ကွာလာလမ်ပူမြို့

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဝီလာယာ ပါစီကူတွမ် ကွာလာလမ်ပူ
(吉隆坡)
မြို့တော်
ဝဲဘက် ထိပ်ဆုံးမှ စ၍:  ပီထရိုနပ်စ် တာဝါစုံတွဲ၊ ပီတလင်း လမ်း၊ ဂျာမက် ဗလီ၊ ဂုံဘတ်မြစ်နှင့် ကလန်းမြစ် မြစ်ဆုံ ၊ အမျိုးသား အထိမ်းအမှတ် အဆောက်အအုံ၊ အမျိုးသား ဗလီ၊ ကွာလာလမ်ပူ မြို့မြင်ကွင်း၊ အလယ် (ကေအယ်လ်တာဝါ)
ဝဲဘက် ထိပ်ဆုံးမှ စ၍: ပီထရိုနပ်စ် တာဝါစုံတွဲ၊ ပီတလင်း လမ်း၊ ဂျာမက် ဗလီ၊ ဂုံဘတ်မြစ်နှင့် ကလန်းမြစ် မြစ်ဆုံ ၊ အမျိုးသား အထိမ်းအမှတ် အဆောက်အအုံ၊ အမျိုးသား ဗလီ၊ ကွာလာလမ်ပူ မြို့မြင်ကွင်း၊ အလယ် (ကေအယ်လ်တာဝါ)
Flag of ဝီလာယာ ပါစီကူတွမ် ကွာလာလမ်ပူ
အလံ
Official seal of {{{official_name}}}
စည်းတံဆိပ်
Tokyo Landsat.jpg
နိုင်ငံ မလေးရှားနိုင်ငံ
ဖက်ဒရယ်နယ်မြေ ကွာလာလမ်ပူ

ကွာလာလမ်ပူ မြို့သည် မလေးရှားနိုင်ငံမြို့တော်နှင့် လူဦးရေ အများဆုံး မြို့ ဖြစ်သည်။ [၁] မြို့၏ အကျယ်အဝန်းမှာ ၉၄ စတုရန်းမိုင် (၂၄၃ စတုရန်း ကီလိုမီတာ) မျှ ကျယ်ဝန်းပြီး ၂၀၁၀ ခုနှစ်တွင် ခန့်မှန်းခြေ လူဦးရေ ၁.၆ သန်းမျှ ရှိသည်။ [၁] ဂရိတ်တား ကွာလာလမ်ပူ ဒေသတွင်မူ ၂၀၁၂ ခုနှစ် နေထိုင်သူ လူဦးရေ ၇.၅ သန်းမျှ ရှိသည်။[၂] အရှေ့တောင်အာရှတွင် လူဦးရေ နှင့် စီးပွားရေး အရ အလျှင်အမြန်ဆုံး ကြီးထွားနေသည့် မက်ထရိုပိုလစ်တန် ဒေသဖြစ်သည်။

ကွာလာလမ်ပူမြို့သည် မလေးရှားပါလီမန် တည်ရှိရာ မြို့ဖြစ်သည်။ ယခင်က ဖက်ဒရယ် အစိုးရ၏ တရားစီရင်ရေး နှင့် အုပ်ချုပ်ရေး ဌာနများ ရုံးစိုက်ရာ မြို့ ဖြစ်ခဲ့သော်လည်း ၁၉၉၉ ခုနှစ် အစောပိုင်းတွင် ထိုဌာနများ ပူထရာဂျာယားသို့ ပြောင်းရွှေ့သွားခဲ့သည်။[၃] တရားစီရင်ရေး ဌာန၏ အချို့သော အစိတ်အပိုင်းများမှာမူ ယနေ့ထက်တိုင် ကွာလာလမ်ပူတွင် တည်ရှိနေသေးသည်။ မလေးရှား ဘုရင်၏ တရားဝင်အိမ်တော်ဖြစ်သော အစ်စတန်းနား နီဂရာသည်လည်း ကွာလာလမ်ပူမြို့တွင် တည်ရှိသည်။ ကွာလာလမ်ပူမြို့ကို ကမ္ဘာ့အယ်လ်ဖာ မြို့တော် တစ်ခု အဖြစ် အဆင့်သတ်မှတ်ထားပြီး မလေးရှားနိုင်ငံ အတွင်း မြို့တော်ဖြစ်ပြီး အချက်အချာ ကျသော မြို့တော်လည်း ဖြစ်သောကြောင့် ယဉ်ကျေးမှု၊ ငွေကြေးဆိုင်ရာ နှင့် စီးပွားရေး ဗဟိုဌာန တစ်ခုလည်း ဖြစ်သည်။ ၂၀၁၀ ခုနှစ် ဖောရင်းပေါ်လစီ မဂ္ဂဇင်း၏ ကမ္ဘာ့မြို့တော်များ ညွှန်းကိန်းတွင် အဆင့် ၄၈ နေရာ သတ်မှတ်ခြင်း ခံခဲ့ရပြီး[၄] 2thinknow ဝက်ဘ်ဆိုက်ဒ်၏ ၏ ၂၀၁၀ ခုနှစ် အသစ်တီထွင်ဖန်တီးသည့် မြို့တော်များ ညွှန်းကိန်းတွင် စီးပွားရေး နှင့် လူမှုရေး ဆိုင်ရာ အသစ်တီထွင်ကြံဆသော ကမ္ဘာ့မြို့တော်များထဲ၌ အဆင့် ၆၇ သတ်မှတ်ခြင်း ခံခဲ့ရသည်။[၅]

