အန်းနက် လောရင့်

ဝီကီပီးဒီးယား မှ
အန်းနက် လောရင့်
Head and shoulders of a man wearing rimless glasses, and a dark suit and tie
လောရင့် (၁၉၃၉ ခုနှစ်)
မွေးဖွားအန်းနက် အော်လန်ဒို လောရင့်
(1901-08-08)ဩဂုတ် ၈၊ ၁၉၀၁
ကန်တန်၊ တောင်ဒါကိုတာပြည်နယ်အမေရိကန်ပြည်ထောင်စု
ဆုံးပါးဩဂုတ် ၂၇၊ ၁၉၅၈(1958-08-27) (အသက် ၅၇)
ပယ်လိုအယ်တို၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
နေထိုင်ရာဘရက်လီ၊ ကယ်လီဖိုးနီးယား
နိုင်ငံလူမျိုးအမေရိကန်လူမျိုး
နယ်ပယ်ရူပဗေဒ
အဖွဲ့အစည်းဌာနUniversity of California
ယေးလ်တက္ကသိုလ်
မိခင်ကျောင်းတောင်ဒါကိုတာတက္ကသိုလ်၊ B.A.
မင်နီဆိုးတားတက္ကသိုလ်, M.A.
ယေးလ်တက္ကသိုလ်၊ Ph.D.
ဘွဲ့ယူစာတမ်းThe Photoelectric Effect in Potassium Vapor as a Function of the Frequency of the Light (၁၉၂၄)
ပါရဂူဘွဲ့ ကြီးကြပ်သူWilliam Francis Gray Swann
ပါရဂူဘွဲ့ယူ တပည့်များEdwin McMillan
Chien-Shiung Wu
Milton S. Livingston
Kenneth Ross MacKenzie
John Reginald Richardson
ကျော်ကြားမှုအရင်းခံInvention of the cyclotron
Manhattan Project
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များHughes Medal (1937)
Elliott Cresson Medal (1937)
Comstock Prize in Physics (1938)
Nobel Prize in Physics (1939)
Duddell Medal and Prize (1940)
Holley Medal (1942)
Medal for Merit (1946)
Officer de la Legion d'Honneur (1948)
William Procter Prize (1951)
Faraday Medal (1952)
Enrico Fermi Award (1957)
Sylvanus Thayer Award (1958)
အိမ်ထောင်ဘက်Mary K. "Molly" (Blumer) Lawrence (1910–2003)
(m. 1932–1958, his death)
ရင်သွေး(များ)သား ၂ ယောက်, သမီး ၄ ယောက်
လက်မှတ်

အန်းနက် အော်လန်ဒို လောရင့် (အင်္ဂလိပ်: Ernest Orlando Lawrence) ကို ၁၉၀၁ ခုနှစ် ဩဂုတ်လ ၈ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ တောင်-ဒါကိုတာပြည်နယ်၊ ကန်တန်မြို့၌ မွေးဖွားခဲ့သည်။ သူ၏မိဘများသည် နော်ဝေနိုင်ငံသားများဖြစ်ပြီး အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ကြသူများဖြစ်သည်။ လောရင့်သည် အထက်တန်းပညာရပ်များ သင်ယူပြီးသည့်အခါ တောင်-ဒါကိုတာတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ၁၉၂၂ ခုနှစ်တွင် ဓာတုဗေဒဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။ အဆိုပါ နှစ်မှာပင် မင်နယ်ဆိုး တက္ကသိုလ်မှ အမ်အေဘွဲ့နှင့် ၁၉၂၅ ခုနှစ်တွင် ယေးလ်တက္ကသိုလ်မှ ပါရဂူဘွဲ့ရခဲ့သည်။ သူသည် ငယ်ရွယ်စဉ်ကပင် ရူပဗေဒပညာရပ်နယ်ပယ်၌ ထင်ရှားသော သိပ္ပံပညာရှင်တစ်ဦးဖြစ်ခဲ့သည်။ လော့ရင့်သည် ယေးလ်တက္ကသိုလ်ရှိ သုတေသနတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ၎င်းမှ ရူပဗေဒလက်ထောက်ပါမောက္ခနှင့် ၁၉၂၈ ခုနှစ်တွင် ဘတ်ကလေးမြို့ရှိ ကာလီဖိုးနီးယားတက္ကသိုလ်တွင် ပါမောက္ခတစ်ဦးဖြစ်လာသည်။ ၁၉၃၆ ခုနှစ်တွင် အဆိုပါတက္ကသိုလ်ရှိ သုတေသနဓာတ်ခွဲခန်းတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ ၎င်းတွင် သူကွယ်လွန်သည့် အချိန်အထိဖြစ်သည်။ သူသည် ကိုလံဘီယာရှိ ကင်ဆာသုတေသနသိပ္ပံ၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်ဖြစ်ပွားသည့်အခါ လောရင့်သည် အနုမြူဗုံးတီထွင်သည့် စီမံကိန်းတွင် အရေးပါသောနေရာမှ တာဝန်ထမ်းဆောင်ခဲ့သည်။ လောရင့်၏သုတေသနလုပ်ငန်းများတွင် နျူကလီးယားဆိုင်ရာ ရူပဗေဒ၊ သတ္တုအခိုးအငွေ့များ၏ အိုင်းယွန်းအသွင်ကူးပြောင်းခြင်းတို့ပါဝင်သည်။ ၁၉၂၉ ခုနှစ်တွင် နျူကလီးယားဒြပ်မှုန်များကို အရှိန်မြှင့်ပေးနိုင်သည့် ဆိုင်ကလိုထရွန်ကိရိယာကို တီထွင်ခဲ့သည်။ ၎င်းသည်လွန်မြင့်မားသော ဗို့အားမလိုဘဲ ဒြပ်များကိုလျင်မြန်စွာ ရွေ့လျားနိုင်ပြီး အနုမြူဗုံးထုတ်လုပ်ရာတွင် အသုံးပြုသည်။ လောရင့်သည် ရေဒီယိုသတ္တိကြွအိုင်ဆိုတုတ်များစွာကိုလည်း ရှာဖွေဖော်ထုတ်ခဲ့သည်။ လောရင့်သည် အစ်ကိုဖြစ်သူ ဆေးဘက်ဆိုင်ရာ ရူပဗေဒသုတေသနဓာတ်ခွဲခန်း၏ ညွှန်ကြားရေးမှူး ဒေါက်တာဂျွန်လောရင့်နှင့်အတူ ဆေးပညာရပ်များကို ပူးပေါင်းဖော်ထုတ်ခဲ့ပြီး ဆိုင်ကလိုထရွန်ကိရိယာနှင့် ပတ်သက်သည့် အချက်အလက်များကို ရှာဖွေခဲ့ခြင်းဖြစ်သည်။

ပါမောက္ခလောရင့်၏ ဆိုင်ကလိုထရွန်ကိရိယာကို တီထွင်ခဲ့ခြင်းနှင့် သဘာဝအလျောက်မဟုတ်ဘဲ တုပဖန်တီးနိုင်သည့် ရေဒီယိုသတ္တိကြွဒြပ်စင်များအကြောင်းကို ဖော်ထုတ်နိုင်ချက်ကြောင့် ၁၉၃၉ ခုနှစ်အတွက် ရူပဗေဒပညာရပ်ဆိုင်ရာထူးချွန်သူအဖြစ် နိုဘဲလ်ဆု ချီးမြှင့်ခြင်း ခံရသည်။ လောရင့်သည် ပိုမိုအားကောင်းသော ဆိုင်ကလိုထရွန်ကို တည်ဆောက်ခဲ့ပြီး ၁၉၄၁ ခုနှစ်တွင် အဆိုပါ ကိရိယာကို မက်ဆွန်(mesons) ခေါ် ကော့စမစ်ဒြပ်မှုန်များကို ထုတ်လုပ်ရာ၌ အသုံးပြုခဲ့သည်။ ဆိုင်ကလိုထရွန်ကိရိယာကို နျူးကလီးယားရူပဗေဒလက်တွေ့စမ်းသပ်များပြုလုပ်ရာတွင် ရာစုနှစ်ပေါင်းများစွာ သုံးခဲ့ကြသည်။ သုတေသနလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း ယနေ့တိုင် သုံးနေကြဆဲဖြစ်သည်။ ထို့အပြင် ကင်ဆာရောဂါကုသသည့်လုပ်ငန်းတွင်နှင့် အနုမြူဗုံးထုတ်လုပ်သည့် လုပ်ငန်းများတွင်လည်း သုံးကြသည်။ သူသည် လျှပ်စစ်မီးပွား ရိုက်ခတ်မှုအကြောင်းကို လေ့လာခဲ့ပြီး ၎င်းကိုအံ့ဩဖွယ် အလွန်မြန်သည့် တစ်စက္ကန့်၏ သန်းပေါင်းများစွာသော အချိန်အတွင်း တိုင်းတာသည့် နည်းလမ်းကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ အီလက်ထရွန်၏ Charge to Mass Ratio (e/m ratio) အချိုးကို တိကျစွာတိုင်းတာသည့်နည်းကိုလည်း တီထွင်ခဲ့သည်။ လောရင့်သည် ၁၉၃၂ ခုနှစ်တွင် Mary Kimberly Blumer နှင့် အိမ်ထောင်ပြုခဲ့ပြီး သားသမီးခြောက်ဦး ထွန်းကားခဲ့သည်။ သူသည်လှေစီးခြင်း၊ တင်းနစ်ကစားခြင်းနှင့် တေးဂီတတွင် ဝါသနာပါသူဖြစ်သည်။ အော်လန်ဒို လောရင့်သည် ၁၉၅၈ ခုနှစ် ဩဂုတ်လ ၂၇ ရက်တွင် သူ၏ အသက် ၅၇ နှစ်အရွယ်တွင် ကာလီဖိုးနီးယားပြည်နယ်၊ ပယ်လိုအယ်တိုမြို့၌ ကွယ်လွန်ခဲ့သည်။

ကိုးကားချက်[ပြင်ဆင်ရန်]

သိပ္ပံနှင့်နည်းပညာဂျာနယ် အမှတ် - ၁၆၄ (ဖေဖော်ဝါရီ ၁၈၊ ၂၀၀၉)