ဘိက္ခုသုတ်

ဝီကီပီးဒီးယား မှ
၁၈:၄၃၊ ၁၂ ဇန်နဝါရီ ၂၀၂၁ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (CS1 ရက်စွဲအမှားပြင်ဆင်ခြင်း) တည်းဖြတ်သည့်မူ

ဘိက္ခုသုတ်သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားခုနစ်မျိုးကို ဖျက်ဆီးအပ်ပြီး ဖြစ်သောကြောင့် ရဟန်းမည်ပုံကို ဟောကြားတော်မူခဲ့သည်။[၁]

ဘိက္ခုသုတ်

ရဟန်းတို့ တရားခုနစ်မျိုးကို ဖျက်ဆီးအပ်ပြီး ဖြစ်သောကြောင့် ရဟန်းမည်၏။ အဘယ်ခုနစ်မျိုးနည်း ဟူမူ -[၁]

  • ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
  • မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
  • ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ” ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
  • စွဲမက်မှု ‘ရာဂ’ ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
  • အမျက်ထွက်မှု ‘ဒေါသ’ ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
  • တွေဝေမှု ‘မောဟ’ ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
  • ထောင်လွှာမှု ‘မာန’ ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။[၁]

ရဟန်းတို့ ဤတရားခုနစ်မျိုးကို ဖျက်ဆီးအပ်ပြီး ဖြစ်သောကြောင့် ရဟန်းမည်၏ ဟု(မိန့်တော်မူ၏)။[၁]

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ သတ္တကနိပါတ် မာတိကာ၊ ပဏ္ဏာသ - သုတ်ငါးဆယ်၊ ၉-သမဏဝဂ်၊ ၁-ဘိက္ခုသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။