အောက်စီဂျင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အောက်စီဂျင်

အရည်ခြေအနေတွင် တွေ့ရသည့် အောက်စီဂျင်
အက်တမ် အမှတ်စဉ်
အက်တမ် အလေးချိန် 15.9994(3) g·mol−1
ပုံသဏ္ဌန် အငွေ့
သိပ်သည်းဆ 1.429 g/L
အီလက်ထရို နက်ဂတစ်ဗတီး 3.44
အရည်ပျော်မှတ် -218.79 °C
ရေဆူမှတ် -182.95 °C
ဗင်န်ဒါဝေါလ် အချင်းဝက် 152 pm
အိုင်ဆိုတုပ် မျိုးကွဲပေါင်း
အီလက်ထရွန်းနစ် ရှဲလ် 1s2 2s2 2p4
ပထမ အိုင်ရွန်နိုင်ဇေးရှင်း
ဖြစ်ရန် လိုသောစွမ်းအင်
1313.9 kJ·mol−1
ရှာဖွေတွေ့ရှိသူ Carl Wilhelm Scheele
တွေ့ရှိသည့် ခုနှစ် 1773


အောက်စီဂျင်သည် လေထုထဲတွင် အဓိကပါဝင်ပြီး သက်ရှိသတ္တဝါများအတွက် အရေးပါသည့် ဓာတ်ငွေ့ တစ်မျိုးဖြစ်သည်။ အက်တမ် အမှတ်စဉ် မှာ ၈ ဖြစ်ပြီး အင်္ဂလိပ် အက္ခရာ ‘O’ ဆိုသော သင်္ကေတဖြင့် ဖော်ပြလေ့ရှိသည်။ ၎င်း၏ အမည်မှာ ဂရိဝေါဟာရ ὀξύς (oxys) (အက်ဆစ် - ဆူးရှသည်ဟု အဓိပ္ပာယ် ရသည်။ အက်ဆစ်များ၏ ချဉ်သော အရသာကို ညွှန်းဆိုသည်။) နှင့် -γενής (-genēs) (ထုတ်လုပ်သည်၊ ဖြစ်စေသည်ဟု အဓိပ္ပာယ်ရသည်။) မှ ဆင်းသက်လာသည်။ အက်ဆစ်ဖြစ်စေသည့် ပစ္စည်းဟု တိုက်ရိုက် ဘာသာပြန်နိုင်သည်။ အောက်စီဂျင်အား အမည်ပေးသည့် ခေတ်ကာလတွင် အက်ဆစ်အားလုံး၌ အောက်စီဂျင်ပါဝင်သည်ဟု ယူဆခဲ့သောကြောင့် ဤကဲ့သို့ အမည်တွင်လာခြင်းဖြစ်သည်။

အောက်စီဂျင်သည် ဒြပ်စင်အလှည့်ကျဇယားတွင် ချာကိုဂျင် (chalcogen) အုပ်စုဝင်ဖြစ်သည်။ ဓာတ်ပြုလွယ်သည့် သတ္တုမဟုတ်သည့် ဒြပ်စင်ဖြစ်ပြီး အခြားဒြပ်စင် အားလုံးနီးပါးနှင့် ဒြပ်ပေါင်းများ အဖြစ် (အထူးသဖြင့် အောက်ဆိုဒ် ဒြပ်ပေါင်းများအဖြစ်) ပေါင်းစပ်နေလေ့ရှိသည်။ သာမန် အပူချိန်နှင့် ဖိအားအောက်တွင် အောက်စီဂျင် အက်တမ် နှစ်ခုပူးတွဲကာ အနံ့အသက် အရသာနှင့် အရောင်အဆင်း ကင်းမဲ့သည့် ဒိုင်အောက်စီဂျင် (O2) ဓာတ်ငွေ့ အဖြစ်တည်ရှိသည်။ အောက်စီဂျင်သည် စကြာဝဠာကြီးအတွင်း ဟိုက်ဒရိုဂျင် နှင့် ဟီလီယမ် ပြီးနောက် တတိယ အများဆုံးတွေ့ရသည့် ဒြပ်စင်လည်းဖြစ်ပြီး[၁] ကမ္ဘာမြေကြီး၏ အပေါ်ယံမြေလွှာတွင် အများဆုံး ပါဝင်သည်။ ကမ္ဘာ့လေထု၏ ၂၀.၈% မှာ အောက်စီဂျင် ဓာတ်ငွေ့ဖြစ်သည်။

