ရန်ကင်းမြို့နယ်

ဝီကီပီးဒီးယား မှ
(ရန်ကင်း မှ ပြန်ညွှန်းထားသည်)
ရန်ကင်း မြို့နယ်
ရန်ကုန်၏ မြို့နယ်
Skyline of ရန်ကင်း မြို့နယ်
သင်္ဃန်းကျွန်းခရိုင်အတွင်း တည်နေရာ
သင်္ဃန်းကျွန်းခရိုင်အတွင်း တည်နေရာ
ရန်ကင်း မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရန်ကင်း မြို့နယ်
ရန်ကင်း မြို့နယ်
သင်္ဃန်းကျွန်းခရိုင်အတွင်း တည်နေရာ
ကိုဩဒိနိတ်: 16°49′25″N 96°9′46″E / 16.82361°N 96.16278°E / 16.82361; 96.16278ကိုဩဒိနိတ်: 16°49′25″N 96°9′46″E / 16.82361°N 96.16278°E / 16.82361; 96.16278
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ရန်ကုန်
ခရိုင်သင်္ဃန်းကျွန်း
ဧရိယာ
 • စုစုပေါင်း၅.၀၃၀ စတုရန်းကီလိုမီတာ (၁.၉၄၂၁ စတုရန်းမိုင်)
လူဦးရေ (၂၀၁၄)[၁]
 • စုစုပေါင်း၇၀,၉၄၆
 • သိပ်သည်းမှု၁၄၀၀၀/km (၃၇၀၀၀/sq mi)
အချိန်ဇုန်MST (UTC6:30)
စာပို့သင်္ကေတ၁၁၀၈၁

ရန်ကင်းမြို့နယ် သည် မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။

ရန်ကင်းကို Free of Strife ဟု Wikiတွင် ဘာသာပြန်ထားပြီး ခြင်ပေါသော ရာဘာတောဖြစ်နေသည့် ရန်ကင်းမြို့ကို ၁၉၅၂-၅၃ ခုနှစ်တည်‌ဆောက်ခဲ့သည်။ ရန်ကင်းမြို့နယ်သည် မဟာရန်ကုန် မြောက်ဘက်၊ အလယ်ပိုင်းမှာ တည်ရှိသည်။ မြောက်နှင့် အနောက်ဘက်တွင် မရမ်းကုန်းမြို့နယ်၊ အရှေ့ဘက်တွင် တောင်ဥက္ကလာနှင့် သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဘက်တွင် ဗဟန်းမြို့နယ် တည်ရှိသည်။

ရာဇဝင်[ပြင်ဆင်ရန်]

၁၇၅၅-ခုနှစ်၊ ကုန်းဘောင်မင်းဆက်၊ အလောင်းမင်းတရားကြီး သံလျင်တံငါရွာလေးကိုအောင်နိုင်ပြီး ရန်အပေါင်းကင်းဝေးစေရန် တည်‌ဆောက်ခဲ့သော ပဲခူးမြစ်တစ်ဘက်ကမ်း၊ ဒဂုံမြို့(ရန်ကုန်)မြို့၏ မြောက်ဘက် ၆ မိုင်အကွာ ရာဘာတောမှ အခုရန်ကင်းမြို့ကိုတည်ခဲ့သည်။

ရန်ကင်းမြို့သည် ပါလီမန်ခေတ်ဝန်ကြီးချုပ် ဦးနုလက်ထက်အကောင်အထည်ဖေါ်ခဲ့သော ပြည်တော်သာစီမံကိန်းအရ ဖြစ်ပေါ်လာတဲ့ အိုးအိမ်ဦးစီးဋ္ဌာနပိုင်လူနေတိုက်ခန်းများဖြစ်သည်။ပါလီမန်ခေတ်၊ မဆလခေတ်၊ နဝတခေတ်နှင့် နအဖခေတ်အဆက်ဆက် အရပ်ဘက်စစ်ဘက် လူကြီးများသည် ရန်ကင်းတွင် နေထိုင်ခဲ့ဘူးကြသည်။


