အေးပက်
| အေးပက် The Asia-Pacific Economic Cooperation |
|
|---|---|
| ဖွဲ့တည်ချိန် | 1989 ခုနှစ် |
| အမျိုးအစား | စီးပွားရေး ဖော်ရမ် |
| ဌာနချုပ် | စင်ကာပူ |
| အဖွဲ့ဝင် | ၂၁ ဦး |
| ဝက်ဘ်ဆိုက် | http://www.apec.org |
အေးပက် (APEC)၏ အမည်အပြည့်အစုံမှာ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း(Asia-Pacific Economic Cooperation) ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာ ပတ်လည်ရှိ အဖွဲ့ဝင် ၂၁ နိုင်ငံက ဒေသတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု စသည့် စီးပွားရေး လွတ်လပ်မှု ပိုလာစေရေးအတွက် ညှိနှိုင်းဆွေးနွေးကြသည့် ဖော်ရမ် (forum) ဖြစ်သည်။ အေးပက်၏ ရည်မှန်းချက်မှာ ဒေသတွင်း စီးပွားရေး တိုးမြှင့်ရေးဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့လူဦးရေ၏ ၄၀ %၊ ပြည်တွင်းကုန်ထုတ်တန်ဖိုး (GDP) ၅၄ % ခန့်နှင့် ကုန်သွယ်ရေး ၄၄ % ခန့် ပိုင်ဆိုင်ထားသည်။[၁]
အေးပက် အလွတ်တန်း ထိပ်သီးဆွေးနွေးပွဲကို အဖွဲ့ဝင်နိုင်ငံများက နှစ်စဉ် အလှည့်ကျ ကျင်းပလေ့ရှိသည်။ သို့သော်လည်း တရုတ်၏ ကန့်ကွက်မှုကြောင့် အဖွဲ့ဝင်ဖြစ်သည့် ချိုင်းနီးစ်ထိုင်ပေ (ထိုင်ဝမ်) မှာမူ နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခွင့်မရှိပဲ သမ္မတမှ နှစ်စဉ် အထူးကိုယ်စားလှယ်ကို ခန့်အပ်ကာ တက်ရောက်စေသည်။၂၀၀၁ ခုနှစ် တရုတ်ပြည် ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် အေပက် ထိပ်သီးဆွေးနွေးပွဲကိုမူ နိုင်ငံရေး အကြောင်းအရင်းကြောင့် ထိုင်ဝမ်ဘက်မှ သမ္မတ၏ အထူးကိုယ်စားလှယ်ကို စေလွှတ်ခဲ့ခြင်း မရှိပေ။ သို့သော်လည်း ၂၀၀၈ ခုနှစ် ပီရူးနှင့် ၂၀၀၉ ခုနှစ် စင်ကာပူ အေးပက်ကိုမူ ဒုတိယ သမ္မတဟောင်း လျန်ကျန့်မှ သမ္မတ မာရင်းကျိုကိုယ်စား တက်ရောက်ခဲ့သည်။ လျန်ကျန့်မှာလဲ ယင်းအလွတ်တန်း ထိပ်သီးဆွေးနွေးပွဲကို ထိုင်ဝမ်ကိုယ်စား တက်ရောက်ခဲ့သည့် ရာထူးအဆင့်အမြင့်ဆုံး အထူးကိုယ်စားလှယ်ဖြစ်သည်။
အေးပက် အလွတ်တန်း ထိပ်သီးဆွေးနွေးပွဲ၏ ထူးခြားချက်မှာ အဖွဲ့ဝင် နိုင်ငံအကြီးအကဲများက အိမ်ရှင်နိုင်ငံ၏ ရိုးရာဝတ်စုံကို ဝတ်ဆင်ကာ အမှတ်တရ ဓာတ်ပုံရိုက်ကြခြင်း ဖြစ်သည်။
အဖွဲ့ဝင်များ [ပြင်ဆင်ရန်]
လက်ရှိတွင် အေးပက် အဖွဲ့ဝင် ၂၁ ဦးရှိပြီး အဖွဲ့ဝင်များအား အင်္ဂလိပ်ဘာသာဖြင့် (member economy) ဟု ခေါ်ဝေါ်သည်။
| အဖွဲ့ဝင် | ဝင်ရောက်သည့်နှစ် |
|---|---|
| 1989 | |
| 1989 | |
| 1989 | |
| 1989 | |
| 1989 | |
| 1989 | |
| 1989 | |
| 1989 | |
| 1989 | |
| 1989 | |
| 1989 | |
| 1989 | |
| 1991 | |
| 1991 | |
| 1991 | |
| 1993 | |
| 1993 | |
| 1994 | |
| 1998 | |
| 1998 | |
| 1998 |
ကိုးကား [ပြင်ဆင်ရန်]
- ↑ APEC Secretariat website
- ↑ The Republic of China (ROC) is not allowed to use the name "Republic of China" or "Taiwan", but is instead referred to as Chinese Taipei within the organization as it is not a recognized member of the United Nations. The President of the Republic of China does not attend the annual APEC Economic Leaders' Meeting, instead sending a ministerial-level official responsible for economic affairs (See List of Chinese Taipei Representatives to APEC).
- ↑ Hong Kong joined APEC in 1991 during British administration with the name "Template:Country data Hong Kong Hong Kong." In 1997, Hong Kong became a special administrative region of the People's Republic of China and took the name "Hong Kong, China."
- ↑ The People's Republic of China represents the interests of mainland China only, since Hong Kong and Macau are considered separate economies.