ဘန်ကောက်မြို့

ဝီကီပီးဒီးယား မှ
(ဘန်ကောက် မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search
ဘန်ကောက်မြို့
กรุงเทพมหานคร
Krung Thep Maha Nakhon
အထူးအုပ်ချုပ်ရေး ဧရိယာ
ဘန်ကောက်မြို့မြင်ကွင်း
ဘန်ကောက်မြို့မြင်ကွင်း
A green rectangular flag with the seal of Bangkok in the centre
အလံတော်
A round seal bearing the image of Indra riding Airavata among clouds, with the words "Krung Thep Maha Nakhon" (in Thai) across the top
စည်းတံဆိပ်
Map of Thailand, with a small highlighted area near the centre of the country, near the coast of the Gulf of Thailand
ထိုင်းနိုင်ငံတွင်း ဘန်ကောက်မြို့တည်နေရာ
ကိုဩဒိနိတ်: 13°45′N 100°28′E / 13.750°N 100.467°E / 13.750; 100.467[၁]
နိုင်ငံ  ထိုင်း
ဒေသ ဗဟိုထိုင်းနိုင်ငံ
တည်ထောင် c ၁၅ ရာစု
မြို့တော်အဆင့် ၂၁ ဧပြီ ၁၇၈၂
Re-incorporated ၁၃ ဒီဇင်ဘာ ၁၉၇၂
တည်ထောင်သူ ဘုရင် Rama I
အုပ်ချုပ်ရေးအဖွဲ့ ဘန်ကောက်မြို့ပြစီမံခန့်ခွဲရေးအဖွဲ့
အစိုးရ
 • အမျိုးအစား အထူးအုပ်ချုပ်ရေး ဧရိယာ
 • အုပ်ချုပ်ရေးမှူး Sukhumbhand Paribatra (ဒီမိုကရက်ပါတီ)
ဧရိယာ[၁]
 • မြို့တော် ၁၅၆၈.၇၃၇ စတုရန်းကီလိုမီတာ (၆၀၅.၆၉၃ စတုရန်းမိုင်)
 • မြို့ပြကြီး[၂] ၇၇၆၁.၆ စတုရန်းကီလိုမီတာ (၂၉၉၆.၈ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်[၃] ၁.၅ မီတာ (၄.၉ ပေ)
လူဦးရေ (၂၀၁၀ သန်းခေါင်စာရင်း)[၄]
 • မြို့တော် ၈၂၈၀၉၂၅
 • သိပ်သည်းမှု ၅၃၀၀/km (၁၄၀၀၀/sq mi)
 • မြို့ပြကြီး ၁၄၅၆၅၅၄၇
 • မြို့ပြကြီး သိပ်သည်းမှု ၁၉၀၀/km (၄၉၀၀/sq mi)
Demonym(s) Bangkokian
အချိန်ဇုန် ICT (UTC+7)
စာပို့သင်္ကေတ 10###
ဧရိယာကုဒ်(များ) ၀၂
ISO 3166 ကုဒ် TH-10
ဝက်ဘ်ဆိုဒ် bangkok.go.th

ဘန်ကောက်မြို့သည် ထိုင်းနိုင်ငံ၏ အကြီးဆုံးဖြစ်သကဲ့သို့ မြို့တော်လည်းဖြစ်သည်။ ထိုင်းပင်လယ်ကွေ့ထဲသို့ စီးဝင်သော မဲနမ်မြစ်(ချောင်ဖယားမြစ်) ၏ မြစ်ကမ်းပေါ်တွင် တည်ရှိ၍ ပင်လယ်ကွေ့မှ ၁၅မိုင်ခန့် ကွာဝေးသည်။ မဲနမ်မြစ်သည် ထိုင်းနိုင်ငံ၏ ကုန်သွယ်စီးပွားရေးအတွက် ပင်မသွေးကြောသဖွယ် ဖြစ်ပေရာ နိုင်ငံ၏အလယ်ပိုင်းဒေသများနှင့် ထိုမြစ်ကြောင်းတလျှောက်မှ ရောက်လာကြသော ဆန်စပါး၊ ကျွန်းသစ်၊ ကြက်ပေါင်စေး၊ သစ်စေ့၊ ငြုပ်ကောင်းစသည့် နိုင်ငံ၏ ထွက်ကုန်များကို ဘန်ကောက်မြို့၏ တဖက်ကမ်းရှိ ပင်လယ်သင်္ဘောဆိပ်ကမ်းမှတဆင့် နိုင်ငံခြားသို့ ပို့ရသည်။ ပိုး၊ ခြည်ထည်၊ စက်ကိရိယာ၊ ကုန်မာပစ္စည်းစသော သွင်းကုန်များကိုလည်း ဘန်ကောက်မြို့မှတဆင့် နိုင်ငံအရပ်ရပ်သို့ ဖြန့်ဖြူးရသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ၇၀ ရာခိုင်နှုန်းခန့်အတွက် ဘန်ကောက်မြို့မှတဆင့် ဆောင်ရွက်ပေးရလေသည်။

