ကူဝိတ်မြို့

ဝီကီပီးဒီးယား မှ
ကူဝိတ်မြို့
مدينة الكويت
Madinat Al-Kuwayt
ကူဝိတ်မြို့ မြင်ကွင်း
ကူဝိတ်မြို့ မြင်ကွင်း
နာမည်ပြောင်(များ): مدينة الكويت [Ad-Dirah]
ကူဝိတ်မြို့ သည် ကူဝိတ်နိုင်ငံ တွင် တည်ရှိသည်
ကူဝိတ်မြို့
ကူဝိတ်မြို့
ကူဝိတ်မြို့ သည် ပါရှန်းပင်လယ်ကွေ့ တွင် တည်ရှိသည်
ကူဝိတ်မြို့
ကူဝိတ်မြို့
ကူဝိတ်မြို့ သည် အာရပ်ကမ္ဘာ တွင် တည်ရှိသည်
ကူဝိတ်မြို့
ကူဝိတ်မြို့
ကူဝိတ်နိုင်ငံရှိ ကူဝိတ်မြို့၏ တည်နေရာ
ကိုဩဒိနိတ်: 29°22′11″N 47°58′42″E / 29.36972°N 47.97833°E / 29.36972; 47.97833ကိုဩဒိနိတ်: 29°22′11″N 47°58′42″E / 29.36972°N 47.97833°E / 29.36972; 47.97833
နိုင်ငံကူဝိတ်နိုင်ငံ
တည်ထောင်ခဲ့၁၆၁၃ ခုနှစ်
လူဦးရေ
 • မြို့ပေါ်၃ မီလီယံ
အချိန်ဇုန်AST (UTC+03:00)

ကူဝိတ်မြို့(အာရပ်: مدينة الكويت‎)သည် ကူဝိတ်နိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သည်။ မြို့သည် နိုင်ငံ၏ အရေးပါသောနေရာဖြစ်သည့် ပါရှန်းပင်လယ်ကွေ့ရှိ ကူဝိတ်ပင်လယ်အော်၏ တောင်ဘက်ကမ်းခြေတွင် တည်ရှိပြီး စော်ဘွားတို့၏ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် စီပွားရေးဗဟိုချက်ချာဖြစ်ကာ ကူဝိတ်တို့၏ ဆေဖီနန်းတော်၊ အစိုးရရုံးများ၊ ကူဝိကော်ပိုရေးရှင်းအများစုနှင့် ဘဏ်တို့၏ ရုံးချုပ်များ တည်ရှိသည်။

၂၀၁၈ ခုနှစ်အရ မြို့ပြဧရိယာတွင် အကြမ်းဖျင်းအားဖြင့် လူဦးရေ ၃ မီလီယံခန့်(နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းထက်ပို) နေထိုင်ကြသည်။[၁] မြို့တော်၌ အုပ်ချုပ်မှုဆိုင်ရာ သီခြားဝိသေသမရှိပါ။ မြို့ပြဧရိယာ၏ အစိတ်အပိုင်းများအဖြစ် နိုင်ငံ၏ ဂါဗာနာရိတ် ၆ ခုစလုံးမှ ပေါင်းစပ်ပါဝင်ပြီး များစွာသော ဧရိယာများအဖြစ်ပိုင်းခြားထားသည်။ ကျဉ်းမြောင်းသောအမြင်များတွင် ကူဝိတ်မြို့ဟူဆိုပါက သမိုင်းတွင်အချက်အခြာမြို့အဖြစ်သာဆိုကြသော်လည်း ယနေ့ခေတ်တွင် ကပ်လျက်မြို့ပြဧရိယာများကို ချောမွေ့စွာပေါင်းစပ်ထားသော မြို့တော်ဂါဗာနာရိတ်၏ အစိတ်အပိုင်းတစ်ခုဖြစ်၍နေပြီဖြစ်သည်။

ကူဝိတ်မြို့အတွက် လိုအပ်သော ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးတို့ကို ကူဝိတ် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အယ် အဟာမာဒီဆိပ်ကမ်း (Ahmadi Port)၊ အယ် ရူဝေခူဆိပ်ကမ်း(Shuwaik Port) တို့ဖြင့် ဆောင်ရွက်သည်။


ကိုးကား[ပြင်ဆင်ရန်]

  1. The World's Cities in 2018. Data Booklet (PDF)၊ United Nations၊ ၁၆ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး