ကျွန်းလှမြို့နယ်
ပုံပန်းသွင်ပြင်
ကျွန်းလှမြို့နယ် | |
---|---|
မြို့နယ် | |
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ | |
ကိုဩဒိနိတ်: 23°21′N 95°19′E / 23.350°N 95.317°Eကိုဩဒိနိတ်: 23°21′N 95°19′E / 23.350°N 95.317°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်းတိုင်းဒေသကြီး |
ခရိုင် | ကန့်ဘလူခရိုင် |
မြို့နယ်ရုံးစိုက်ရာမြို့ | ကျွန်းလှမြို့ |
လူဦးရေ (၂၀၁၄)[၁] | ၁၀၄,၀၈၇ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကျွန်းလှမြို့နယ် သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[၂] မြို့နယ်ရုံးစိုက်ရာမြို့မှာ ကျွန်းလှမြို့ ဖြစ်သည်။
စီးပွားရေး
ကျွန်းလှမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ သစ်လုပ်ငန်း၊ ရွှေလုပ်ငန်း နှင့် ရေနံတူးဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ မြေဖယောင်းလည်းထွက်ရှိသည်။ မြို့ပေါ်ရပ်ကွက်အချို့တွင် အိမ်တွင်းစက်မှုလက်မှုများလည်း လုပ်ကိုင်ကြသည်။ တိုင်းရင်းဆေးဝါးအချို့ကိုလည်း မှတ်ပုံတင်၍ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ မုန့်ဖိုလုပ်ငန်းများလည်းလုပ်ကိုင်ကြသည်။ ခေါက်ဆွဲလုပ်ငန်းအပါအဝင် တခြားစားသောက်ကုန်ထုပ်လုပ်မှုများလည်း လုပ်ကိုင်ကြသည်။
အထင်ကရနေရာများ
- သဖန်းဆိပ် ရေလှောင်တမံ
- သီတဂူ ဗုဒ္ဓတက္ကသိုလ်
- သီတဂူ စက္ခုဒါနဆေးရုံ
မြစိမ်းတောင်
ကိုးကား
- ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၂။
- ↑ "Sagaing Region District Map" Archived 2 February 2017 at the Wayback Machine. Myanmar Information Management Unit (MIMU)
ဤ မြန်မာနိုင်ငံ ပထဝီဝင်တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |