သာကေတမြို့နယ်

ဝီကီပီးဒီးယား မှ
(သကေတမြို့နယ် မှ ပြန်ညွှန်းထားသည်)
သာကေတမြို့နယ်
ဗိုလ်တထောင်ခရိုင်အတွင်း တည်နေရာ
ဗိုလ်တထောင်ခရိုင်အတွင်း တည်နေရာ
သာကေတမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သာကေတမြို့နယ်
သာကေတမြို့နယ်
သာကေတမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°47′40″N 96°12′6″E / 16.79444°N 96.20167°E / 16.79444; 96.20167ကိုဩဒိနိတ်: 16°47′40″N 96°12′6″E / 16.79444°N 96.20167°E / 16.79444; 96.20167
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ရန်ကုန်
ခရိုင်ဗိုလ်တထောင်
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၂၂၀,၄၄၇[၁]
စာပို့သင်္ကတ၁၁၂၃၁၊ ၁၁၂၃၂

သာကေတမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့ပိုင်းတွင် တည်ရှိသည်။ သာကေတမြို့နယ်၏ မြောက်ဘက်နှင့် အနောက်ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ အရှေ့ဘက်တွင် ပဲခူးမြစ်နှင့် တောင်ဘက်တွင် ဒေါပုံမြို့နယ်တို့ တည်ရှိသည်။ ပုဇွန်တောင်ချောင်းသည် ဤမြို့နယ်ကို ဖြတ်သန်းစီးဆင်းသွားသည်။ မူလက ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း တည်ရှိရာမှ ၂၀၂၂ခုနှစ်၊ အိမ်စောင့်အစိုးရလက်ထက်တွင် ဗိုလ်တထောင်ခရိုင်အတွင်း ထည့်သွင်းဖွဲ့စည်းခဲ့သည်။

သာကေတမြို့နယ်ကို ၁၉၅၉ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၄.၉၃စတုရန်းကီလိုမီတာတွင် ရပ်ကွက် ၁၉ဖြင့် ဖွဲ့စည်းထားသည်။[၂] အစိုးရ မူလတန်းကျောင်း (၄၆) ကျောင်း၊ အလယ်တန်းကျောင်း (၈) ကျောင်း၊ အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။ သန်လျင်မြို့နယ်နှင့် တာမွေမြို့နယ်များသို့ တံတားများဖြင့် ဆက်သွယ်ထားသည်။

ပဲခူးမြစ်ကြောင်းတစ်လျှောက်တွင် ဆိပ်ကမ်းသုံးခု ရှိသည်။ မီးရထားလမ်းသည် မြို့နယ်နယ်နိမိတ်အတွင်း ၅မိုင်မျှ ဖြတ်သန်းသွားသော်လည်း ဘူတာ မရှိပေ။ အမှတ်(၁)(၂)(၃)(၅)(၇) စျေးများနှင့် ခိုင်ရွှေဝါစျေး၊ ဥယျာဥ်စျေး၊ ဓမ္မာရုံစျေးတို့ ရှိသည်။ တစ်ရာ့ရှစ်တောင်စေတီ၊ ဇိနမာန်အောင်စေတီ၊ ရွှေအုတ်ဂူစေတီတို့ ထင်ရှားသည်။ ကြယ်သုံးပွင့်ဟိုတယ် တစ်ခု၊ ကြယ်နှစ်ပွင့်နှင့် ကြယ်တစ်ပွင့်ဟိုတယ် နှစ်ခုစီ ရှိသည်။ [၃]

အထင်ကရနေရာများ[ပြင်ဆင်ရန်]

  1. မိချောင်းမွေးမြူရေးကန်
  2. သာကေတ မိကျောင်းမွေးမြူရေးစခန်း
  3. ရှုခင်းသာပန်းခြံ (ဝါးတားဘွန်းမ်း)
  4. ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ
  5. ဇိနမာန်အောင်စေတီ
  6. တစ်ရာ့ရှစ်တောင်စေတီ
  7. ရွှေအုတ်ဂူစေတီ

ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၁၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 25, 2015 တွင် ပြန်စစ်ပြီး
  2. သာကေတမြို့နယ်ဒေသဆိုင်ရာအချက်လက်များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
  3. သာကေတမြို့နယ်ဒေသဆိုင်ရာအချက်လက်များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန