ပေကျင်းမြို့

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပေကျင်းမြို့
北京市
—  Municipality  —
Municipality of Beijing ·
From top: Tiananmen, the Bird's Nest stadium, the Temple of Heaven, and the Beijing CBD
From top: Tiananmen, the Bird's Nest stadium, the Temple of Heaven, and the Beijing CBD
ပေကျင်းမြို့ တည်နေရာ
ပေကျင်းမြို့ တည်နေရာ
Coordinates: 39°54′50″N 116°23′30″E / 39.91389°N 116.39167°E / 39.91389; 116.39167
နိုင်ငံ  တရုတ်ပြည်
တည်ထောင်ချိန် c. 473 BC
Divisions[၁]
 - County-level
 - Township-level

16 districts, 2 counties
289 towns and villages
အစိုးရ
 - အမျိုးအစား Municipality
 - CPC Ctte Secretary Liu Qi
 - မြို့တော်ဝန် Guo Jinlong
ဧရိယာ (ranked 29th)
 - Municipality ၁၆၈၀၁.၂၅ km² (၆၄၈၇ sq mi)
Elevation ၄၃.၅ m (၁၄၃ ft)
လူဦးရေ (2007)
 - Municipality ၁၇၄၃၀၀၀၀
 - မြို့ပြကြီး ၁၁၉၄၀၀၀၀
 - Density rank (၄th)
  (26th)
အဓိက လူမျိုးများ
 - ဟန်တရုတ် 96%
 - မန်ချူး 2%
 - ဟွေ့ 2%
 - မွန်ဂို 0.3%
အချိန်ဇုန် တရုတ်စံတော်ချိန် (UTC+8)
စာပို့သင်္ကေတ 100000 - 102629
Area code(s) 10
GDP 2008 ခန့်မှန်း
 - Total US$151.12 billion (nominal)
US$283.92 billion (PPP) (10th)
 - Per capita US$9,082 (nominal)
US$17,063 (PPP) (2nd)
HDI (2006) 0.897 (2nd)
License plate prefixes 京A, C, E, F, H, J, K, L, M, N, P
京B (taxis)
京G, Y (outside urban area)
京O (police and authorities)
京V (in red color) (military headquarters,
central government)
City trees Chinese arborvitae (Platycladus orientalis)
  Pagoda tree (Sophora japonica)
City flowers China rose (Rosa chinensis)
  Chrysanthemum (Chrysanthemum morifolium)
Website www.beijing.gov.cn

ပေကျင်းမြို့ (Beijing 北京 ) (နိုင်ငံခြားဘာသာဖြင့် အမည်ဟောင်း ပီကင်း) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရုံးစိုက်ရာ မြို့တော်ဖြစ်ပြီး တရုတ်ပြည် မြောက်ပိုင်းတွင် တည်ရှိသည့် မြို့ပြကြီး တစ်ခုဖြစ်သည်။ ဗဟိုအစိုးရမှ တိုက်ရိုက် အုပ်ချုပ်သည့် မြို့ကြီးလည်းဖြစ်သည်။ ပေကျင်းမြို့သည် တရုတ်သမိုင်းတွင် အရေးပါသည့် ရှေးဟောင်းမြို့တော်ကြီး လေးမြို့တွင် ပါဝင်သည်။[၂]

ပေကျင်းမြို့တွင် နေထိုင်သူ ၁၇ သန်းကျော်ရှိပြီး တရုတ်ပြည်တွင်း၌ ရှန်ဟိုင်းမြို့မှလွဲ၍ လူဦးရေ အများဆုံး မြို့ဖြစ်သည်။[၃] ပေကျင်းမြို့တွင် ကုန်းကြောင်း၊ လေကြောင်း သယ်ယူပို့ဆောင်ရေး အဆင်ပြေသောကြောင့် တရုတ်ပြည်၏ လမ်းပန်းဆက်သွယ်ရေး ဆုံတာဖြစ်သည်။ တရုတ်ပြည်၏ နိုင်ငံရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု အချက်အချာလည်း ဖြစ်သည်။ [၃] ရှန်ဟိုင်းနှင့် ဟောင်ကောင်မှာမူ တရုတ်ပြည်၏ စီးပွားရေးနယ်ပယ်တွင် အခရာကျသည့် မြို့ကြီး ၂ မြို့ဖြစ်သည်။ [၄][၅][၆]

အမည်နာမ[ပြင်​ဆင်​ရန်​]

နှစ်ပေါင်း ၃,၀၀၀ ကျော်အတွင်း ပေကျင်းသည် တခြားအမည်များစွာ ရှိခဲ့သည်။ ပေကျင်းဆိုသော အမည်မှာ "မြောက်ပိုင်းမြို့တော်" ဟုအဓိပ္ပါယ်ရသည်။ ပေကျင်းဆိုသော အမည်ကို မင် မင်းဆက်လက်ထက် ၁၄၀၃ ခုနှစ်တွင် နန်ကျင်း (တောင်းပိုင်းမြို့တော်) နှင့် ကွဲခြားနိုင်ရန်အတွက် ပေကျင်း (မြောက်ပိုင်းမြို့တော်) အဖြစ် အမည်သတ်မှတ်ခဲ့သည်။ ယခင်က အင်္ဂလိပ် အသံထွက် ပီကင်း ဟုခေါ်ခဲ့သော်လည်း ယခုတွင် တရုတ်အသံထွက်ဖြင့် ပေကျင်းဟု ခေါ်ဆိုကြသည်။[၇]

မြေမျက်နှာသွင်ပြင်[ပြင်​ဆင်​ရန်​]

ပေကျင်းသည် တရုတ်နိုင်ငံ မြောက်ပိုင်းမြေပြန့်၏ မြောက်ပိုင်းတွင် တည်ရှိပြီး တောင်ဘက် နှင့် အရှေ့ဘက်တို့ကို ဖွင့်လှစ်ထားရှိသည်။ မြောက်ဘက်တွင်။ အနောက်မြောက်ဘက် နှင့် အနောက်ဘက် တို့တွင် တောင်တန်းများမှာ မြို့၏ ခံတပ်ကြီးတစ်ဖွယ် ကာထားသည်။ မဟာတံတိုင်းကြီးမှာ ပေကျင်းမြို့၏ မြောက်ဘက်မှ ဖြတ်သွားပြီး ခက်ခဲသော တောင်တန်းများပေါ်မှတည်ထောက်ထားရှိသည်။ ဒေါင်လင်တောင်၊ အနောက်ဘက်မှ တောင်တန်းမှာ ဟီဘီ နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပြီး ၇၅၅၆ ပေအမြင့်ရှိကာ ပေကျင်း၏ အမြင့်ဆုံးနေရာဖြစ်သည်။

ချောင်ဘိုင်၊ ယိုဒင်း၊ ဂျူမာ အစရှိသည့် မြစ်များမှ ပေကျင်းကို ဖြတ်စီးဆင်းလျက်ရှိသည်။ အဆိုပါ မြစ်များမှာ ဟိုင်မြစ်၏ မြစ်လက်တက်များဖြစ်သည်။

သယ်ယူပို့ဆောင်ရေး[ပြင်​ဆင်​ရန်​]

ပေကျင်းမြို့တော်ကြီးသည် တရုတ်နိုင်ငံမြောက်ပိုင်း၏ အဓိက သယ်ယူပို့ဆောင်ရေးမြို့အဖြစ် တည်ရှိနေသည်။ ပေကျင်းမှနေ၍ ပတ်လမ်း (၅) ခု၊ အဝေးပြေးလမ်း (၉) ခု၊ ပြည်ထောင်စုလမ်းမကြီး (၁၁)ခု ၊ မီးရထားလမ်း (၉) ခု၊ အထူးအမြန်ရထား (၂) ခု တို့ဖြင့် ချိတ်ဆက်ထားသည်။

မီးရထား နှင့် အထူးအမြန်ရထား[ပြင်​ဆင်​ရန်​]

ပေကျင်းသည် တရုတ်နိုင်ငံ မီးရထားလမ်းကွန်ရက်၏ အဓိကကျရာနေရာတွင် ရှိသည်။ မီးရထားလမ်းမှ တဆင့် ရှန်ဟိုင်း၊ ကွမ်ကျိုး၊ ကူလွန်း၊ ဟာဘင်၊ ပေါင်သု၊ ကျွမ်းဟွာထောင်၊ ချန်ဒီ၊ ထောင်လျောင်၊ အင်နား မွန်ဂိုလီးယား၊ ယူနန်ပင်း နှင့် ရှန်ဇီ၊ ရှချန် နှင့် ဟီဘီ တို့နှင့် မီးရထားလမ်း (၁၁) လမ်း နှင့် ချိတ်ဆက်ထားသည်။

ပေကျင်းတွင် အထူးအမြန်ရထား (ကျည်ဆန်ရထား) ၃လမ်း ရှိသည်။ ပေကျင်း - တန်ကျင်း အထူးအမြန်ရထားလမ်းကို ၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ပေကျင်း - ရှန်ဟိုင်း အထူးအမြန်ရထားလမ်းကိုတော့ ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ နောက်ဆုံးရထားလမ်းမှာ ပေကျင်း - ကွမ်ကျိုး အထူးအမြန်ရထားကို ၂၀၁၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

မြို့၏ အဓိက ဘူတာမှာ ပေကျင်းဘူတာဖြစ်သည်။ ၁၉၅၉ ခုနှစ်ကတည်းက ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ပေကျင်းအနောက်ဘူတာကို ၁၉၉၆ ခုနှစ်တွင် ထပ်မံဖွင့်လှစ်ခဲ့သည်။ ပေကျင်းတောင်ဘက်ဘူတာကို ၂၀၀၈ ခုနှစ်မှာ အထူးအမြန်ရထားများအတွက် ပြန်လည်တည်ဆောက် ဖွင့်လှစ်ခဲ့သည်။ ၂၀၁၀ ခုနှစ် ဇူလိုင်တွင် ပေကျင်းဘူတာတွင် နေ့စဉ် ရထားအစင်းရေ ၁၇၃ စီး ရောက်ခဲ့ပြီး ပေကျင်းအနောက်ဘူတာမှာ ၂၃၂ စီး၊ ဘေကျင်းတောင်ဘက်ဘူတာမှာ ၁၆၃ စီး အသီးသီး ဆိုက်ရောက်ခဲ့သည်။ ပေကျင်းမြောက်ဘက်ဘူတာကိုမူ ၁၉၀၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် တိုးချဲ့ခဲ့သည်။

အခြားဘူတာအသေးများဖြစ်သော ဘေးကျင်းအရှေ့ဘူတာ၊ ကျွမ်းဟွာရွမ် ဘူတာတို့လည်း ရှိသည်။ ဖန်းဟိုင်ဘူတာကို ပြန်လည်မွန်းမံရန်အတွက် ပိတ်ထားခဲ့သည်။ ပေကျင်းမှာ ဘူတာရုံ ၄၀ ကျော် တည်ရှိသည်။ ပေကျင်းဘူတာမှ နေ၍ တခြားတရုတ်နိုင်ငံရှိ မြို့ကြီးများကို တိုက်ရိုက်သွားလာနိုင်သည်။ အပြည်ပြည်ဆိုင်ရာ ရထားလမ်းများအနေဖြင့် မွန်ဂိုလီးယား၊ ရုရှားနိုင်ငံဗီယက်နမ်နိုင်ငံ နှင့်မြောက်ကိုရီးယား တို့နှင့် ချိတ်ဆက်ထားရှိသည်။

ကားလမ်း နှင့် အဝေးပြေးလမ်းမများ[ပြင်​ဆင်​ရန်​]

ပေကျင်းသည် တရုတ်နိုင်ငံ၏ အဝေးပြေးလမ်း ၉ ခု၊ ပြည်ထောင်စုလမ်းမကြီး ၁၁ ခု နှင့် ချိတ်ဆက်ထားရှိသည်။ ပေကျင်း၏ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်သည် မြို့ပတ်လမ်းမကြီး ၅ ခု ပေါ်မူတည်လျက်ရှိသည်။ ရှေးဟောင်းမြို့တော်သည် မြို့ပတ်လမ်းမကြီးများ၏ အလယ်ခေါင်တွင် တည်ရှိသည်။ အဆိုပါ မြို့ပတ်လမ်းမကြီးများသည် အဝိုင်းထက် လေးထောင့်ပုံသဏ္ဍာန်နှင့် ပို၍ ဆင်တူသည်။

မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ယာဉ်ကြောပိတ်ဆို့မှုမှာ ပေကျင်း၏ အဓိကပြဿနာဖြစ်လာခဲ့သည်။ ရုံးတက်၊ ရုံးဆင်းချိန် မဟုတ်ဘဲ ပုံမှန်အချိန်များ၌ ယာဉ်ကြောပိတ်ဆို့မှုကို ခံစားနေရသည်။ ထို့ကြောင့် နောက်ပိုင်းမြို့ပြချဲ့ထွင်ရာတွင် ယာဉ်ကြောပိတ်ဆို့မှုကို လျော့ချရန် ဒီဇိုင်းချလာကြသည်။ ၂၀၁၀ ခုနှစ်တွင် အာဏာပိုင်များသည် ဘတ်စ်ကားသီးသန့်ကားလမ်းများကို သတ်မှတ်ပေးခဲ့သည်။ ရုံးတက်၊ ရုံးဆင်းချိန်အတွင်း အဆိုပါ လမ်းများတွင် ဘတ်စ်ကားသီးသန့်မောင်းရန်ဖြစ်သည်။

ပေကျင်းတွင် မှတ်ပုံတင်ထားသောမော်တော်ယာဉ် ၄ သန်းရှိသည်။[၈] ၂၀၁၀ ခုနှစ်အတွင်း ၁ ပတ်လျှင် ကားအသစ် ၁၅ ၅၀၀ စီး မှတ်ပုံတင်လျက်ရှိကာ နှစ်ကုန်ပိုင်းတွင် အစိုးရက ၅ သန်းဖြစ်လာမည်ဟု ခန့်မှန်းထားသည်။[၉]