အသားဓာတ် (ပရိုတိန်း)၊ သကြားဓာတ် (ကာဗိုဟိုက်ဒရိတ်)၊ အဆီဓာတ် စသည့် သက်ရှိများ၏ အခြေခံ မော်လီကျူးများတွင် အောက်စီဂျင် ပါဝင်သကဲ့သို့ သတ္တဝါများ၏ အခွံ၊ သွားနှင့် အရိုးများကို ဖွဲ့စည်းထားသည့် အင်ဩဂဲနစ် ဒြပ်ပေါင်းများတွင်လဲ အောက်စီဂျင်ကို တွေ့ရှိနိုင်သည်။ စိမ်းပြာရောင်ရေညှိ၊ ရေမှော်ပင်နှင့် ရွက်စိမ်းပင်များ အလင်းဖြင့် အစာချက်လုပ်ရာတွင် ရေမော်လီကျူးအား ဖြိုခွဲကာ အောက်စီဂျင်ကို O2 အသွင်ဖြင့် ထုတ်လွှတ်ပေးသည်။ အောက်စီဂျင်သည် ရှုပ်ထွေးပွေလီသည့် (ဗဟုကလာပ်စည်းပါ) သက်ရှိအများစု အသက်ရှူရာတွင် အရေးပါသည့် ဓာတ်ငွေ့ဖြစ်သည်။

အောက်စီဂျင်သည် ၎င်း၏ allotrope တစ်မျိုးဖြစ်သည့် အိုဇုန်း (O3) အဖြစ်လည်း တည်ရှိသည်။ ကမ္ဘာ့လေထု အပြင်လွှာရှိ အိုဇုန်းလွှာသည် ခရမ်းလွန်ရောင်ခြည်များ နေမှ ကမ္ဘာပေါ်သို့ အမြားအပြား မရောက်လာအောင် ကာကွယ်ပေးသည်။ အိုဇုန်းသည် ကမ္ဘာ့မြေမျက်နှာပြင် အနီးတွင်မူ ညစ်ညမ်းမှု ဖြစ်စေသည်။ အက်တောမစ် (အက်တမ် တစ်ခုတည်းအဖြစ် တည်ရှိသည့်) အောက်စီဂျင်သည် မြင့်မားသည့် ကမ္ဘာပတ်လမ်းနိမ့်များတွင်ပင် သိသာထင်ရှားစွာ များပြားပြီး အာကာသယာဉ်များ ယိုယွင်းပျက်စီးစေသည့် အဓိက အကြောင်းရင်းဖြစ်သည်။ [၂]

အောက်စီဂျင်ကို ငွေ့ရည်ဖွဲ့ထားသည့် လေထဲမှ ခွဲထုတ် ငွေ့ရည်ဖွဲ့နည်း၊ ရေမော်လီကျူးအား လျှပ်စစ်ဓာတ်ဖြင့် ဖြိုခွဲနည်း သို့မဟုတ် အခြားနည်းများဖြင့် အမြားအပြား ထုတ်လုပ်သည်။ အောက်စီဂျင်ကို သံမဏိ၊ ပလတ်စတစ်၊ အထည်အလိပ် ထုတ်လုပ်ရာတွင်လည်းကောင်း၊ အာကာသယာဉ်များအတွက် လောင်စာအဖြစ်လည်းကောင်း၊ လေယာဉ်များ၊ ရေငုပ်သင်္ဘောများတွင် ခရီးသည်များ အသက်ရှူရန်လည်းကောင်း အသုံးပြုကြသည်။