ကွာလာလမ်ပူမြို့သည် ကွာလာလမ်ပူ ဖက်ဒရယ် နယ်မြေ၏ နယ်နိမိတ် အတွင်းတွင် တည်ရှိပြီး မလေးရှားနိုင်ငံ၏ ဖက်ဒရယ်နယ်မြေ ၃ ခု တွင်းမှ တစ်ခု ဖြစ်သည်။[၆] မလေးရှားကျွန်းဆွယ်၏ အနောက်ဘက်ကမ်းရိုးတန်း ပေါ်တွင် တည်ရှိပြီး ဆလန်ဂေါပြည်နယ် မှ ဝိုင်းပတ်ကာရံ ထားသော ဒေသတစ်ခု အဖြစ် တည်ရှိသည်။[၇]

၁၉၉၀ ခုနှစ်များမှ စ၍ ကွာလာလမ်ပူသည် ၁၉၉၈ ခုနှစ် ဓနသဟာယနိုင်ငံများ အားကစားပွဲနှင့် ဂရန်းပရီ ဖော်မြူလာဝမ်း အပါအဝင် နိုင်ငံတကာ အားကစားပွဲ၊ နိုင်ငံရေး ပွဲ နှင့် ယဉ်ကျေးမှုပွဲ အမြောက်အများကို အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည်။ ထို့ပြင် ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး နှစ်ခုတွဲ ဖြစ်သော ပီထရိုနပ်စ် တွင်တာဝါ တည်ရှိရာ နေရာဖြစ်ပြီး ထိုအဆောက်အဦးများမှာ မလေးရှားနိုင်ငံ၏ အနာဂတ်တိုးတက်မှု အတွက် ပြယုဂ်တစ်ခု ဖြစ်သည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ဂုန်ဘတ်မြစ် (ဝဲ) နှင့် ကလန်းမြစ် (ယာတို့) ပေါင်းဆုံရာ နေရာတွင် ရှိသော ဂျာမက် ဗလီ။ ကွာလာလမ်ပူတွင် အစောဆုံး အခြေချ နေထိုင်ခြင်းမှာ အရှေ့ဘက်ခြမ်းတွင် ဖြစ်ပြီး ဤဓာတ်ပုံ၏ ညာဖက် အခြမ်း ဖြစ်သည်။

ကွာလာလမ်ပူ ဆိုသော အမည်၏ အဓိပ္ပာယ်မှာ ရွှံ့ထူသော မြစ်ဆုံ ဟု အဓိပ္ပာယ်ရသော်လည်း တခြားသော အမှတ်မရနိုင်သော အမည်တစ်ခုခုမှ ရွေ့လျားဆင်းသက်လာသော အမည်လည်း ဖြစ်နိုင်သည်။[၈] နဂိုမူလက ဆူနိုင်းဂုမ်ဘတ် မြစ် (ယခင်အမည် ဆူနိုင်းလမ်ပူမြစ်) နှင့် ဆူနိုင်းကလန်း (ကလန်းမြစ်) တို့ ပေါင်းဆုံသော မြစ်ဆုံနေရာတွင် အိမ်ခြေ အနည်းငယ်မျှဖြင့် အခြေချ နေထိုင်ကြရာ နေရာ ဖြစ်လေသည်။ ကွာလာလမ်ပူမြို့ကို ၁၈၅၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ ကလန်းပြည်နယ်၏ မလေးခေါင်းဆောင် ရာဂျာ ဂျာဖာ၏သား ရာဂျာ အဗ္ဗဒူလာ မှ သူ၏ ညီအစ်ကိုတော်သူ လူကွတ်နယ်မှ ရာဂျာ ဂျူမတ်၏ အကူအညီဖြင့် လူကွတ်မှ တရုတ်သတ္တုတွင်းတူး သူများကို ငှားရမ်း၍ ခဲမဖြူသတ္တုတွင်းကို အစပျိုးရန် အရင်းအနှီးမတည်ခဲ့ခြင်း မှ အစပြုသည်။[၉][၁၀] သတ္တုတွင်း သမားများသည် ကွာလာလမ်ပူသို့ ရောက်ရှိခဲ့ကြပြီး ထိုနေရာမှ ခြေလျင်ခရီးဖြင့် အမ်ပန်း အရပ်သို့ ဆက်လက်ထွက်ခွာခဲ့ကြကာ ထိုနေရာတွင် ပထမဆုံး သတ္တုတွင်းကို ဖွင့်လှစ်ခဲ့ကြသည်။ ကွာလာလမ်ပူသည် ကလန်းမြစ် အတွင်း အဝေးဆုံး ရောက်ရှိနိုင်သော နေရာဖြစ်ပြီး ထိုနေရာသို့ ရိက္ခာပစ္စည်းများ လှေဖြင့် သယ်ယူနိုင်ရန် အဆင်ပြေဆုံး နေရာ ဖြစ်၍ ခဲမဖြူ သတ္တုတွင်းများသို့ ပစ္စည်းပို့ရန် နှင့် ပစ္စည်း ပြန်သယ်ရန် အတွက် ဆုံစည်းရာ နေရာဖြစ်လာခဲ့သည်။[၈][၁၁]

ကွာလာလမ်ပူမြို့ကို တည်ထောင်သူမှာ မည်သူဖြစ်သည်ကို အတိအကျ မပြောဆိုနိုင်ပေ။ ရာဂျာ ဂျာဖာ၏သား ရာဂျာ အဗ္ဗဒူလာနှင့် ၎င်း မြို့ကို တည်ခြင်းမှာ ဆလန်ဂေါ၏ သမိုင်းတွင် မပါဝင်ခဲ့ပေ။[၁၂] အခြားတစ်ဖက်တွင်လည်း မန်ဒိုင်လင်း လူမျိုး၊ ဆူမာတြားမြောက်ပိုင်း၊ မန်ဒိုင်လင်းနယ် အထက်ပိုင်းရှိ တိုဘာမှ လူဘစ်လူမျိုးစုမှ သူကောင်းမျိုး ဆူတန် ပွာဆာ သည် ဆလန်ဂေါနယ်သို့ ၁၈၃၀ တွင် စတင် ပြောင်းရွှေ့ အခြေချခဲ့ပြီး ကွာလာလမ်ပူသို့ ၁၈၅၀ မတိုင်မီက ရောက်ရှိခဲ့သည်။[၁၃] ရာဂျာ အဗ္ဗဒူလာသည် ၁၈၅၇ တွင်မှ ကွာလာလမ်ပူသို့ ရောက်ရှိခဲ့ပြီး ကွာလာလမ်ပူကို တည်ထောင်သူဟု သိကြသော ယပ်အာလွိုင်သည်လည်း ၁၈၆၂ တွင်မှ ကွာလာလမ်ပူသို့ ရောက်ရှိခဲ့သည်။ ထို့ပြင် ရာဂျာအဗ္ဗဒူလာ၏ လက်အောက်တွင် အလုပ်လုပ်ကြသော တရုတ် အလုပ်သမားများသည် ကုန်းမကြီးမှ ၆၄ ကီလိုမီတာမျှ ကွာဝေးသော အမ်ပန်းတွင် အလုပ်လုပ်ကြသည်။[၁၄] ထိုအချိန်တွင်ပင် ထိရောက်သော ရေပေးဝေရေး နှင့် ဆည်မြောင်းစနစ်များကို နည်းပညာအားဖြင့် ရှေ့ရောက်သော မန်ဒိုင်လင်း လူမျိုးများက ကွာလာလမ်ပူတွင် တည်ဆောက်ခဲ့ပြီး သတ္တုတွင်း ကဏ္ဍကို တိုးတက်စေခဲ့သည်။[၁၃]


၁၈၆၀-ပြည့်နှစ်တွင် သံဖြူဈေးကောင်းလာ၍ ကွာလာလမ်ပူသည်လည်း ရွာကြီးတရွာ ဖြစ်လာခဲ့ပြီး တရုတ်တွေလည်း ထောင်နှင့် ချီပြီးရောက်ရှိ လာခဲ့ပါသည်။ မလေးလူမျိုးက လူနည်းစုသာ ရှိပြီး တရုတ်များကဘဲ ကြီးစိုးထားခဲ့ပါသည်။ ထို့နောက် သတ္တုတွင်းသမား၊ ကုန်သည်၊ ဈေးရောင်းသူများ စည်ကားလာပြီး ပြည့်တန်စာ အိမ်တွေ၊ လောင်းကစားရုံတွေ၊ ဒုစရိုက်ဂိုဏ်းတွေ ပြည့်လာခဲ့ ပါသည်။ ကွာလာလမ်ပူသည် ဆီလန်ဂေါ ပြည်နယ်ထဲမှာ ရှိ၍ ထိုပြည်နယ်ကို အုပ်ချုပ်သော မလေးဘုရင်က ကွာလာလမ်ပူ အုပ်ချူပ်ရေးကို တရုတ် အကြီးအကဲများနှင့် လွှဲထားပြီး အခွန်လောက်ဘဲ ကောက်ခဲ့ ပါသည်။ ထိုအကြီးအကဲတွေထဲက ၁၈၆၈ ကနေ ၁၈၈၅ ထိအုပ်ချုပ်ခဲ့တဲ့ တရုတ်ကြီး ယက်(ပ)အလွိုင် က ကွာလာလမ်ပူ ကိုမြို့ကြီးတမြို့ဖြစ်အောင် ထူထောင်ခဲ့ သူတဦး ဖြစ်ပါသည်။ ၁၈၆၇ မှာတော့ အခွန်ငွေ အကြီးအကျယ်ရနေတဲ့ ကွာလာလမ်ပူကို မလေးဘုရင်တွေ အချင်းချင်း လုရာက စစ်ဖြစ်ခဲ့ ပါသည်။ အဲဒီစစ်ပွဲ မှာ ယက်(ပ)အလွိုင် က ဆီ လန်ဂေါဘုရင်ခံ တဲန်ကူးကူးဒင် ကိုထောက်ခံခဲ့သော်လဲ ၁၈၇၂ စစ်အပြီးမှာ အရေးနိမ့်သွားတဲ့ အတွက် ကွာလာလမ်ပူဟာ ပြာပုံအတိဖြစ်သွားခဲ့ရပါသည်။ ဒါပေမယ့် ၁၈၇၃ မှာ စစ်ရှုံးဘုရင်ခံ တဲန်ကူးကူဒင် က ပါဟမ်းစူလတန် ရဲ့အကူအညီနဲ့ပြန်လည် သိမ်းပိုက် ပြီး ယက်(ပ)အလွိုင် ကိုပြန်လည် အုပ်ချုပ်စေခဲ့ ပါသည်။ ပြာပုံ ဖြစ်နေတဲ့ ကွာလာလမ်ပူက နေထွက်ပြေးတော့မယ့် တရုတ်တွေကို ပြန်လည် စည်းရုံးပြီး မြို့ကို ပြန်လည် ထူထောင်ခဲ့ ပါသည်။ နောက် ငါးနှစ် အကြာမှာတော့ သံဖြူဈေးတွေ တက်လာခဲ့ပြီး ကွာလာလမ်ပူ ဟာ အရင်လို ပြန်လည်စည်ကား လာခဲ့ပါသည်။ ၁၈၇၉ မှာ ပထမဆုံး အင်္ဂလိပ် သံအဖွဲ့ အခြေချ ခဲ့ရာက နေ ၁၈၈ဝ မှာ ဆီလန်ဂေါပြည်နယ်ရဲ့ မြို့တော် ဖြစ် လာခဲ့ပါသည်။

