မော်လီကျူး

ဝီကီပီးဒီးယား မှ
terpenoid မော်လီကျူး တစ်ခု၏ ပြင်ညီပုံ (ဝဲ) နှင့် ရုပ်လုံးကြွပုံ (လယ်၊ ယာ) များ

မော်လီကျူး (သို့) အဏုမြူ (Molecule) ဆိုသည်မှာ အရာဝတ္ထုများ၏ အသေးငယ်ဆုံး ယူနစ်ဖြစ်ပြီး အက်တမ်နှစ်ခုနှင့်အထက် တိကျသည့် အနေအထားတွင် ဓာတုအားများဖြင့် အချင်းချင်း ဆွဲငင် ဖွဲ့စည်းထားသည့် လျှပ်စစ်ဓာတ်ပျယ် အုပ်စုဖြစ်သည်။ မော်လီကျူး တစ်ခုတွင် ဒြပ်စင်တစ်မျိုးတည်းမှ အက်တမ်များ (အောက်စီဂျင် O2) သို့မဟုတ် အမျိုးမတူသည့် ဒြပ်စင်များမှ အက်တမ်များ (ရေမော်လီကျူး H2O) ဖြင့် ဖွဲ့စည်းထားနိုင်သည်။