အောက်ဆီဂျင်ဓာတ်ငွေ့သည် အလွန်အသုံး ဝင်၍ စိတ်ဝင်စားဖွယ်လည်းအလွန်ကောင်းသည်။ ထိုဓာတ်ငွေ့ ကို ၁၇၇၄ ခုနှစ်တွင် ဂျိုးဇက်ပရီးဆလီအမည်ရှိ အင်္ဂလိပ် ဓာတုဗေဒပညာရှင်ကြီးက ဒြဗ်စင်တစ်ခုအဖြစ်ဖြင့် တွေ့ရှိခဲ့ သည်။ ထိုဓာတ်ငွေ့သည် မာကျူရစ်အောက်ဆိုက်ဟုခေါ်သော ပြဒါးဓာတ်ဆား အမှုန့်တစ်မျိုးကို မီးပြင်းပြင်းလှော်ပေးရာမှ ထွက်ပေါ်လာသောဓာတ်ငွေ့ဖြစ်၏။ ဆွီဒင် ပြည်သား ဝီလဟမ်း ရှေးလ ဆိုသူသည်လည်း ယမ်းစိမ်းကိုမီးရှို့ခြင်းဖြင့် အောက်ဆီ ဂျင်ဓာတ်ငွေ့ကို ပရီးဆလီထက် တစ်နှစ်စော၍ ၁၇၇၃ ခုနှစ် ကပင် တွေ့ရှိခဲ့၏။ သို့သော် ရှေးလသည် သူ၏တွေ့ရှိမှုကို ၁၇၇၅ ခုနှစ်ကျမှ ကမ္ဘာအား ထုတ်ဖော်ပြောပြရာ၊ ထိုအချိန်၌ ပရီဆလီ မှာ သူ၏တွေ့ရှိချက်ကို ထုတ်ဖော်ခဲ့ပြီးဖြစ်လေသည်။ သို့ရာတွင် ထိုပုဂ္ဂိုလ်ကြီးနှစ်ဦးလိုပင် အောက်ဆီဂျင်ကို ပထမ ဦးဆုံးရှာဖွေတွေ့ရှိသူများအဖြစ် ကမ္ဘာကအသိအမှတ်ပြုခဲ့ကြလေ သည်။ ( ပရီဆလီ ဂျိုးဇက်-။)

ပရီဆလီနှင့်တစ်ခေတ်တည်းထွန်းပေါက်သော ပြင်သစ် လူမျိုး ဓာတုဗေဒပညာကျော် အန်းတွိုင်း လဗွာ စီယေသည် ပရီဆလီ၏နည်းအတိုင်း ဆက်လက်စမ်းသပ်ကြည့်ရာ လေထဲ တွင် မီးလောင်ခြင်းမှာ အောက်ဆီဂျင်ဓာတ်ငွေ့နှင့်သာ လုံးဝ သက်ဆိုင်ကြောင်းကို သိရှိသည်သာမက အောက်ဆီဂျင်ဓာတ်ငွေ့ မပါရှိသော လေထဲတွင်လောင်ကျွမ်းမှု မဖြစ်မြောက်နိုင်ပုံကို လည်း အထူးတလည်သိရှိခဲ့လေသည်။ ဤဓာတ်ငွေ့ကို အောက် ဆီဂျင်ဟုအမည်ပေးသူမှာ လဗွာစီယေ ပင်ဖြစ်သည်။ အောက်ဆီ ဂျင်ဆိုသည်မှာ ဂရိဘာသာဝေါဟာရဖြစ်၍ အဓိပ္ပာယ်မှာ အချဉ် ဓာတ်ကိုဖြစ်စေတတ်သောပစ္စည်းဟူ၍ ဖြစ်သည်။ အမှန်စင်စစ် လဗွာစီယေ၏ယူဆချက်မှာ လုံးဝမမှန်ချေ။ အောက်ဆီဂျင် ဒြဗ်ပေါင်းတို့သည် ရေထဲတွင်ပျော်ဝင်သွားသောအခါ အချဉ် ဓာတ်မဖြစ်ကြောင်းကို နောင်အခါ၌တွေ့ရှိရလေသည်။ ( လဗွာစီ ယေ အေအယ်။)

အောက်ဆီဂျင်ကို ဓာတ်ငွေ့သန့်သန့် အဖြစ်ဖြင့်သော် လည်းကောင်း၊ အခြားဒြဗ်စင်များနှင့် ပေါင်းစပ်၍သော်လည်း ကောင်း သဘာဝတွင် အများအပြားတွေ့ရှိနိုင်သည်။ လေ၏ ငါးပုံတစ်ပုံမျှသည် အောက်ဆီဂျင်ဖြစ်၍ ရေထဲတွင်လည်း အောက်ဆီဂျင်ဓာတ်သည် ဟိုက်ဒြိုဂျင်ဓာတ်နှင့် ပေါင်းစပ်နေ ကြောင်းတွေ့ရ၏။ ရေတွင်ဓာတ်ဖက်စပ်နေသော အောက်ဆီဂျင် ၏အလေးချိန်သည် ရေအလေးချိန်၏ ကိုးပိုင်းရှစ်ပိုင်းနှင့်ညီမျှ ၏။ ဤမျှမကသေး အောက်ဆီဂျင်သည် ရေထဲတွင်အနည်းငယ် လည်းပျော်ဝင်လျက်ရှိ၏။ ထို့ကြောင့်ပင် ငါးများသည် ရေထဲမှ အောက်ဆီဂျင်ဓာတ်ကိုရ၍ အသက်ရှင်နေနိုင်ကြလေသည်။ တွင်းထွက်သတ္တုများ သစ်ပင်နှင့် သက်ရှိသတ္တဝါအပေါင်းတို့ တွင်လည်း ဤဓာတ်သည်ပေါင်းစပ်၍ အမြောက်အမြားပါဝင် လျက်ရှိလေသည်။ အမှန်စင်စစ် ဤလောကကြီးတွင် အောက်ဆီ ဂျင်လောက်ပေါများသော ဒြဗ်စင်ကိုမတွေ့ရသေးချေ။ အောက်ဆီဂျင်ဓာတ်ငွေ့ကို ထုတ်ယူသောနည်းအမျိုးမျိုး ရှိရာတွင် အလွယ်ကူဆုံးနည်းမှာ မာကျူရစ်အောက်ဆိုက်ခေါ် ပြဒါးဓာတ်ဆားအနည်းငယ်ကို ဖန်ပြွန်ထဲတွင်ထည့်၍မီးပြင်းပြင်း တိုက်ပေးသောနည်းဖြစ်သည်။ မာကျူရစ်အောက်ဆိုက်မှာ ပြဒါး နှင့်အောက်ဆီဂျင်ဓာတ်တွဲ၍ ထွက်လာပုံမှာ ဤသို့ဖြစ်၏။

၂ုဂ္ဂူဥ၃ ဏ န္တညဥ၂ ှု ၂ုဂ္ဂူ ဏ ၃ဥ၂ ဏ န္တညဥ၂ ပိုတက်ဆီယမ်ကလိုရိတ်+မန်ဂနိဒိုင်အောက်ဆိုက် Ó ပိုတက်ဆီ ယမ်ကလိုရိတ် + အောက်ဆီဂျင်+ မန်ဂနိဒိုင်အောက်ဆိုက် ပိုတက်ဆီယမ်ကလိုရိတ် တစ်ခုတည်းကိုုသာ လှော် လျှင် မီးအလွန်ပြင်းပြင်းတိုက်ပေးရန်လို၏။ သို့သော် အကယ်၍ မန်ဂနိဒိုင်အောက်ဆိုက်နှင့်ရော၍ လှော်လျှင်ကား မီးပြင်းဖို့ လည်းမလိုဘဲ၊ အောက်ဆီဂျင်လည်းလျှင်မြန်စွာ ဓာတ်ကွဲ၍ထွက် လာလေသည်။ အမှန်စင်စစ် အောက်ဆီဂျင်သည် အထက်တွင် ဖော်ပြထားသည့်အတိုင်း မန်ဂနိဒိုင်အောက်ဆိုက်မှ ထွက်လာ ခြင်းမဟုတ်၊ ပိုတက်ဆီယမ်ကလိုရိတ်မှ ထွက်လာခြင်းသာ ဖြစ်၏။ မန်ဂနိဒိုင်အောက်ဆိုက်သည် ဤနေရာ၌ ကက်တလစ် ခေါ် ဓာတ်ကူပစ္စည်းအဖြစ်သဘောနှင့် ပါဝင်ခြင်းဖြစ်သည်ဟု ဆိုရလေသည်။

