မာတိကာသို့ ခုန်သွားရန်

လဟယ်မြို့

ဝီကီပီးဒီးယား မှ
(လဟယ် မှ ပြန်ညွှန်းထားသည်)
လဟယ်မြို့
မြို့
လဟယ်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
လဟယ်မြို့
လဟယ်မြို့
လဟယ်မြို့တည်နေရာ
ကိုဩဒိနိတ်: 26°19′31″N 95°26′34″E / 26.32528°N 95.44278°E / 26.32528; 95.44278ကိုဩဒိနိတ်: 26°19′31″N 95°26′34″E / 26.32528°N 95.44278°E / 26.32528; 95.44278
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
မြို့နယ်လဟယ်မြို့နယ်
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁၀၃၂ မီတာ (၃၃၈၇ ပေ)
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၃,၁၄၁[]
 • လူမျိုးများနာဂ
အချိန်ဇုန်MST (UTC+6.30)

လဟယ်မြို့ သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလဟယ်မြို့နယ်၏ မြို့နယ်ရုံးစိုက်ရာ မြို့ ဖြစ်သည်။[]

လဟယ်သည် နာဂသူကြီး အီနွယ်လှဟယ်ကို အစွဲပြု၍ လဟယ်ဟု ခေါ်သည်။ ၁၉၆၇-၆၈ ခုနှစ်တွင် ရာသီဥတု ကြမ်းတမ်းပြီး အဖျားအနာ ထူပြောလှသောကြောင့် နေရာသစ်ကို ရှာဖွေကြသော နာဂလိုင်နောင် မျိုးနွယ်စုသည် သစ်ခြောက်ပင်ကြီး တပင် အခေါက်ကွာနေသည့် နေရာတွင် မြို့ရွာ တည်ပြီး၊ ပီးကူရွာဟု ခေါ်ဆိုသည်။ ပီးကူရွာသူကြီးကား အီနွယ်လှဟယ် ဖြစ်သည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၄၃၁၃ ပေ အမြင့်တွင် တည်သော ‌လဟယ်သည် တောင်ပေါ်ဒေသ ဖြစ်သော်ငြား မြေပြန့်လွင်ပြင်များလည်း ရှိသည်။ လဟယ်သို့ ခန္တီးမြို့ တဖက်ကကမ်း ဆင်သေရွာမှ တဆင့် သွားနိုင်သည်။ ကားလမ်း မပေါက်မီက ဆင်သေရွာမှ ကုန်စည်များကို ဝန်တင်လားများဖြင့် ပို့ဆောင်ရသည်။ ခန္တီး ဆင်သေ လဟယ်လမ်းမှာ ၅၆ မိုင် ဝေးပြီး၊ ၁၉၅၂ တွင် ဖောက်လုပ်သည်။ ၁၉၉၀ ပြည့်နှစ်၌ လမ်းကို ထပ်မံ ပြုပြင်ရာ ၁၉၉၂ တွင် ကုန်ပစ္စည်းများ အလွယ်တကူ ပို့ဆောင်နိုင်သည်။

ဆင်သေနှင့် လဟယ်အကြား ၅၃ မိုင် ခရီးသည် အလှမ်းမကွာလှသော်လည်း၊ နဂတောင်တန်းများထက် မော်တော်ကား တနေကုန် စီးရသော ခရီး ဖြစ်ပြီး၊ ထိန်ညိုတောင်ကုန်းကို ဖြတ်ကျော်ရသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၄။
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
  3. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၁၈၈။