မာတိကာသို့ ခုန်သွားရန်

အ.ထ.က(၁)ပုဇွန်တောင်

ဝီကီပီးဒီးယား မှ
အ.ထ.က (၁) ပုဇွန်တောင်

အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပုဇွန်တောင်သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်ရှိ ပုဇွန်တောင်မြို့နယ် ၄၅ လမ်းနှင့် လမ်း ၅၀ကြား အနော်ရထာလမ်းမပေါ်  တွင် တည်ရှိသည်။ဤကျောင်း၏ အဆောက်အအုံသည် နှစ် ၁၀၀ကျော် သက်တမ်းရှိ၍  ရန်ကုန်မြို့၏ ထူးခြားသော မြို့ပြ အမွေအနှစ်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားသည်။

သမိုင်းအကျဉ်း

[ပြင်ဆင်ရန်]

အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပုဇွန်တောင် ၏ မူလအဆောက်အအုံအား  ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် (အဆောက်အအုံဟောင်း) အပါအဝင် ရန်ကုန်မြို့ ရှိ အဆောက်အအုံများစွာ လှူဒါန်းခဲ့သော အလှူရှင်ဖြစ်သည့် ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင် ပရဟိတသမား ဒေါက်တာ အက်စ် ရာမာနာသန်း ရက်ဒီးယား (Dr. S. Ramanatha Reddiar) က ဆောက်လုပ်လှူဒါန်းသည်။[၁] အဆောက်အအုံကို အလှူရှင်ကိုယ်တိုင် ၁၉၁၇ မေလ ၃၁ တွင် အုတ်မြစ်ချကာ ၁၉၁၈ ဇွန် ၂၀ တွင် ဖွင့်လှစ်ခဲ့သည်။ ထိုကျောင်း၏ မူလအမည်မှာ အက်စ် သမ်ဘာရာ ရက်ဒီးယာ အထက်တန်းကျောင်း(S. Thambara Reddiar High School) ဖြစ်သည်။ လွတ်လပ်ပြီးခေတ်တွင် ပုဇွန်တောင် အထက်တန်းကျောင်းအဖြစ် အမည်ပြောင်းသည်။ယင်းနောက် အ.ထ.က (၁) ပုဇွန်တောင် အဖြစ် ထပ်မံပြောင်းလဲသည်။

၂၀၁၈ ဒီဇင်ဘာ ၂၀ တွင်  ၂၆ ခုမြောက် အပြာရောင်ကမ္ဗည်းပြားကို တပ်ဆင်သည်။ [၂]

ကိုးကား

[ပြင်ဆင်ရန်]

 

  1. ↑ ဗိုလ်အောင်ကျော်လမ်းနှင့် အ.ထ.က (၁) ပုဇွန်တောင်တို့တွင် အပြာရောင်ကမ္ဗည်းပြားများတပ်ဆင်။ Mizzima Burmese (၂၀ ဒီဇင်ဘာ ၂၀၁၈)။ ၂၄ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ↑ CULTURE & ENTERTAINMENTရန်ကုန်မြို့ဗိုလ်အောင်ကျော်လမ်း နှင့် အ.ထ.က (၁) ပုဇွန်တောင် တို့၌ အပြာရောင် ကမ္ဗည်းပြားများ တပ်ဆင်။ ဆင်ဟွာသတင်း (၂၀ ဒီဇင်ဘာ ၂၀၁၈)။ 24 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။