အဝိဇ္ဇာ

ဝီကီပီးဒီးယား မှ

အဝိဇ္ဇာဟူသည်မှာ မသိမှု(မောဟ)၊ မိုက်မဲမှု၊ တွေဝေမှု။

ဘာကိုမသိတာလဲဆို သစ္စာလေးပါး မသိတာ။

  1. ဒုက္ခက ဆင်းရဲတာ၊ သစ္စာက အမှန်၊ ပေါင်းလိုက်တော့ ဆင်းရဲတာအမှန်ကို ဒုက္ခသစ္စာ၊။
  2. သမုဒယက ဖြစ်ကြောင်း၊ သစ္စာက အမှန်၊ ပေါင်းလိုက်တော့ ဆင်းရဲ-ကြောင်းအမှန်ကို သမုဒယသစ္စာ။
  3. နိရောဓက ချုပ်ရာ၊ သစ္စာက အမှန်၊ ပေါင်းလိုက်တော့ ဆင်းရဲ-ချုပ်ရာအမှန်ကို နိရောဓသစ္စာ(နိဗ္ဗာန်)။
  4. ဆင်းရဲချုပ်ရာရောက်ကြောင်း အကျင့်ကောင်းအမှန်ကို မဂ္ဂသစ္စာ။

သိကောင်းတာ မသိ၊ မသိကောင်းတာ သိတာကို အဝိဇ္ဇာ၊
မဆုံးဖြတ်နိုင်ခြင်း၊ တွေဝေခြင်း လက္ခဏာရှိတာ အဝိဇ္ဇာ၊
အမှန်ကို မသိ၊ အမှားကိုသိတတ်တဲ့ သဘောရှိလို့ မိစ္ဆာဉာဏ်လို့လည်း ခေါ်နိုင်သည်။
[၁]

ကိုးကား

  1. မိုးကုတ်တရား