သံယောဇဉ် (၁ဝ)ပါး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဗုဒ္ဓဘာသာ သင်္ကေတ

သံယောဇဉ် ၁၀-ပါးကို သုတ္တန်နည်းနှင့် အဘိဓမ္မာနည်းဟူ၍ ယေဘုယျအားဖြင့် ခွဲခြားနိုင်သည်။ သတ္တဝါ အပေါင်းတို့အား ထိုထိုဘဝမှ မလွတ်ရအောင် တုပ်နှောင်ဖွဲ့ချည်ထားတတ်သော တရားဆယ်ပါး ဟူ၍ အနက်ရရှိသည်။

သုတ္တန်နည်း[ပြင်ဆင်ရန်]

သုတ္တန်အရ ခွဲခြားနည်းမှာ[၁]

  1. ကာမရာဂ သံယောဇဉ်- ကာမတဏှာ လောဘ။
  2. ရူပရာဂ သံယောဇဉ်- ရူပတဏှာ။
  3. အရူပရာဂ သံယောဇဉ်- အရူပတဏှာ။
  4. ပဋိဃ သံယောဇဉ်- ဒေါသစေတသိက်။
  5. ဒိဋ္ဌိ သံယောဇဉ်- ဒိဋ္ဌိစေတသိက်။
  6. မာန သံယောဇဉ်- မာနစေတသိက်။
  7. သီလဗ္ဗတ ပရာမာသ သံယောဇဉ်- ဒိဋ္ဌိစေတသိက်။
  8. ဝိစိကိစ္ဆာ သံယောဇဉ်- ဝိစိကိစ္ဆာစေတသိက်။
  9. ဥဒ္ဓစ္စ သံယောဇဉ်- ဥဒ္ဓစ္စ စေတသိက်။
  10. အဝိဇ္ဇာ သံယောဇဉ်- မောဟစေတသိက်။

အဘိဓမ္မာနည်း[ပြင်ဆင်ရန်]

အဘိဓမ္မာအရ ခွဲခြားနည်းမှာ[၂]

  1. ကာမရာဂသံယောဇန
  2. ဘဝရာဂသံယောဇန
  3. ပဋိဃရာဂသံယောဇန
  4. မာနသံယောဇန
  5. ဒိဋ္ဌိသံယောဇန
  6. သီလဗ္ဗတပရာမာသသံယောဇန
  7. ဝိစိကိစ္ဆာသံယောဇန
  8. ဣဿာသံယောဇန
  9. မစ္ဆရိယသံယောဇန
  10. အဝိဇ္ဇာသံယောဇန တို့ဖြစ်ကြသည်။

သုတ္တန်နည်းနှင့်အဘိဓမ္မာနည်းတွင်ကွဲပြားသွားသည်မှာ သုတ္တန်နည်းသည် ရူပရာဂနဲ့အရူပရာဂသံယောဇနကို အဘိဓမ္မာနည်း၌ ဘဝရာဂသံယောဇနဟူ၍ ပေါင်းယူလိုက်ခြင်းဖြစ်၏ ။

ကိုးကား[ပြင်ဆင်ရန်]

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း
  2. University of Abhidhamma Level I textbook,Designation of individuals (Puggalapanna- tti)