ကုလသုတ်

ဝီကီပီးဒီးယား မှ
၁၈:၃၈၊ ၁၂ ဇန်နဝါရီ ၂၀၂၁ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (CS1 ရက်စွဲအမှားပြင်ဆင်ခြင်း) တည်းဖြတ်သည့်မူ

ကုလသုတ်သည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သီလရှိသော ရဟန်းတို့ ချဉ်းကပ်သော အိမ်သည် ငါးမျိုးသော အကြောင်းတို့ဖြင့် ကောင်းမှုများစွာ ပွားစေနိုင်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[၁]

ကုလသုတ်

ရဟန်းတို့ သီလရှိသော ရဟန်းတို့ ချဉ်းကပ်အပ်သော အိမ်၌ လူတို့သည် ငါးမျိုးသော အကြောင်းတို့ဖြင့် များစွာသော ကောင်းမှုကို ပွားစေကုန်၏။[၁]

အဘယ်ငါးမျိုးတို့နည်းဟူမူ -[၁]

ရဟန်းတို့ သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည်မြင်၍ စိတ်ကြည်လင်သောအခါ ထိုအိမ်သည် နတ်ပြည်၌ ဖြစ်စေတတ်သောအကျင့်ကို ကျင့်သည်မည်၏။[၁]

ရဟန်းတို့ သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် ခရီးဦးကြိုဆိုကြ ရှိခိုးကြ နေရာထိုင်ခင်း ပေးကြသောအခါ ထိုအိမ်သည် မြင့်မြတ်သောအမျိုး၌ ဖြစ်စေတတ်သောအကျင့်ကို ကျင့်သည်မည်၏။[၁]

ရဟန်းတို့ သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် ဝန်တိုမှု အညစ်အကြေးကို ပယ်ဖျောက်သောအခါ ထိုအိမ်သည် တန်ခိုးကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည်မည်၏။[၁]

ရဟန်းတို့ သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် အစွမ်းရှိသလောက် ဝေဖန်လှူဒါန်းသောအခါ ထိုအိမ်သည် ဥစ္စာပေါများခြင်းကို ဖြစ်စေတတ်သောအကျင့်ကို ကျင့်သည်မည်၏။[၁]

ရဟန်းတို့ သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် ပုစ္ဆာ မေးကြ၊ ပြဿနာ မေးကြ၊ တရားနာကြသောအခါ ထိုအိမ်သည် ပညာကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည်မည်၏။[၁]

ရဟန်းတို့ သီလရှိသော ရဟန်းတို့ ချဉ်းကပ်အပ်သော အိမ်၌ လူတို့သည် ငါးမျိုးသော အကြောင်းတို့ဖြင့် များစွာသော ကောင်းမှုကို ပွားစေကုန်၏ဟု (မိန့်တော်မူ၏)။[၁]

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ၁.၈ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ) ၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၄) စတုတ္ထပဏ္ဏာသက (၂၀) ၅- ဗြဟ္မဏဝဂ် ၉-ကုလသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။ pp. ၂၆၈။