ကျောက်ကုန်း၊ ဘောက်ထော်၊ ကံဘဲ့ ဟူသည် ရန်ကင်းမြို့မတည်ခင်ထဲက ရှိနေသော ရွာကြီးများဖြစ်သည်။ သူကြီးအုပ်ချုပ်ပြီးအင်းစိန်စီရင်စုထဲတွင် ပါဝင်သည်။ ရန်ကင်း(၁၆)ရပ်ကွက်၊ ဘောက်ထော်တွင် နေထိုင်သော ကံဘဲ့သူကြီး ဦး‌ကျော်လှမှာ ထင်ရှားခဲ့သည်။

ရန်ကင်းတိုက်ခန်းများမဖြစ်ခင် ကန်ကုန်း၊ ရွာသစ်ကုန်းရွာငယ်လေးများရှိပြီး ရွာသစ်ကုန်းဆိုသည်မှာ အခုရန်ကင်းဈေးနှင့် ရန်ငြိမ်းအိမ်ရာနေရာ၊ ပညာဝတီဘုန်းကြီးကျောင်းဘေးဖြစ်သည်။ ကန်ကုန်းကဖျက်သိမ်းလိုက်သော ရန်ကင်း(၁၀)ရပ်ကွက်​​ြဖစ်သည်။​ ဘဲကန် (ဆည်မြောင်းရုံး)နှင့် တပ်‌ဟောင်းသနက(၄) ကြားတွင် တည်ရှိသည်။

အကျယ်အဝန်း[ပြင်ဆင်ရန်]

၂၀၀၀-ခုနှစ်၊ စာရင်းအရ ရန်ကင်းအကျယ်အဝန်းမှာ ၁.၉၄၂ စတုရန်းမိုင်၊ လူသိပ်သည်းဆ တစ်စတုရန်းမိုင်လူအယောက် ၈၀၀၀၀၊ လူစုစုပေါင်း ၁၅၅၀၀၀ ရှိခဲ့သည်။

ရန်ကင်း၌ မူလတွင် (၁၆)ရပ်ကွက်ရှိပြီး ဘဲကန်၊ ကန်ကုန်းခေါ်​ေသာရန်ကင်း(၁၀)ရပ်ကွက်ကို နဝတစစ်အစိုးရခေတ်တွင် ဖျက်သိမ်းပြီး၊ ဒိုက်ဦး အေးသုခကျေးရွာနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) ပြောင်းရွှေ့ခဲ့ရ၍ အခုအခါ ရပ်ကွက် (၁၅) ရပ်ကွက်သာ ကျန်တော့သည်။


ပညာရေး[ပြင်ဆင်ရန်]

ရန်ကင်းမြို့နယ်တွင် မူလတန်းကျောင်း (၁၃)ကျောင်း၊အလယ်တန်းကျောင်း (၇)ကျောင်း၊အထက်တန်းကျောင်း (၂)ကျောင်း တည်ရှိသည်။ ကံဘဲ့ ဆရာအတတ်သင်သိပ္ပံ(ခေါ်) ရန်ကင်းပညာရေးကောလိပ်(ရန်ကင်း TTC) မှာ ထင်ရှားသည်။


ရန်ကင်းမြို့နယ်သည် စီးပွားရေးမြို့တော်ဖြစ်ပြီး (၂)ရပ်ကွက်ရှိ ရန်ကင်းစင်တာ၊ အနောက်ရန်ကင်းမှာရှိသော Space Condo, Sky Suite Condo နှင့် ခေတ်မှီအိမ်ရာအသစ်များ၊ ဆောက်လုပ်ဆဲမိုးမျော်တိုက်စီမံကိန်းများ ခေတ်မှီအဆောက်အဦး ဈေးဝယ်စင်တာများသည် ရန်ကုန်မြို့ရှိ ဈေးဝယ်သူများကို ဆွဲဆောင်​ရာ အဓိကနေရာတစ်ခုဖြစ်လာသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၁။