ပရဥဇ္ဈာပနကသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(အဋ္ဌမသိက္ခာပုဒ်၊ အန္ဓကာရဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—မိမိက အကြားလွဲအမှတ်လွဲ၍ သူတစ်ပါးကို ကဲ့ရဲ့ စေမှု။

အမှုသည်—ဘဒ္ဒါကာပိလာနီ၏တပည့်မဘိက္ခုနီ။ [၁]

ရှင်မဘဒ္ဒါ၏ တပည့်မ[ပြင်ဆင်ရန်]

ဘဒ္ဒါကာပိလာနီ၏ တပည့်မ ဘိက္ခုနီသည် သူ၏ ဆရာမကို ကောင်းမွန်စွာ ပြုစုလုပ်ကျွေး၏၊ ဘဒ္ဒါကာပိနီ၏ ထိုတပည့်မ၏ ကောင်းမွန်စွာပြုစုဘော်ရကြောင်းကိုလည်းကောင်း, ထိုတပည့်မအား သင်္ကန်းပေးမည့် အကြောင်းကိုလည်းကောင်း, အခြား ဘိက္ခုနီတို့အားပြောပြ၏၊ ထိုစကားကို တပည့်မဘိက္ခုနီသည် “ကောင်းစွာ ပြုစုဘော်မရဘူး, သူအား သင်္ကန်းမပေးတော့ဘူး”ဟု ပြောင်းပြန်ကြားသဖြင့် သူ့ဆရာ(ရှင်မဘဒ္ဒါ)အား အထင်သေး အမြင်သေး ဖြစ်အောင် “တပည့်တော်က သူ့ကိုကောင်းမွန်စွာ မပြုစုဘူးတဲ့, တပည့်တော်ကို သင်္ကန်း မပေးဘူးတဲ့”ဟု အခြားဘိက္ခုနီတို့အား ပြောလေသည်၊ ထိုသို့ သူအကြား လွှဲ၍ ဆရာမအား အပြစ်ပြောသည်ကို မခံနိုင်သော ဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ဒုဂ္ဂဟိတေန ဒူပဓာရိတေန ပရံ ဥဇ္ဈာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ဘိက္ခုနီသည် မိမိက မှားမှား ယွင်းယွင်း ယူခြင်း, မှားမှားယွင်းယွင်း မှတ်ထားခြင်းဖြင့် (ရဟန်းဖြစ်သူ) သူတစ်ပါးကို အထင်သေး အမြင်သေးခံရအောင် အပြစ်ပြောအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ [ထိုသို့ အမှတ်လွဲ၍ သာမဏေ-လူဝတ် ကြောင်ကို အပြစ်ပြောလျှင် ဒုက္ကဋ်အာပတ်သင့်၏။]

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး