မာတိကာသို့ ခုန်သွားရန်

လေထု

ဝီကီပီးဒီးယား မှ
အင်္ဂါဂြိုဟ်၏ ပါးလွှာသောလေထု
ကမ္ဘာ့လေထု၏ အလွှာများ

လေထု (အင်္ဂလိပ်: Atmosphere, ရှေးဟောင်းဂရိစကားလုံးမှ (ἀτμός (atmós) 'အငွေ့' နှင့် σφαῖρα (sphaîra) 'စက်လုံး') သည် ဂြိုဟ်ကဲ့သို့သော အရာဝတ္ထုတစ်ခုအား ဒြပ်ဆွဲအားဖြင့် ဝိုင်းရံထားသည့် အငွေ့လွှာတစ်ခု ဖြစ်သည်။ အရာဝတ္ထုတစ်ခု၏ ဒြပ်ဆွဲအားသည် များနေပြီး လေထုအပူချိန်သည် နည်းပါက လေထုတစ်ခုသည် တည်ရှိနေမည်ဖြစ်သည်။

ကမ္ဘာ့လေထုတွင် နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်း၊ အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်း၊ အာဂွန် ၀.၉ ရာခိုင်နှုန်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အခြားဓာတ်ငွေ့များ ပါဝင်သည်။ အောက်ဆီဂျင်သည် သက်ရှိများ အသက်ရှူရန်၊ နိုက်ထရိုဂျင်သည် အမီနို အက်စစ်ထုတ်လုပ်ရန်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုမူ အပင်များအတွက် အစာခြေရန် စသည်ဖြင့် အသုံးပြုကြသည်။

လေထုသည် သက်ရှိများ၏ genetic ပျက်စီးမှုကို နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်များကို ကာကွယ်ပေးသည်။ ယင်း၏ လက်ရှိတွင် ပါဝင်သောပစ္စည်းများသည် နှစ်ပေါင်း ဘီလီယံချီ၍ သက်ရှိများ၏ ဇီဝဓာတုဆိုင်ရာ လေထုပြုပြင်ပြောင်းလဲမှုများကြောင့် ဖြစ်သည်။



ကိုးကား

[ပြင်ဆင်ရန်]