ဘန်ကောက်မြို့ကို အနောက်ဖက်မှ ဖြတ်သန်းစီးဆင်းသွားသော မဲနမ်မြစ်၏ တဖက်တချက်မှနေ၍ သွယ်တန်းဖောက်လုပ်ထားသော တူးမြောင်းများစွာတို့သည် မြို့ကိုဖြတ်သန်း စီးဆင်းလျက် ရှိကြရာ၊ ထိုတူးမြောင်းများကို မြို့တွင်း ကူးသန်းသွားလာရေးအတွက်လည်း အသုံးပြုကြသည်။ မြို့တွင်း၌ ယင်းသို့သော တူးမြောင်းများ ရှိကြသဖြင့်လည်း ဘန်ကောက်မြို့ကို “အရှေ့တိုင်း၏ဗင်းနစ်မြို့” ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။ ထိုတူးမြောင်းများထဲတွင် ဆင်းရဲသားများ နေထိုင်ကြသော လှေအိမ်များနှင့် ရေပေါ်ဆိုင်များလည်း ရှိကြသည်။

ရာသီဥတု[ပြင်ဆင်ရန်]

ဘန်ကောက်မြို့၏ ရာသီဥတုသည် အပူပိုင်းဇုန် ရာသီဥတုမျိုးဖြစ်၍ ပူပြင်းစိုစွတ် ထိုင်းမှိုင်းသည်။ မိုးရာသီသည် ဇူလိုင်လမှ အောက်တိုဘာလအထိ ဖြစ်၍ ဆောင်းရာသီသည် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ဖြစ်ပြီးလျှင် နွေရာသီသည် မတ်လမှ ဇွန်လအထိ ဖြစ်သည်။ ဆောင်းရာသီအခါ၌ပင် ချမ်းအေးလွန်းလှသည်ဟူ၍ မရှိပေ။

လူဦးရေနှင့် လူမျိုးများ[ပြင်ဆင်ရန်]

ဘန်ကောက်မြို့သည် ၁၀ စတုရန်းမိုင်ကျယ်ဝန်း၍ လူဦးရေ( ၁၉၅၈ ခုနှစ် ခန့်မှန်းချက်အရ) ၁.၇ သန်းခန့် ရှိသည်။ ထိုင်းဘုရင်မင်းမြတ် စံမြန်းရာ နန်းတော်ကြီးရှိသော နန်းမြို့သည် စတုရန် ၁ မိုင်ခန့် ကျယ်ဝန်း၍ မြို့ရိုးပတ်လည် ဝိုင်းရံထားသည်။ ဘန်ကောက်မြို့သည် မူလက ခံတပ်မြို့ဟောင်းနေရာဖြစ်၍ ၁၇၈၂ ခုတွင်မှ ထိုင်းနိုင်ငံ၏ မြို့တော်အဖြစ် ထားရှိပြီးလျှင် တိုးချဲ့ဆောက်လုပ် စည်ကားလာလေသည်။ ၁၇၉၂ ခုနှစ်မတိုင်မီက နန်းမြို့နေရာတွင် တရုတ်ကုန်သည်များ နေထိုင်ခဲ့သည်။ ပထမရာမဘုရင်မင်းမြတ် လက်ထက်တွင် ထိုနေရာ၌ နန်းတော်ဆောင်များ ဆောက်လုပ်ခဲ့ရာ နန်းတော် ၂ ဆောင်သာ ရှိတော့သည်။ နန်းမြို့အတွင်း မြောက်ဖက်၌ ယိုးဒယားမင်း အဆက်ဆက်တို့ ကိုးကွယ်သော ထင်ရှားကျော်ကြားသည့် မြသားဆင်းတုတော် တည်ရှိရာ မြဘုရားတန်ဆောင်း ရှိသည်။ မြဘုရား၏ တန်ဆောင်းနံရံတို့တွင် နိပါတ်တော်လာ ပန်းချီများနှင့် ရာမဇာတ်တော်လာ ပန်းချီခန်းများကို ယိုးဒယား အနုပညာဖြင့် ရှုမငြီးစရာ သရုပ်ဖော်ထားသည်။ ထိုနန်းမြို့တွင်း၌ပင် အမျိုးသားပြတိုက်၊ အမျိုးသားပိဋကတ်တိုက်၊ နန်းတွင်းသူ နန်းတွင်းသားတို့ နေထိုင်ရာအဆောက်အဦးများ ရှိလေသည်။

မြို့၏ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

ဘန်ကောက်မြို့ပေါ်တွင် ဘုရားတန်ဆောင်းနှင့် ဘုန်းကြီးကျောင်းပေါင်း (၄၀၀) ကျော် ရှိပေရာ၊ ယင်းတို့မှ ပြောင်လက်သော စဉ့်အုတ်ကြွပ်မိုးများနှင့် သေးသွယ်ရှည်လျားပြီးလျှင် ဝင်းဝင်းလက်လက် ရှိနေသော စုလစ်မွန်းချွန်တို့ကို လေယာဉ်ပေါ်မှ မြင်ရလျှင် လှံကိုင်တပ်တတပ် ရပ်တည်နေသကဲ့သို့ ထင်ရသည်။ ယိုးဒယား ဗိသုကာလက်ရာတို့ဖြင့်ပြီးသော ဘုရားတန်ဆောင်း၊ ဘုန်းကြီးကျောင်းနှင့် နန်တော်အဆောက်အအုံများကား တမျိုးတဖုံ တင်တယ်လှပေကြသည်။ မြန်မာဘုရား၊ ကျောင်းတန်ဆောင်းတို့တွင် ခြင်္သေ့ရုပ်နှင့် မကင်းသကဲ့သို့ ဘန်ကောက်မြို့မှ ဘုရားကျောင်း တန်ဆောင်းတို့၌ ခန့်ညားသော ဘီလူးရုပ်ကြီးများကို တွေ့ရတတ်သည်။

နန်းမြို့ရိုး၏ အပြင်ဖက်တွင်ကား ခေတ်မီတိုက်တာ အဆောက်အအုံများ၊ လမ်းကျယ်ကြီးများ၊ ပန်းဥယျာဉ်များနှင့် ခန်းနားသိုက်မြိုက် သပ်ရပ်လှပေသည်။ မြို့၏ အစည်ကားဆုံးနေရာမှာ နယူးရုဒ်လမ်းမကြီး ဖြစ်သည်။ နယူးရုဒ်လမ်းမကြီးအပြင် ယောဝရတ် လမ်းမကြီးနှင့် တရုတ်လူမျိုးများ အများအပြားနေထိုင်ရာ တရုတ်ရပ်ကွက် ဖြစ်သော ဆမ်ပင်းရပ်ကွက်တို့သည် အရောင်းအဝယ် အစည်ကားဆုံးဖြစ်သည်။ နိုင်ငံခြားထွက်ပစ္စည်း၊ နိုင်ငံခြားပစ္စည်းမျိုးစုံကို ရရှိနိုင်သည်။ တရုတ်၊ အိန္ဒိယ၊ ဥရောပ၊ အမေရိကန် စသော နိုင်ငံခြားဆိုင်ကြီး ကန္နားကြီးများလည်း ရှိသည်။ ဘန်ကောက်မြို့၏ ခေတ်အမှီဆုံး အလှအပ အသပ်အရပ်ဆုံး လမ်းမကြီးမှာ ရာဇဒမ္မာန်ရိပ်သာဖြစ်၍ ပါရီမြို့မှ လမ်းမကြီး တစ်ခုသဖွယ် ပြုပြင်ဖန်တီးထားသည်။ ထိုလမ်းမကြီး၏ အဆုံးတဖက်တွင် မြဘုရားတန်ဆောင်းရှိ၍ အခြားတဖက်ဆုံးတွင် သမကုန်း နန်းတော်ကြီး ရှိသည်။ ထိုနန်းတော်ကြီးကို ချူလာလောင်ကွန်းဘုရင် စတင်ခဲ့၍ ဝဇီရာ ဝုဓ(ဆဌရာမ) မင်းမြတ်က ၁၉၁၇ ခုနှစ်တွင် အပြီးသတ်သည်။ ကျောက်ဖြူသားဖြင့် အီတာလျံနေဆွန်း ပုံစံအတိုင်း ဆောက်လုပ်ထား၍ ခန့်ညားလှပသည်။ ယခုအခါ ပါလီမန် လွှတ်တော်အဖြစ် ပြုလုပ်ထားသည်။ ရာဇဒမ္မာန် ရိပ်သာကို မျက်နှာပြုလျက်ရှိသော အဆောက်အအုံများမှာ အစိုးရရုံးကြီးများ၊ ပထမတန်းစား ဟိုတယ်များနှင့် ရုပ်ရှင်ရုံများသာ ဖြစ်လေသည်။

