ခမ္ဘကတသိက္ခာပုဒ်
ပုံပန်းသွင်ပြင်
(ပထမသေခိယသိက္ခာပုဒ်၊ ဥဇ္ဇဂ္ဃိကဝဂ် မှ ပြန်ညွှန်းထားသည်)
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ခမ္ဘကတသိက္ခာပုဒ် ၂-ပါး (ခမ္ဘကတဝဂ်)
ခါးထောက်ခြင်း
[ပြင်ဆင်ရန်]ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် မြို့ရွာအတွင်း၌ ခါးထောက်၍ သွားလာ-နေထိုင်ကြကုန်၏၊ ထိုအပြုအမူသည်လည်း ဟန်ကြီးပန်ကြီးလုပ်သူတို့၏ အပြုအမူဖြစ်၍ မြင်ရသူတို့ ကျေနပ်ဘွယ် ကောင်းသော အပြုအမူမဟုတ်ရကား ကဲ့ရဲ့ရှုတ်ချကြသောကြောင့်... [၁]
(က, ခ) “န ခမ္ဘကတော အန္တရဃရေ ဂမိဿာမီတိ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ် ၂-ပါးကို ပညတ်တော်မူရလေသည်။
မြန်မာပြန်
[ပြင်ဆင်ရန်]“ဝဲဘက်ယာဘက် တဘက်ဘက်မှာ ဖြစ်စေ ၂-ဘက် လုံးမှာဖြစ်စေ ခါးကိုလက်ဖြင့် ထောက်၍ မသွားလာအံ့, မနေထိုင်အံ့” ဟု အလေ့အကျင့်ကို ပြုရမည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။