မာတိကာသို့ ခုန်သွားရန်

ဗဟန်းမြို့နယ်

ဝီကီပီးဒီးယား မှ
(ဗဟန်း မှ ပြန်ညွှန်းထားသည်)
ဗဟန်းမြို့နယ်
Skyline of ဗဟန်းမြို့နယ်
ကမာရွတ်ခရိုင်အတွင်း တည်နေရာ (အပြာ)
ကမာရွတ်ခရိုင်အတွင်း တည်နေရာ (အပြာ)
ရန်ကုန်မြို့အတွင်း တည်​နေရာ
ရန်ကုန်မြို့အတွင်း တည်​နေရာ
ဗဟန်းမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဗဟန်းမြို့နယ်
ဗဟန်းမြို့နယ်
ဗဟန်းမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°48′29″N 96°9′8″E / 16.80806°N 96.15222°E / 16.80806; 96.15222
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ရန်ကုန်
ခရိုင်ကမာရွတ်
စာပို့သင်္ကေတ၁၁၂၀၁

ဗဟန်းမြို့နယ်သည် ရန်ကုန်မြို့လယ်တွင် တည်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးကမာရွတ်ခရိုင်အတွင်း ပါဝင်သည်။ ဗဟန်းသည် အဝါရောင်ရှိသောမြေကို ခေါ်ဆိုခြင်းဖြစ်သည်ဆို၏။ ရှေးအခါက ဗဟန်းအရပ်သည် ကန့်ထွက်ရာဒေသ ဖြစ်ဟန်တူသည်။ ဗဟန်းရပ်သည် ကိုလိုနီခေတ်ဦးကာလအထိ တောတောင်ထူထပ်ရာအရပ် ဖြစ်သည်။ စာဆိုတော် စလေဦးပုညကပင် "ဗဟန်းသွားတောလား" ဟူ၍ ရေးဖွဲ့ခဲ့ဖူးသည်။[]

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

စုစုပေါင်းရပ်ကွက် (၂၂)ခု ဖြင့် ဖွဲ့စည်းထားသည်။ မြောက်ဘက်တွင် မရမ်းကုန်းမြို့နယ်နှင့် ရန်ကင်းမြို့နယ်၊ အနောက်ဘက်တွင် ကမာရွတ်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်၊ အရှေ့ဘက်တွင် တာမွေမြို့နယ်တို့ တည်ရှိပြီး တောင်အရပ်တွင် ဒဂုံမြို့နယ်နှင့် မင်္ဂလာ‌တောင်ညွန့်မြို့နယ် တည်ရှိသည်။ အစိုးရ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်း (၂၁)ကျောင်းရှိသည်။

ထင်ရှားသော အဆောက်အဦးများ

[ပြင်ဆင်ရန်]

ဖော်ပြပါဇယားမှာ ဗဟန်းမြို့နယ်၏ ထင်ရှားသော အဆောက်အဦးများဖြစ်သည်။

အမည် အမျိုးအစား လိပ်စာ မှတ်ချက်
ဗိုလ်ချုပ် အောင်ဆန်း ပြတိုက် ပြတိုက် ၂၅ ဗိုလ်ချုပ်အောင်ဆန်းလမ်းသွယ်
ခြောက်ထပ်ကြီးဘုရား ဘုရား ရွှေဂုံတိုင်လမ်းမ
ငါးထပ်ကြီးဘုရား ဘုရား ရွှေဂုံတိုင်လမ်းမ
တိုင်းရင်းဆေးရုံ ဆေးရုံ ငါးထပ် ကြီးဘုရားလမ်း(ကင်းဘဲလမ်း)
ဓမ္မဇောတိ တရားစခန်း ငါးထပ် ကြီးဘုရားလမ်း(ကင်းဘဲလမ်း)
ဗဟန်းအမျိုးသမီးဆေးရုံ ဆေးရုံ ငါးထပ် ကြီးဘုရားလမ်း(ကင်းဘဲလမ်း) (ယခင်)ဒေါ်ခင်ကြည်ဆေးရုံ

အကိုးအကား

[ပြင်ဆင်ရန်]
  1. မြန်မာမြို့အဘိဓာန်။ တင်နိုင်တိုး။ ဇေတဝန်စာအုပ်တိုက်။ ရန်ကုန်။ ပကြိမ်။ ၂၀၁၂ ဖေဖော်ဝါရီ။