ရှိုးဂန်း
Wikipedia မှ
ရှိုးဂန်း(将軍|shōgun)
နားထောင်ရန် (help·info) ဆိုသည်မှာ ဂျပန် စစ်အာဏာရှင်ခေတ်က စစ်တပ်အတွင်းတွင် ရှိသော ရာထူး အဆင့်အတန်း တစ်ခု ဖြစ်သည်။[၁] ယခုခေတ်တွင် ရာထူး အဆင့်အတန်းအားဖြင့် စစ်သေနာပတိချုပ် နှင့် ညီမျှသည်။ ရှိုးဂန်း၏ မူလ အဓိပ္ပာယ်မှာ ဗိုလ်ချုပ် ဖြစ်သော်လည်း ဂျပန်သမိုင်း တစ်လျှောက် အချိန်ကာလ အပိုင်းအခြား အမျိုးမျိုး တို့တွင် အုပ်ချုပ်ခဲ့သော ဆဲအိ တိုင်းရှိုးဂန်း တို့ကို အတိုကောက် အားဖြင့်လည်း ခေါ်ဝေါ်ကြသည်။ ဆဲအိတိုင်း ရှိုးဂန်း ဆိုသည်မှာ အရှေ့ဘက်မှ အရိုင်းအစိုင်းတို့ကို အောင်နိုင်သူဟု အဓိပ္ပာယ် ရပြီး သူတို့သည် မဲအိဂျီ ဘုရင် ထံသို့ ၁၈၆၇ တွင် အာဏာစွန့်လွှတ်ခဲ့သည်။[၂]
ကိုးကား [ပြင်ဆင်ရန်]
- ↑ Shogun from Encyclopædia Britannica. Retrieved on 2009-11-30။
- ↑ Template:Cite encyclopedia