အေးနုစိန်

ဝီကီပီးဒီးယား မှ
ဒေါ်အေးနုစိန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေး အဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၂၁ – ၁ ဖေဖော်ဝါရီ ၂၀၂၃
သမ္မတဦးမြင့်ဆွေ (ယာယီ)
ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ရခိုင်အမျိုးသားပါတီဗဟိုမူဝါဒရေးရာဦးဆောင်ကော်မတီဝင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၂၄ မတ် ၁၉၅၇&#၁၆၀;(၁၉၅၇-၀၃-၂၄) (အသက် ၆၇)
စစ်တွေမြို့ရခိုင်ပြည်နယ်
နိုင်ငံရေးပါတီရခိုင်အမျိုးသားပါတီ
အလုပ်အကိုင်
  • နိုင်ငံရေးသမား
  • ရှေ့နေ

ဒေါ်အေးနုစိန် သည် မြန်မာနိုင်ငံသား ရှေ့နေနှင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ ရခိုင်လူမျိုးတစ်ဦးဖြစ်ပြီး[၁] ရခိုင်အမျိုးသားပါတီ၏ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း[၂]၊ ဒုတိယအကြိမ် ပါတီဗဟိုညီလာခံ(၂၀၁၉ )မှတဆင့် လက်ရှိတွင် ANP ဗဟိုမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်[၃] [၄] အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။[၅][၆] ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွင်အဖွဲ့ဝင်အဖြစ် ဒေါ်အေးနုစိန်အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ခန့်အပ်ခဲ့သည်။[၅] ၂၀၂၃ ဖေဖော်ဝါရီ ၁ရက်တွင် ကောင်စီဝင်တစ်ဦးအဖြစ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်တစ်ဦး အဖြစ် ပြောင်းလဲသွားသည်။[၇]

ပိတ်ဆို့အရေးယူခံရခြင်းများ[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းနှင့်စပ်လျဉ်းပြီး ဥရောပသမဂ္ဂက ၂၀၂၁ ဧပြီ ၁၉ ရက်တွင်လည်းကောင်း၊ အမေရိကန်ပြည်ထောင်စုက ၂၀၂၁ ဇွန်လ ၂ရက်နေ့တွင်လည်းကောင်း၊ ဩစတြေးလျအစိုးရက ၂၀၂၃ ဇန်နဝါရီ ၂၅ရက်တွင်လည်းကောင်း သူမကို ဒဏ်ခတ်အရေးယူစာရင်းထဲ ထည့်သွင်းခဲ့သည်။[၈]

[၉] [၁၀] [၁၁]

ရရှိခဲ့သော ဘွဲ့[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သူမကို ၂၀၂၂ နိုဝင်ဘာ ၁၇ရက်တွင် စည်သူဘွဲ့ ချီးမြှင့်သည်။[၁၂][၁၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Asia၊ Radio Free (2020-11-12)။ Rebels Call For Election in Parts of Myanmar’s Rakhine Denied Vote (in en)။ 2021-02-04 တွင် ပြန်စစ်ပြီး။
  2. ရခိုင်အမျိုးသားပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါ်အေးနုစိန်နဲ့ အင်တာဗျူးBBC Burmese (၂၀ နိုဝင်ဘာ ၂၀၁၉)။ ၁ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ရခိုင်အမျိုးသားပါတီတွင် မူဝါဒရေးရာဦးဆောင်ကော်မတီသည် ဆုံးဖြတ်ချက်ချနိုင်မည့် အမြင့်ဆုံးအဖွဲ့ဖြစ်လာDMG (၂ ဇွန် ၂၀၁၉)။ ၁ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ANP ပါတီ ဥက္ကဋ္ဌသစ် အဖြစ် ဦးသာထွန်းလှ ကို ရွေးချယ်တင်မြောက်ဧရာဝတီ (၂ ဇွန် ၂၀၁၉)။ ၁ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ( ၁၄ / ၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် (in my)။ 7 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 February 2021 တွင် ပြန်စစ်ပြီး။
  6. McLaughlin၊ Timothy (2015-10-03)။ Rising Rakhine party looming threat to Myanmar’s Muslim minority (in en)။ 2021-02-04 တွင် ပြန်စစ်ပြီး။
  7. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းEleven Media Group (၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၁ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. Treasury Sanctions Senior Officials and Family Members Connected to Burma’s MilitaryU.S. Embassy in Burma (2 June 2021)။ 1 March 2023 တွင် ပြန်စစ်ပြီး။
  9. COUNCIL IMPLEMENTING REGULATION (EU)the European Union (19 April 2021)။ 1 March 2023 တွင် ပြန်စစ်ပြီး။
  10. Autonomous Sanctions (Designated and Declared Persons – Myanmar) Amendment Instrument 2023Australian Government (25 January 2023)။ 1 March 2023 တွင် ပြန်စစ်ပြီး။
  11. EU အရေးယူမှုမှ စစ်ကောင်စီ နောက်လိုက် အချို့ကင်းလွတ်နေဧရာဝတီ (၂၂ ဧပြီ ၂၀၂၂)။ ၁ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. စစ်ကောင်စီက ချီးမြှင့်သည့် စည်သူဘွဲ့နှင့် သီရိပျံချီဘွဲ့ တို့ကို ရခိုင်မှ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် ဒေါက်တာအောင်ကျော်မင်းတို့ ပါဝင်newsvsinformation (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၁ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  13. ရခိုင်တွင် တိုက်ပွဲပြင်းထန်နေချိန် ရခိုင်လူမျိုး(၈)ဦးကို စစ်ကောင်စီက ဘွဲ့ဂုဏ်ထူးများ ချီးမြှင့်BNI (၂၁ နိုဝင်ဘာ ၂၀၂၂)။ ၁ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။