သေနာဝါသသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(သောနာဝါသသိက္ခာပုဒ် မှ ပြန်ညွှန်းထားသည်)

အမှု—စစ်တပ်၌ ကြာရှည်စွာ နေမှု။

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။


၃-ညဉ့်ထက်ပို၍ စစ်တပ်၌နေမှု[ပြင်ဆင်ရန်]

သာဝတ္ထိမြို့၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စစ်တပ်သို့ သွားထိုက်သော အကြောင်းကြောင့် သွားကြပြီးနောက် ထိုစစ်တပ်ထဲ၌ ၃-ညဉ့်ထက်ပို၍ နေကြလေသည်၊ ထိုအခါ လူတို့က ကဲ့ရဲ့ကြသည်မှာ- “အကြင် ငါတို့မှာ အသက်မွေးဝမ်းကျောင်းအတွက် သားကျွေးမှု မယားကျွေးမှုအတွက်ကြောင့် စစ်တပ်မှာ နေကြရသည်၊ ထိုငါတို့မှာ ဘဝကို အရမတော်ကြကုန်, ထိုငါတို့မှာ လူ့ အဖြစ်ကို မကောင်းသဖြင့် ရအပ်၏၊ ရဟန်းတော်တွေကား (အနေသာသားနှင့်) ဘာကြောင့် စစ်တပ်ထဲမှာ နေကြရသနည်း” ဤသို့ ကဲ့ရဲ့ကြသည်ကို ဗုဒ္ဓ ရှင်တော်ကြားတော်မူရ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

သိယာ စ တဿ ဘိက္ခုနော ကောစိဒေဝ ပစ္စယော သေနံ ဂမနာယ, ဒိရတ္တတိရတ္တံ တေန ဘိက္ခုနာ သေနာယ ဝသိတဗ္ဗံ။ တတော စေ ဥတ္တရိ ဝသေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

ထိုရဟန်းမှာ စစ်တပ်သို့ သွားဘို့ရန် လုံလောက်သော အကြောင်း တစုံတရာရှိအံ့၊ (ဆွေမျိုး၏ မမာမကျန်း ဖြစ်၍ ပင့်လျှောက်ခြင်း, တရားဟောဘို့ ကိစ္စရှိခြင်းစသော လုံလောက်သော အကြောင်းကိစ္စ ရှိအံ့ဟူလို၊) ထိုရဟန်းသည် သွားကောင်း၏၊ ရှေ့သိက္ခာပုဒ်အရ အာပတ်မသင့်’ဟူလို၊ သို့သော် ထိုရဟန်းသည် ၂-ညဉ့်ဖြစ်စေ အလွန်ဆုံး ၃-ညဖြစ်စေ စစ်တပ်၌နေနိုင်၏၊ ထို ၃-ညဉ့် ထက်လွန်၍ နေလျှင် ပါစိတ်အာပတ်သင့်သည်။ [ဤသိက္ခာပုဒ်၌ “ကောစိဒေဝပစ္စယော” အရနှင့် ရှေ့သိက္ခာပုဒ်လာ “တထာရူပ ပစ္စယာ”အရသည် သဘောဟုပင်တည်း။]

ကိုးကား[ပြင်ဆင်ရန်]