ကွာလာလမ်ပူကို တိုးတက်စေခဲ့တဲ့နောက်တဦး ကတော့ အင်္ဂလိပ်လူမျိုး ဖရန့်ဆွပ်တင်းဟန်း ( Frank Swettenham ) ဖြစ်ပါတယ်။ တဲတွေက နေတိုက်တာ အဆောက်အဦးတွေနဲ့ အစား ထိုးပေး ခဲ့ပြီး ကလန်း- ကွာလာလမ်ပူ ရထားလမ်းကိုဆောက်လုပ်စေခြင်း ဖြင့်ရေကြောင်းသွားလာမှုကို အဓိကထားနေတာ ကိုရှော့ချပေးကာ ဆက်သွယ်ရေးကောင်းမွန်စေခဲ့ ပါတယ်။ အခု KL လို့ မလေးတွေ ချစ်စနိုးခေါ်နေတဲ့ ကွာလာလမ်ပူဟာ ၁၈၉၆ မှ မလေးပြည်ထောင်စုရဲ့ မြို့တော်ဖြစ်လာခဲ့ ပြီး၊ ကမ္ဘာစစ် နှစ်ကြိမ်ရဲ့ ရန်ကလဲ လွတ်ခဲ့ ပါတယ်။ ၁၉၅၇ မှာမလေး ပြည်ထောင်စုရဲ့ အဓိကမြို့တော်အဆင့် ရခဲ့ကာ ၁၉၆၃ မှာတော့ လွတ်လပ်သော မလေးရှားပြည်ထောင်စုရဲ့ မြို့တော် ဖြစ်လာခဲ့သည်။

ပထဝီဝင်[ပြင်​ဆင်​ရန်​]

မြို့မြင်ကွင်း[ပြင်​ဆင်​ရန်​]

ကွာလာလမ်ပူရှိ လွတ်လပ်ရေးရင်ပြင်
ကွာလာလမ်ပူရှိ လွတ်လပ်ရေးရင်ပြင်
တီတီဝမ်ဆာ ကန်ဥယျာဉ်မှ တွေ့ရသော ကွာလာလမ်ပူမြို့ မြင်ကွင်း
တီတီဝမ်ဆာ ကန်ဥယျာဉ်မှ တွေ့ရသော ကွာလာလမ်ပူမြို့ မြင်ကွင်း

အစိုးရ[ပြင်​ဆင်​ရန်​]

စီးပွားရေး[ပြင်​ဆင်​ရန်​]

လူဦးရေ ပျံ့နှံ့နေထိုင်ပုံ[ပြင်​ဆင်​ရန်​]

ပညာရေး[ပြင်​ဆင်​ရန်​]

ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

သယ်ယူပို့ဆောင်ရေး[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ၁.၀ ၁.၁ Malaysia: largest cities and towns and statistics of their population။ Archived from the original on 16 December 2012။
  2. Helders, Stefan။ Malaysia:Metropolitan areasWorld Gazetteer။ Archived from the original on 5 December 2012။ 4 December 2007 တွင် ပြန်စစ်ပြီး။
  3. Putrajaya – Administrative Capital of Malaysia။ Government of Malaysia။ Archived from the original on 21 October 2007။ 11 December 2007 တွင် ပြန်စစ်ပြီး။
  4. Kearney, Inc.၊ A.T.။ The 2010 Global Cities Index။ Foreign Policy။
  5.  Print!  Email! Author: 2thinknow (1 September 2010)။ Innovation Cities™ Top 100 Index | 2010 | Innovation Cities Program – Analyst Reports, Index Rankings, Benchmarking Data, Workshops။ Innovation-cities.com။ 14 January 2012 တွင် ပြန်စစ်ပြီး။
  6. Jeong Chun Hai @Ibrahim, & Nor Fadzlina Nawi. (2007). Principles of Public Administration: An Introduction. Kuala Lumpur: Karisma Publications. ISBN 978-983-195-253-5
  7. Territorial extentStates of Malaysia။ statoids.com။ 11 December 2007 တွင် ပြန်စစ်ပြီး။
  8. ၈.၀ ၈.၁ JM Gullick (1955). "Kuala Lumpur 1880-1895". Journal of the Malayan Branch of the Royal Asiatic Society 24 (4): 10–11. 
  9. J.M. Gullick (1983). The Story of Kuala Lumpur, 1857-1939. Eastern Universities Press (M), 8–9. ISBN 978-9679080285. 
  10. Kuala Lumpur History။ All Malaysia။ 15 September 2009 တွင် ပြန်စစ်ပြီး။
  11. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named ooi
  12. Abdul Samad Ahmad, Pesaka Selangor, Dewan Bahasa dan Pustaka, Kuala Lumpur, (1937 edisi Jawi), 1966.
  13. ၁၃.၀ ၁၃.၁ Abdul-Razzaq Lubis, 'Sutan Puasa: The Founder of Kuala Lumpur', Journal of Southeast Asian Architecture (12), National University of Singapore, September 2013.
  14. Middlebrook & Gullick,op. cit., 1983: 18.