သကဗဠသိက္ခာပုဒ်
ပုံပန်းသွင်ပြင်
(ပထမသေခိယသိက္ခာပုဒ်၊ သက္ကစ္စဝဂ် မှ ပြန်ညွှန်းထားသည်)
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
သကဗဠသိက္ခာပုဒ် (ကဗဠဝဂ်)
ဆွမ်းလုပ်ရှိတုန်း စကားပြောမှု
[ပြင်ဆင်ရန်]ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခံတွင်းထဲ၌ ဆွမ်းလုပ်ရှိနေစဉ် စကားပြောကြကုန်၏၊ ထိုအခါကြည့်၍ မကောင်းသည့်ပြင် စကားလုံးလည်း မပီမသ ဖြစ်နေ၏၊ ထို့ကြောင့် လူတို့ ကဲ့ရဲ့ကြရကား...[၁]
“န သကဗဠေန မုခေန ဗျာဟရိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်
[ပြင်ဆင်ရန်]“ဆွမ်းလုပ်နှင့်တကွဖြစ်နေသော ခံတွင်းဖြင့်(ခံတွင်းထဲ၌ ဆွမ်းလုပ် ရှိနေတုန်း) စကားမပြောအံ့ဟု အလေ့ အကျင့်ကို ပြုရမည်။
မှတ်ချက်
[ပြင်ဆင်ရန်]တရားဟောသောအခါ ရှစ်ရှားသီးပိုင်း နွယ်ချိုတုံးကလေးကို ပါးစပ်ထဲ ထည့်၍ ဟောလျှင် စကားလုံး မပီမသ မဖြစ်သောကြောင့် ဟောကောင်းသကဲ့သို့ ထို့အတူ ပါးစပ်ထဲ၌ ဆွမ်းလုပ်ရှိသော်လည်း ဆွမ်းလုပ်က အနည်းအပါး သာဖြစ်၍ စကားလုံး ပီသအောင် ပြောနိုင်လျှင် အာပတ်မသင့်ဟု အဋ္ဌကထာ ဆိုသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။