သယ်ယူပို့ဆောင်ရေး[ပြင်ဆင်ရန်]

ဘန်ကောက်မြို့ရှိ မြစ်ချောင်းများကို ရှေးယခင်က အဓိကသယ်ယူပို့ဆောင်ရေးအဖြစ် အသုံးပြုခဲ့ကြသော်လည်း ယခုအခါ ကားလမ်းများကို အသုံးပြုလာကြခြင်းကြောင့် တံတားများတည်ဆောက်လာခဲ့ကြသည်။ ချာရွမ်ခရမ်လမ်းရှိ တံတားသည် အနောက်တိုင်းနည်းပညာကို ပထမဆုံးအသုံးပြုပြီးတည်ဆောက်ခဲ့သော တံတားဖြစ်ပြီး ၁၈၆၄ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ထို့နောက် လမ်းကွန်ယက်ကို တဖြေးဖြေးချဲ့ထွင်လာခဲ့သည်။ အမြန်လမ်းများကြီးများမှ မြို့လည်ခေါင်မှ မြို့ပြင်သို့ ယာဉ်ကျောပိတ်ဆို့မှုကို ကျော်လွှားပြီး အလွယ်တကူရောက်ရှိနိုင်သည်။ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ၁၉၉၀ ပြည့်နှစ်များတွင် ယာဉ်ကျောပိတ်ဆို့မှုများ စတင်ခဲ့သည်။ ၁၈၉၃ခုနှစ်တွင် မြို့ပတ်ရထားလမ်းများ စတင်ခဲ့သော်လည်း ၁၈၉၄ ခုနှစ်မှ ၁၉၆၈ ခုနှစ်ထိ လမ်းအလယ်ခေါင်သွား ဓာတ်ရထားများကိုသာ အသုံးပြုခဲ့သည်။ ၁၉၉၉ ခုနှစ်မှသာ ခေတ်မှီ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် စတင်နိုင်ခဲ့သည်။ ကျောက်ဖယားမြစ်နှင့် ချောင်း ၂ ခုမှ စက်လှေများဖြင့်လည်းကောင်း၊ အငှားကားများ၊ မော်တော်ဆိုင်ကယ်များနှင့် တုတ်-တုတ်ဟုခေါ်သော သုံးဘီးဆိုင်ကယ်များမှာ အသုံးပြုသူများပြားသည်။

ဘန်ကောက်မြို့ကို အခြားသောမြို့များနှင့် အ‌ဝေးပြေးလမ်းများ၊ မီးရထားလမ်းများနှင့်သာမက လေကြောင်းများနှင့် သွားလာနိုင်သည်။ ဘန်ကောက်တွင် နိုင်ငံတကာလေဆိပ် ၂ ခု တည်ရှိသည်။ ရေကြောင်းသယ်ယူပို့ဆောင်ရေးတွင် ခွန်လုံထုံ ဆိပ်ကမ်းမှာ အရေးပါသည်။

ဘန်ကောက်မြို့ပြစီမံခန့်ခွဲရေးအဖွဲ့သည် သယ်ယူပို့ဆောင်ရေးအတွက် လမ်းများတည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းများအတွက် စီမံခန့်ခွဲရန် တာဝန်ရှိသည်။ အချို့သော သယ်ယူပို့ဆောင်ရေးစနစ်များအတွက် စီမံခန့်ခွဲရန်အတွက် သီးခြားအဖွဲ့အစည်းများ ဖွဲ့စည်းထားရှိသည်။ ပြည်ထောင်စုအစိုးအရအဖွဲ့ကသာ ရန်ပုံငွေချထားခြင်းနှင့် မူဝါဒချမှတ်ခြင်းများ ပြုလုပ်သည်။

ကားလမ်းများ[ပြင်ဆင်ရန်]

ကားလမ်းသည် ဘန်ကောက်မြို့၏ အသုံးအများဆုံး ဆက်သွယ်ရေးဖြစ်သည်။ မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုကြောင့် မြို့မှာ သမရိုးကျလေးထောင့်စပ် မြို့တည်ဆောက်ပုံမဟုတ်တော့ပေ။ အဓိကလမ်းမကြီး ၄၈ လမ်းက မြို့၏ မတူညီသော နေရာများကို ချိတ်ဆက်ပေးထားသည်။ ကျောက်ဖယားမြစ်ကို တံတားများထိုး၍ မြို့ ၂ ဖက်ကို ချိတ်ဆက်မှုများ ပြုလုပ်ထားသည်။ ကားလမ်းကျပ်မှုများကြောင့် အမြန်လမ်းများ တည်ဆောက်ထားပြီး မြို့လယ်ခေါင်နှင့် မြို့ပြင် သွားလာရာတွင် ကားကျပ်တည်းမှုပြဿနာကို ရှောင်ရှားနိုင်ရန် ပြုလုပ်ပေးထားသည်။

၁၉၈၀ပြည့်နှစ်များတွင် ဘန်ကောက်မြို့ အလျှင်အမြန်တိုးတက်လာပြီး မော်တော်ကားပိုင်ဆိုင်မှု တိုးတက်လာကာ ၂၀၀၆ ခုနှစ်ထိ ယာဉ်ကျောပိတ်ဆို့မှု ပိုမိုများပြားခဲ့သည်။ ဘန်ကောက်မြို့တွင် ယာဉ်အစီးရေ ၄ သန်းနီးပါး ရှိသည်။ အဆိုပါ ယာဉ်ကျော်ကျပ်တည်းမှု ပြဿနာကို ဖြေရှင်းရန်အတွက် ဂုံးကျော်တံတားများ တည်ဆောက်ခြင်း၊ မိုးပျံ အမြန်လမ်းများ တည်ဆောက်ခြင်း၊ အများပြည်သူသုံး ပို့ဆောင်ရေးစနစ် စတင်ခြင်းတို့ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ယာဉ်ကျောကျပ်တည်းမှု ပြဿနာသည် အခုတိုင် တည်ရှိနေဆဲဖြစ်သည်။

ယာဉ်ကျောကျပ်တည်းမှုကြောင့် ဘန်ကောက်မြို့၏ လေထုညစ်ညမ်းမှု မြင့်တက်ခဲ့သည်။ ၁၉၉၀ပြည့်နှစ်များတွင် စိုးရိမ်ရသောအခြေအနေထိ ရောက်ခဲ့သည်။ သို့သော် လောင်စာဆီအရည်အသွေး မြှင့်တင်ခြင်း၊ ကားမီးခိုးထုတ်လွှင့်မှု ထိန်းချုပ်ခြင်းတို့ ပြုလုပ်ခဲ့ခြင်းကြောင့် ၂၀၀၀ခုနှစ်များတွင် လေထုညစ်ညမ်းမှုပြဿနာ အတော်အတန် ပြေလည်ခဲ့ရသည်။

ဘတ်စ်ကားများနှင့် အငှားကားများ[ပြင်ဆင်ရန်]

အောင်နိုင်မှုအထိမ်းအမှတ်ကျောက်တိုင် (Victory Monument)သည် ဘန်ကောက်မြို့၏ အဓိကသယ်ယူပို့ဆောင်ရေး အခြေစိုက်ရာဖြစ်သည်။ အဆိုပါနေရာတွင် ဘတ်စ်ကားများ၊ အငှားကားများ အများအပြားကိုတွေ့မြင်နိုင်သည်။

ဘန်ကောက်မြို့တွင် တစ်မြို့လုံးကိုလွှမ်းခြုံနိုင်သော ဘတ်စ်ကားကွန်ယက်ရှိသည်။ ဘန်ကောက်အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင် (BMTA) သည် ဘတ်စ်ကားဝန်ဆောင်မှုကို တစ်ဦးတည်းလုပ်ကိုင်သည်။ ဘတ်စ်ကားလမ်းကြောင်းပေါင်း ၄၇၀ ရှိသည်။ ၂၀၁၀ ခုနှစ်တွင် ဘန်ကောက်မြို့ပြစီမံခန့်ခွဲရေးအဖွဲ့ (BMA) သည် သီးသန့်ဘတ်စ်ကားလိုင်းကို စတင်ခဲ့သည်။ အဆိုပါလိုင်းသည် စီးပွားရေးအချက်အချာကျရာ စတွန် မှ မြို့အနောက်ဘက် ရာချာဖရက် အထိ ပြေးဆွဲသည်။

အငှားယာဉ်များကို ဘန်ကောက်မြို့၏ နေရာတိုင်းတွင် တွေ့ရသည်။ ၂၀၁၂ခုနှစ် ဩဂုတ်လထိ အငှားကား ၁သိန်းကျော်၊ အငှားမော်တော်ဆိုင်ကယ် ၆သောင်းနီးပါးနှင့် တုတ်-တုတ် (ခေါ်) သုံးဘီးဆိုင်ကယ် ၉ ထောင်နီးပါး ရှိသည်။ အငှားကားများကို မီတာဖြင့်လည်းကောင်း ညှိနှိုင်းဈေးဖြင့်လည်းကောင်း ငှားရမ်းနိုင်သည်။ သို့သော် လမ်းကြောင်းမသင့်လျှင် ကားဆရာမှ ငှားရန်ငြင်းဆန်မှုကြောင့် ရှိနိုင်သည်။ အငှားမော်တော်ဆိုင်ကယ်များကို ခရီးအကွာအ‌ဝေးအလိုက် ဆိုင်ကယ်သမားနှင့် ညှိနှိုင်းဈေးဖြင့် ငှားနိုင်သည်။ သို့သော် အုပ်စုဖွဲ့ရမ်းကားမှုများကြောင့် အငှားမော်တော်ဆိုင်ကယ်များကို ဖျက်သိမ်းခဲ့သည်။ ၂၀၀၃ ခုနှစ်တွင်မှ အငှားမော်တော်ဆိုင်ကယ်များကို မှတ်ပုံတင်ခြင်းဖြင့် ပြန်လည်ခွင့်ပြုခဲ့သည်။

မီးရထားလမ်း[ပြင်ဆင်ရန်]

ဘန်ကောက်မြို့သည် မီးရထားလမ်းဆုံမြို့လည်း ဖြစ်သည်။

ရေလမ်း[ပြင်ဆင်ရန်]

လေကြောင်းလမ်း[ပြင်ဆင်ရန်]

ဘန်ကောက်မြို့သည် အာရှတိုက်၏ လေကြောင်းဆက်သွယ်ရေးအများဆုံး တည်ရှိနေရာ မြို့လည်း ဖြစ်သည်။ ဘန်ကောက်မြို့တွင် လေဆိပ် ၂ ခုရှိသည်။ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ဖြစ်သည်။ ၂၀၀၆ခုနှစ် သုဝဏ္ဏဘူမိလေဆိပ် စတင်ဖွင့်လှစ်စဉ်က ဒွန်မောင်းလေဆိပ်ဟောင်းကို ပိတ်ခဲ့သော်လည်း လေဆိပ်ခရီးသည် များပြားမှုများကြောင့် ဒွန်မောင်းလေဆိပ်ကို ၂၀၀၇ခုနှစ်တွင် ပြည်တွင်းခရီးစဉ်များအတွက် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၂၀၁၂ အောက်တိုဘာလတွင် တန်ဖိုးနည်းလေကြောင်းလိုင်းများအတွက် နိုင်ငံတကာခရီးစဉ်များကို သုဝဏ္ဏဘူမိမှ ဒွန်မောင်းသို့ပြန်လည်ပြောင်းရွေ့ခဲ့သည်။ သုဝဏ္ဏဘူမိလေဆိပ်ကို ၂၀၁၉ ခုနှစ်တွင် ခရီးသည် သန်း၆၀ ဝန်ဆောင်မှုပေးနိုင်ရန်နှင့် ၂၀၂၁ခုနှစ်တွင် ခရီးသည် သန်း၉၀ ဝန်ဆောင်မှုပေးနိုင်ရန် တိုးချဲ့လျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named BMA geo
  2. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Tangchonlatip
  3. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Sinsakul
  4. Table 1 Population by sex, household type and household by type, average size of private household by region and area: 2010Statistic tables, NSO website။ National Statistics Office။ 18 September 2012 တွင် ပြန်စစ်ပြီး။