ဒုတိယသံဃိကစေတာပနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(သတ္တမသိက္ခာပုဒ်၊ ပတ္တဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—သင်္ကန်းကို ရည်ညွှန်း၍ လှူအပ်သော သံဃိကဥစ္စာ, ကိုယ်တိုင်တောင်း၍ ရသော ဥစ္စာ ၂-မျိုးဖြင့် ဆေးကို လဲစေမှု။

အမှုသည်—ဘိက္ခုနီအများ။ [၁]

ဥပါသကာများ[ပြင်ဆင်ရန်]

ရှေ့သိက္ခာပုဒ်အတိုင်းပင် ဥပါသကာအများ စုပေါင်း၍ အထည်သည် အိမ်မှာ (ဆန် ဆီ စသော ရသမျှ ပစ္စည်းကို) အပ်နှံပြီးလျှင် ဘိက္ခုနီသံဃာအားလည်း ထိုပစ္စည်းဖြင့် သင်္ကန်းကို လဲစေ၍ သုံးစွဲဖို့ရန် ဖိတ်မန် လျှောက်ထားကြလေသည်၊ ဘိက္ခုနီတို့ကား သူတို့ရည်ရွယ်သည့်အတိုင်း မဟုတ်ဘဲ ထိုပစ္စည်းနှင့် မိမိတို့ အခြားမှ ရသော ပစ္စည်းပါပေါင်း၍ ထိုပစ္စည်း ၂-မျိုးဖြင့် ဆေးကိုလဲစေ၍ သုံးစွဲကြလေသည်၊ ထိုအကြောင်းကိုကြား၍ အလှူရှင် ဥပါသကာတို့ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန ပရိက္ခာရေန အညုဒ္ဒိသိကေန သံဃိကေန သညာစိကေန အညံ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင် ဘိက္ခုနီသည် အခြားပစ္စည်းအတွက် လှူအပ်-အခြားပစ္စည်းကို ရည်ညွှန်း၍ လှူအပ်သော သံဃိကပရိက္ခရာ, မိမိ ကိုယ်တိုင်တောင်း၍ ရသော ပရိက္ခရာ, ဤပရိက္ခရာ ၂-မျိုးဖြင့် အလှူ့ရှင် ရည်ညွှန်းအပ်သော ပရိက္ခရာမှ အခြားတစ်မျိုးသော ပရိက္ခရာကို လဲစေအံ့၊ ထိုဘိက္ခုနီမှာ နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး