ဝိစိကိစ္ဆာ

ဝီကီပီးဒီးယား မှ

ဝိစိကိစ္ဆာ ဆိုသည်မှာ “ယုံမှားခြင်း” ဟု အဓိပ္ပါယ်ရသည်။[၁]

ဝိစိကိစ္ဆာ

သုတ္တန်လာ ဝိစိကိစ္ဆာသည် ၁၆ ပါး၊ အဘိဓမ္မာလာ ဝိစိကိစ္ဆာ ၈ ပါးဟူ၍ နှစ်မျိုးရှိ၏။[၁]

သုတ္တန်လာ ၁၆ ပါး

အတိတ်၌ ယုံမှားခြင်း (၅) ပါး

  1. ရှေး၌ ငါဖြစ်ဖူးပြီလော။
  2. ရှေး၌ ငါမဖြစ်ဖူးသေးလော။
  3. အဘယ်အမျိုးအနွယ်အားဖြင့် ဖြစ်ဖူးလေသနည်း။
  4. အဘယ်အဆင်းသဏ္ဌာန်အားဖြင့် ဖြစ်ဖူးလေသနည်း။
  5. အဘယ်အမျိုးအနွယ်ဖြစ်၍ အဘယ်အမျိုးအနွယ် ဖြစ်ခဲ့ရလေသနည်း။(ဤသည်မှာ အတိတ်၌ ယုံမှားခြင်းငါးပါး ဖြစ်သည်။) [၁]

အနာဂတ်၌ ယုံမှားခြင်း (၅) ပါး

  1. နောင်၌ ငါဖြစ်ရလတ္တံ့လော။
  2. နောင်၌ ငါမဖြစ်ရလတ္တံ့လော။
  3. အဘယ်အနွယ်အားဖြင့် ဖြစ်ရလတ္တံ့နည်း။
  4. အဘယ်အဆင်းသဏ္ဌာန်အားဖြင့် ဖြစ်ရလတ္တံ့နည်း။
  5. အဘယ်အမျိုးအနွယ်ဖြစ်၍ အဘယ်အမျိုးအနွယ် ဖြစ်ရလတ္တံ့နည်း။ (ဤကား အနာဂတ်၌ ယုံမှားခြင်းငါးပါး ဖြစ်သည်။) [၁]

ပစ္စပ္ပုန်၌ ယုံမှားခြင်း (၆) ပါး

  1. ယခု ငါသည် ဖြစ်ဆဲလော။
  2. ယခု ငါသည် ဖြစ်ဆဲမဟုတ်လေသလော။
  3. အဘယ်အမျိုးအနွယ်အားဖြင့် ဖြစ်လေသနည်း။
  4. အဘယ်အဆင်းသဏ္ဌာန်အားဖြင့် ဖြစ်လေသနည်း။
  5. အဘယ်ဘဝမှ လာခဲ့သနည်း။
  6. အဘယ်ဘဝသို့ သွားရမည်နည်း။ (ဤကား ပစ္စုပ္ပန်၌ ယုံမှားခြင်း (၆) ပါး ဖြစ်သည်။) [၁]

အဘိဓမ္မာလာ (၈) ပါး

  1. ဘုရား၌ ယုံမှားခြင်း
  2. တရား၌ ယုံမှားခြင်း
  3. သံဃာ၌ ယုံမှားခြင်း
  4. အကျင့်သိက္ခာ၌ ယုံမှားခြင်း
  5. သံသရာ၏ ရှေ့အစွန်း၌ ယုံမှားခြင်း
  6. သံသရာ၏ နောက်အစွန်း၌ ယုံမှားခြင်း
  7. သံသရာ၏ ရှေ့နောက်အစွန်းနှစ်ပါး၌ ယုံမှားခြင်း
  8. ပဋိစ္စသမုပ္ပါဒ်တရား၌ ယုံမှားခြင်း။ (ဤသည်မှာ အဘိဓမ္မာလာ ဝိစိကိစ္ဆာရှစ်ပါး ဖြစ်သည်။) [၁]

ရုပ်နာမ်ခန္ဓာ သတ္တဝါတို့မှာ ရှေးအကြောင်းဟူ၍ မရှိဟု ယူသော အဟောတုကဒိဋ္ဌိ, ရုပ်နာမ်ခန္ဓာ သတ္တဝါတို့ကို ထာဝရဘုရားဖန်ဆင်းသည်ဟူ၍ ယူသော ဝိသမဟေတုဒိဋ္ဌိ အစရှိသည့် ဒိဋ္ဌိအမျိုးမျိုးတို့ကိုလွန်မြောက်သော် ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်သည်။[၁]

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော ကမ္မဋ္ဌာန်းကျမ်းကြီး