လေကြောင်းလိုင်း[ပြင်​ဆင်​ရန်​]

ပေကျင်း မြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် သည် ပေကျင်း၏ အဓိက လေဆိပ်ဖြစ်ပြီး မြို့တော်၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာ (၁၂ မိုင်) အကွာတွင် တည်ရှိသည်။ လေဆိပ်သည် ကမ္ဘာပေါ်တွင် ဒုတိယ အလုပ်အများဆုံးလေဆိပ်ကြီးဖြစ်သည်။ ၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်ပွဲအတွက် ပြန်လည်ပြင်ဆင်မှုများအပြီး လေဆိပ်တွင် လေဆိပ်အဆောက်အဦး (၃) ခု ရှိလာခဲ့သည်။ လေဆိပ်အဆောက်အဦး အမှတ် (၃) မှာ ကမ္ဘာပေါ်မှာ အကြီးဆုံး လေဆိပ်အဆော်ကအဦးကြီး ဖြစ်သည်။ ပြည်တွင်း လေကြောင်းလိုင်းများအတော်များများ နှင့် ပြည်ပလေကြောင်းလိုင်းအကုန် မြို့တော်လေဆိပ်သို့ ဆင်းသက်ကြသည်။ ပေကျင်း မြို့တော်လေဆိပ်မှာ တရုတ်လေကြောင်းလိုင်း (Air China)၊ တရုတ်တောင်ပိုင်းလေကြောင်းလိုင်း (China Southern) နှင့် ဟိုင်နန် လေကြောင်းလိုင်း (Hainan Airlines) တို့၏ အဓိကလေဆိပ်ဖြစ်သည်။

လေဆိပ်အဝေးပြေးလမ်းကို သီးသန့်ဖောက်လုပ်ထားရှိသည်။ မြို့လယ်ခေါင်မှ လေဆိပ်သို့ မိနစ် ၄၀ ခန့်မောင်းရသည်။ ၂၀၀၈ ပေကျင်း အိုလံပစ်ပွဲအတွက် ဒုတိယ လေဆိပ်အဝေးပြေးလမ်းကို ဖောက်လုပ်ခဲ့သလို မီးရထားလမ်းကိုလည်း ဖောက်လုပ်ခဲ့သည်။ မီးရထားလမ်းမှာ ပေကျင်းမြေအောက်ဘူတာနှင့် ဆက်သွယ်ထားသည်။

ပေကျင်းတွင် လျန်ရှင်း၊ နန်ယွမ်၊ ရှိကြောင်၊ ရှဟဲ နှင့် ဘဒလင် အစရှိသည့် တခြားလေဆိပ်များလည်း ရှိသည်။ သို့သော် အဆိုပါလေဆိပ်များကို စစ်တပ်များအတွက် အဓိက အသုံးပြုသည်။ ဒုတိယမြောက် အပြည်ပြည်ဆိုင်ရာလေဆိပ် ဖြစ်သော ပေကျင်း သရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကို သရှင်းခရိုင်တွင် တည်ဆောက်လျက်ရှိပြီး ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်။[၁၀]

၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစ၍ နိုင်ငံပေါင်း ၄၅ နိုင်ငံမှ လာရောက်သူ နိုင်ငံခြားသားများသည် ပေကျင်းတွင် ဗီဇာမလိုဘဲ ၇၂ နာရီ နေထိုင်ခွင့် ရရှိခဲ့သည်။ ၄၅ နိုင်ငံတွင် စင်ကာပူနိုင်ငံဂျပန်နိုင်ငံအမေရိကန်ပြည်ထောင်စုဥရောပသမဂ္ဂ နိုင်ငံအားလုံး၊ ဆွစ်ဇာလန်နိုင်ငံဘရာဇီးနိုင်ငံအာဂျင်တီးနားနိုင်ငံ နှင့် ဩစတြေးလျနိုင်ငံတို့ ပါဝင်သည်။ အဆိုပါ အစီအစဉ်သည် ကူးပြောင်းခရီးစဉ်မှ ခရီးသည်များနှင့် စီးပွားရေးအရ လာရောက်သူများအတွက် များစွာအဆင်ပြေစေသည်။ ၇၂ နာရီတွက်ချက်ရာတွင်လည်း လေယာဉ်ဆိုက်ရောက်သည့် အချိန်ကို မတွက်ဘဲ ၇၂ နာရီ စတင်ထုတ်ပေးသည့် အချိန်ကို တွက်သည့်အတွက် ပိုမိုအဆင်ပြေစေသည်။ သို့သော် ပေကျင်းမှ လွဲ၍ တခြားမြို့များသို့ သွားရောက်ခွင့်မပြုပေ။[၁၁]

ကိုးကား[ပြင်​ဆင်​ရန်​]