သိမ်ကြီးဈေး
သိမ်ကြီးဈေး | |
တည်နေရာ | လသာနှင့် ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
---|---|
ဖွင့်လှစ်ခဲ့သည်ရက်စွဲ | ၁၈၅၄ |
ရောင်းချသောကုန် | ကုန်စိမ်းနှင့် ကုန်ခြောက်များ |
ဆိုင်ခန်းငှားရမ်းသူအရေအတွက် | ၁၁၅၆ |
သိမ်ကြီးဈေး သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ ရှိ ဈေးတစ်ခု ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြေနေရာအစ
[ပြင်ဆင်ရန်]ကိုလိုနီခေတ်၊ ရန်ကုန်မြို့ ကို သိမ်းယူပြီးစအချိန်တွင် ဗြိတိသျှအစိုးရသည် ဘာသာရေးအဆောက်အအုံများ၊ ဈေးများ နေရာချထားရေးအတွက် စီမံဆောင်ရွက်ရာတွင် ၎င်းနေရာများအတွက် မြေဂရန်များ အခမဲ့ ထုတ်ပေးခဲ့ရာ ယနေ့ သိမ်ကြီးဈေးဟုခေါ်တွင်ကြသော ဈေးမြေနေရာအနီးတွင် ဗုဒ္ဓဘာသာဝင်များအတွက် သိမ်ဆောက်လုပ်ရန် မြေဂရန်တစ်ခုထုတ်ပေးခဲ့သည်။[၁]
စူရတီဘားရားဘဇားမှ သိမ်ကြီးဈေးသို့
[ပြင်ဆင်ရန်]မော်လမြိုင်တွင် မြို့မဈေးကြီးကို တည်ထောင်ထားသော စူရတီ ဈေးကုမ္ပဏီ (Surati Burra Bazaar Company) က ၁၈၅၄ ခုတွင် အဖျက်ခံရသော ကျိုက်မြတ်သံချို စေတီ (ကျိုက်မဲ သံကရော စေတီ) ၏ ဘုရားဈေးတန်းနှင့် ပတ်ဝန်းကျင် မြေနေရာတွင် စူရတီဘားရားဘဇား (Surati Burra Bazaar) ကို အုတ်အဆောက်အုံအဖြစ် တည်ဆောက်သည်။
လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုအစိုးရက ၁၉၅၁ ခု၊ ဩဂုတ်လ ၁ ရက်နေ့တွင် သိမ်ကြီးဈေးအဆောက်အအုံများကို မူလကုမ္ပဏီထံမှ သိမ်ကြီးဈေးအုပ်ချုပ်ကြီးကြပ်ရေးအဖွဲ့၏ လက်အောက်သို့ လွဲပြောင်းအုပ်ချုပ်စေခဲ့သည်။[၂]
မူလဈေးရုံများ
[ပြင်ဆင်ရန်]စူရတီဘားရားဘဇား( မြန်မာတို့အခေါ် သိမ်ကြီးဈေး) တွင် မူလဈေးရုံများအဖြစ် အေရုံ၊ ဘီရုံ၊ စီရုံ၊ ဒီရုံနှင့် အီးရုံဟူ၍ ငါးရုံရှိသည်။ မြေကွက်ပေါင်း ၁၂၂ကွက် ပါဝင်သည်။
သိမ်ကြီးဈေး အေရုံ
[ပြင်ဆင်ရန်]အေရုံ ဈေးအဆောက်အအုံကို ၁၉၀၅ခုနှစ်တွင် စတင် ဆောက်လုပ်သည်။
သိမ်ကြီးဈေး ဘီရုံ
[ပြင်ဆင်ရန်]ဘီရုံကို ၁၉၃၈ ခုနှစ်တွင် စတင်ဆောက်လုပ်သည်။
သိမ်ကြီးဈေး စီရုံ
[ပြင်ဆင်ရန်]စီရုံ ဈေးအဆောက်အအုံကို ၁၉၂၈ခုနှစ်တွင် စတင် ဆောက်လုပ်သည်။
သိမ်ကြီးဈေး ဒီရုံ
[ပြင်ဆင်ရန်]ဒီရုံ ဈေးအဆောက်အအုံကို ၁၉၀၆ခုနှစ်တွင် စတင် ဆောက်လုပ်သည်။