အောက်ဆီဂျင်ဓာတ်ငွေ့သည် အရောင်အဆင်းမရှိ၊ အနံ့ အရသာလည်းမရှိဘဲ လေထက်အနည်းငယ်မျှ ပို၍လေး၏။ ရေ တွင် အနည်းငယ်မျှပျော်ဝင်နိုင်၏။ ထိုဓာတ်ငွေ့ကို အအေးဓာတ် ပေးပြီး ဖိနှိပ်ပေးလိုက်လျှင် အရည်ဖြစ်သွားနိုင်လေသည်။ အောက်ဆီဂျင်ဓာတ်ငွေ့သည် ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ကဲ့သို့ မီး မလောင်ချေ။ သို့သော် မီးလောင်မှုကိုအားပေးသည်။ ထိုဓာတ် ငွေ့သည် ဓာတ်ပေါင်းစပ်ရာ၌ အလွန်လျှင်မြန်ထက်မြက်၍ ဒြဗ်စင်ဟူသရွေ့လိုလိုနှင့် ဓာတ်ပေါင်းစပ်ပြီးလျှင် အောက်ဆိုက် များကို ဖြစ်ပေါ်စေသည်။

အောက်ဆီဂျင်ဓာတ်ငွေ့သည် များစွာအသုံးဝင်၏။ အောက်ဆီဂျင်မရှိက လူနှင့်တိရစ္ဆာန်တို့သာမက သစ်ပင်များပင် အသက်ရှင်နိုင်စရာအကြောင်းမရှိချေ။ ကျွနု်ပ်တို့သည် အောက် ဆီဂျင်ကို လေထဲမှ အဆုတ်ထဲသို့ရောက်အောင် ရှူသွင်းကြ၏။ ထိုနေရာမှ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားအောင် သွေးတွင် ပါသည့် ဟီမိုဂလိုဗင်က သယ်ယူသွား၏။ ဟီမိုဂလိုဗင်သည် သွေးနီဥများကို အရောင်ပေးသော ဓာတ်ပစ္စည်းဖြစ်သည်။ ငါး အပေါင်းတို့သည် ရေထဲ၌ပျော်ဝင်နေသော အောက်ဆီဂျင်ကိုရှူ၍ အသက်ရှင်ကြရ၏။ တစ်စုံတစ်ခုသော အကြောင်းကြောင့်သာ ရေတွင်အောက်ဆီဂျင်ဓာတ်သည် မပျော်ဝင်ဘဲရှိခဲ့ပါမူ ငါးတို့ သည် အသက်ရှင်၍မနေနိုင်။ မုချသေကြေပျက်စီးကြရပေလိမ့် မည်။ အဆုတ်ရောင်ရောဂါ စွဲကပ်နေသူများအား အသက်ရှူ လွယ်ကူစေရန်အတွက် လေအစား အောက်ဆီဂျင်ကိုပေးရ၏။ ထို့ကြောင့်အောက်ဆီဂျင်ဓာတ်ငွေ့ကို ခိုင်ခန့်သော သံမဏိစည် များ၌ ဖိ၍ထည့်ပြီးလျှင် ရောဂါသည်များအတွက် တစ်နေရာ မှတစ်နေရာသို့ ပို့ဆောင်ရလေသည်။ ရေငုပ်သမား၊ တောင်မြင့် တက်သမားနှင့် လေယာဉ်ပျံသူရဲတို့သည် အသက်ရှူလွယ်ကူရန် အတွက် အောက်ဆီဂျင်ကို ယူဆောင်သွားကြရ၏။ သတ္တုဆက် အလုပ်ရုံများတွင် သတ္တုဆက်သမားတို့သည် မီးအပူချိန်ဒီဂရီ အလွန်များများ လိုသောအခါ အဆက်တီလင်းဓာတ်ငွေ့ကို ရိုးရိုး လေနှင့်မီးမရှို့ပဲ အောက်ဆီဂျင်နှင့်ရှို့ပြီးလျှင် အလိုရှိသော အပူ ချိန်ဒီဂရီကိုရယူကြရ၏။ ထိုဓာတ်ငွေ့ကို အောက်ဆီအဆက် တီလင်းဟု ခေါ်လေသည်။

အောက်ဆီဂျင်ဓာတ်ငွေ့ သန့်သန့်သည် အက်တမ် နှစ်ခုစီပါရှိသော မော်လီကျူးများအဖြစ်ဖြင့် တည်ရှိနေခြင်း ကြောင့် သာမန်အောက်ဆီဂျင်ကို ဓာတုသင်္ကေတဖြင့် ဥ၂ ဟူ၍ ရေးလေ့ရှိကြသည်။ သို့သော် အောက်ဆီဂျင်အက်တမ် သုံးခုစီ ပါရှိသော မော်လီကျူးများလည်းရှိသေးရာ ထိုဓာတ်ကို အိုဇုန်း ဟုခေါ်၍ ဥ၃ ဟူသောသင်္ကေတဖြင့် ရေးရသည်။ အိုဇုန်းသည် လေထဲ၌လျှပ်စစ်ပြတ်သည့်အတွက် ဖြစ်ပေါ်ပြီးလျှင် လေထု၏ မြင့်မားသောအထက်ပိုင်းတွင်သဘာဝအလျှောက်တွေ့ရလေသည်။

သာမန်အောက်ဆီဂျင်ဓာတ်ငွေ့ထဲသို့ ဓာတ်အားအလွန် ကြီးသော လျှပ်စစ်ဓာတ်ကို လွှတ်ပေးခြင်းဖြင့်လည်း အိုဇုန်း ဓာတ်ကို ရရှိနိုင်သည်။ အိုဇုန်း၏အရောင်အဆင်းသည် အပြာနု ရောင်ဖြစ်၍ ထူးခြားသောအနံ့တစ်မျိုးရှိ၏။ အိုဇုန်းသည် အောက်ဆီဂျင်ထက် တစ်ဆခွဲမျှလေးပြီးလျှင် ရေတွင်လည်း အောက်ဆီဂျင်ထက် ပိုမို၍ပျော်ဝင်နိုင်သည်။ ရာဘာ၊ ဖော့ စသောပစ္စည်းတို့ကို အလွယ်တကူစားနိုင်သည်။ အထည်အလိပ်၊ ပန်းပွင့် အစရှိသော ပစ္စည်းတို့တွင်ရှိသော အရောင်တို့ကို ချွတ် ပစ်နိုင်သည်သာမက ရောဂါပိုးမွှားများကို သေစေတတ်သော သတ္တိလည်းရှိသည်။ မြို့ကြီးပြကြီးများ၌ သောက်ရေများကို ရောဂါပိုးတို့၏အန္တရာယ်မှ လွတ်ကင်း၍ သန့်ရှင်းစင်ကြယ် အောင် အိုဇုန်းဖြင့် စီမံပြုလုပ်ကြလေသည်။

အောက်ဆီဂျင်ဓာတ်ငွေ့၏ ဓာတုသင်္ကေတမှာ ဥ ဖြစ် ၍ ယင်း၏အက်တမ်အလေးဆမှာ ၁၆၊ အက်တမ်အမှတ်စဉ်မှာ ၈ ဖြစ်လေသည်။[၃]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Emsley 2001, p.297
  2. Atomic oxygen erosion. Archived from the original on June 13, 2007။ Retrieved on 2009-08-08
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)