance. London: Pluto Press, 1999
  12. Goldman, Michael. Imperial Nature: The World Bank and Struggles for Social Justice in the Age of Globalization. New York: Yale University Press, 2005, pp. 93–97
  13. Landler, Mark. "Britain Overtakes U.S. as Top World Bank Donor", The New York Times, The New York Times Company, December 15, 2007. Retrieved on 2007-12-15. 
  14. Organization. The World Bank Group. Retrieved on 2009-03-25
  15. China given more influence in World Bank,RTHK, 26 April 2010
  16. See Joseph Stiglitz, The Roaring Nineties, Globalization and Its Discontents, and Making Globalization Work.
  17. MacClancy, Jeremy (2002). Exotic No More: Anthropology on the Front Lines. Uniersity Of Chicago Press. ISBN 0226500136. 
  18. David Moore's edited book The World Bank, University of KwaZulu-Natal Press, 2007
  19. Woods, Ngaire. The Globalizers: The IMF, the World Bank, and Their Borrowers. Ithica and London: Cornell University Press, 2006, pp.190
  20. Weaver, Catherine. Hypocrisy Trap: The World Bank and The Poverty of Reform. Princeton and Oxford: Princeton University Press, 2008, pp.31–32
  21. Stiglitz, Joseph E. Making Globalization Work. New York and London: W.W. Norton & Company, 2006, pp. 17
  22. Criticism of World Trade Organization, World Bank and International Monetary Fund - Editorial. The Ecologist (original), later republished at BNET Business Network (2000-09). Archived from the original on 2012-07-09။ Retrieved on 2007-10-07
  23. Uvin, P. (2002) On High Moral Ground: The Incorporation of Human Rights by the Development Enterprise. In: PRAXIS The Fletcher Journal of Development Studies, Volume XVII pp1-11. Medford MA: Tufts University. Online at: http://fletcher.tufts.edu/praxis/archives/xvii/Uvin.pdf
  24. Hertz, N. (2004) I.O.U.: The Debt Threat and Why We Must Defuse It. London: Harper Perennial.
  25. BBC NEWS | Business | New South American bank planned
  26. Wade, Robert (2002). "U.S. hegemony and the World Bank: the fight over people and ideas". Review of International Political Economy 9 (2): 215–243. doi:10.1080/09692290110126092. Retrieved on 2008-02-06. 
  27. Monbiot, G. (2004) The Age of Consent. London: Harper Perennial.
  28. Stone, Diane and Wright, Christopher eds. (2006) The World Bank and Governance: A Decade of Reform and Reaction, Routledge.
  29. Template error: argument title is required. 
  30. "Violence Erupts at Protest in Georgetown", The Washington Post, October 20, 2007, p. B01. Retrieved on 30 May 2008. 
  31. Kimberly A.C. Wilson, Embattled police chief resigns, Seattle Post-Intelligencer, December 7, 1999. Accessed online May 19, 2008.
  32. Clendenning, Alan (Altamira, Brazil). "Amazon Indians Attack Official Over Dam Project", Associated Press, 2008-05-21. 
  33. Aditya Chakrabortty. (2008). Secret report: biofuel caused food crisis. The Guardian.
  34. Goldman, Michael. Imprerial Nature: The World Bank and Struggles for Social Justice in the Age of Globalization. New York: Yale University Press, 2005 pp.156
  35. ၃၅.၀ ၃၅.၁ Goldman, Michael. Imprerial Nature: The World Bank and Struggles for Social Justice in the Age of Globalization. New York: Yale University Press, 2005 pp.179
  36. Escobar, Arturo. “Encountering Development: the Making and Unmaking of the Third World.” New Jersey: Princeton University Press (1995), p. 13
  37. de Vries, Barend A. “The World Bank’s Focus on Poverty.” The World Bank: Lending on a Global Scale Eds. Jo Marie Griesgraber and Bernhard G. Gunter. London and Chicago: Pluto Press, 1996, pp.68.
  38. ၃၈.၀ ၃၈.၁ ၃၈.၂ ၃၈.၃ de Vries, Barend A. “The World Bank’s Focus on Poverty.” The World Bank: Lending on a Global Scale Eds. Jo Marie Griesgraber and Bernhard G. Gunter. London and Chicago: Pluto Press, 1996, pp.69.
  39. de Vries, Barend A. “The World Bank’s Focus on Poverty.” The World Bank: Lending on a Global Scale Eds. Jo Marie Griesgraber and Bernhard G. Gunter. London and Chicago: Pluto Press, 1996, pp.70.
  40. Tan, Celine. “The poverty of amnesia: PRSPs in the legacy of structural adjustment.” The World Bank and Governance: A Decade of Reform and Reaction. Eds. Diane Stone and Christopher Wright London and New York: Routledge, 2007, pp. 147.
  41. Tan, Celine. “The poverty of amnesia: PRSPs in the legacy of structural adjustment.” The World Bank and Governance: A Decade of Reform and Reaction. Eds. Diane Stone and Christopher Wright London and New York: Routledge, 2007, pp. 152.
  42. Tan, Celine. “The poverty of amnesia: PRSPs in the legacy of structural adjustment.” The World Bank and Governance: A Decade of Reform and Reaction Eds. Diane Stone and Christopher Wright London and New York: Routledge, 2007, pp. 152.
  43. Chossudovsky M. The Globalization of Poverty: Impacts of IMF and World Bank Reforms. Penang: Third World Network, 1997 in Tan, 152
  44. http://burmese.dvb.no/archives/21543