နဂ္ဂသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(ပထမသိက္ခာပုဒ်၊ နဂ္ဂဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—ရေလဲ မပါဘဲ ရေချိုးမှု။

အမှုသည်—ဘိက္ခုနီအများ။ [၁]

ပြည့်တန်ဆာမများနှင့် အတူရေချိုးခြင်း[ပြင်ဆင်ရန်]

သာဝတ္ထိမြို့၌ များစွာသောဘိက္ခုနီတို့သည် အစီရဝတီ မြစ်ထဲ၌ ပြည့်တန်ဆာမများနှင့် အတူ ရေလဲမပါဘဲ ဗလာကိုယ်ထည်းဖြင့် ရေချိုးကြလေရာ ပြည့်တန်ဆာမတို့သည် ထိုဘိက္ခုနီများကို ကြည့်၍ ခနိုးခနဲ့ ပြောကြသည်မှာ-“အရှင်မ တို့ရယ်...အရွယ်ကောင်းတုန်းမှာ မေထုန်ရှောင်တဲ့ အကျင့်မြတ်ကို ကျင့်နေလို့ ဘာအကျိုးရှိမှာလဲ၊ ဒီအရွယ်မှာ ကာမချမ်းသာကို ခံစားပြီး အရွယ်ကြီးမှ မြတ်သော အကျင့်ကို ကျင့်ကြပါလား၊ ဒီလိုဆိုလျှင် ဒီဘဝအကျိုး နောင်ဘဝအကျိုး ၂-မျိုးလုံး ပိုင်ပြီးသား ဖြစ်တာပေါ့”ဟု ခနိုးခနဲ့ ပြောကြလေသည်။

ထိုသို့ ခနိုးခနဲ့ အပြောခံရ၍ ခတ်ရှက်ရှက်နှင့် မျက်နှာပျက်ခဲ့ရသော ဘိက္ခုနီတို့သည် ကျောင်းသို့ ရောက်သောအခါ အဝတ်မပါဘဲ ရေချိုးမိလို့ ပြည့်တန်ဆာမတွေရဲ့ အခနဲ့ ခံခဲ့ရကြောင်းကို ပြောပြကြလေသော် သူတို့ကို မသနားသည့်ပြင် “အဝတ်မပါ ဗလာကိုယ်တည်းဖြင့် ရေချိုးကြရကောင်း လား”ဟု ကဲ့ရဲ့ကြ၍ တဆင့်အားဖြင့် ဘုရားကို လျှောက်ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ နဂ္ဂါ နဟာယေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

အဝတ်မပါ ဗလာကိုယ်ထည်းဖြင့် ရေချိုးသောဘိက္ခုနီအား ပါစိတ် အာပတ် သင့်၏၊ ဘိက္ခုတို့မှာ ဇန္တာဃရ (ရေချိုးအိမ်) နှင့် ရေထည်းမှာ အဝတ်မပါဘဲ ချိုးကောင်းသေး၏၊ ဘိက္ခုနီတို့ကား ထိုသို့ နေရာများ၌သော်မှ အဝတ်မပါဘဲ ချိုးကောင်း၏ဟု ခွင့်ပြုချက် မတွေ့ရ။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး