သမသူပကပဋိဂ္ဂဟဏသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
သမသူပကပဋိဂ္ဂဟဏသိက္ခာပုဒ် (ခမ္ဘကတဝဂ်)
ပဲဟင်းကိုများစွာ ခံယူမှု
[ပြင်ဆင်ရန်]ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပဲဟင်းကိုများစွာ ခံယူကြကုန်၏၊ [ “ပဲဟင်း”ဟူသည် မပြစ်လွန်း မကျဲလွန်းသောလက်ဖြင့် ကော်ယူလျှင် ရနိုင်လောက်သော ပဲနောက်ဟင်း ပဲကြီးဟင်းတည်း၊ အခြားပဲဟင်းများလည်း ပါဝင်၏-ဟု ဆိုသေး၏၊] ထိုကဲ့သို့ ပဲဟင်းကို များစွာခံယူခြင်းကြောင့် လူတို့ကဲ့ရဲ့ရကား-[၁]
“သမသူပကံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်
[ပြင်ဆင်ရန်]“တော်လောက်ရုံသော ပဲဟင်းရှိသည်ဖြစ်၍ ဆွမ်းကို ခံယူအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။
မှတ်ချက်
[ပြင်ဆင်ရန်]ဆွမ်း၏ ၄-ပုံတွင် ၁-ပုံလောက်သာရှိသော ပဲဟင်းကို ဆွမ်းနှင့်ညီမျှ သောပဲဟင်း”ဟုဆိုသည်၊ အိန္ဒိယနိုင်ငံ၌ ပဲဟင်း စားလေ့ရှိသောကြောင့် ပဲဟင်းနှင့်စပ်၍ သိက္ခာပုဒ်တရပ် ပညတ်တော်မူရသည်၊ ထို့ကြောင့် ပဲဟင်းမှတပါး အခြားသော ဟင်းချိုဟင်း ချဉ်ရည်ဟင်း သားဟင်း ငါးဟင်းများကိုကား များစွာ ခံယူသော်၎င်း, လက်ကော်ရပဲဟင်းကိုလည်း ဉာတိတို့ ပစ္စည်းဖိတ်မန်အပ်သူတို့ ပစ္စည်းဖြစ်မူ များစွာခံယူသော်၎င်း အာပတ်မသင့်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။