ဧကမဉ္စတုဝဋ္ဋနသိက္ခာပုဒ်
ပုံပန်းသွင်ပြင်
(ပထမသိက္ခာပုဒ်၊ တုဝဋ္ဋဝဂ် မှ ပြန်ညွှန်းထားသည်)
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—ခုတင်တစ်ခု၌ ၂-ယောက်အတူ အိပ်မှု။
အမှုသည်—ဘိက္ခုနီများ။ [၁]
လူလို မအိပ်ရ
[ပြင်ဆင်ရန်]သာဝတ္ထိမြို့၌ ဘိက္ခုနီတချို့သည် ခုတင်တချပ်ထည်း၌ ၂-ယောက် အတူအိပ်ကြကုန်၏၊ ကျောင်းကို လှည့်လည်၍ ကြည့်ရှုကြသော လူတို့သည် ထိုသို့ အိပ်ကြပုံကို မြင်၍ “လူများအိပ်သလို အိပ်ကြတာဘဲကိုး”ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်
[ပြင်ဆင်ရန်]ယာ ပန ဘိက္ခုနိယော ဒွေ ဧကမဉ္စေ တုဝဋ္ဋေယျုံ, ပါစိတ္တိယံ။
မြန်မာပြန်
[ပြင်ဆင်ရန်]ညောင်စောင်း(ခုတင်)တစ်ခုတည်း၌ ၂-ယောက်အတူ အိပ်သော ဘိက္ခုနီတို့မှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်
[ပြင်ဆင်ရန်]ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ် သင့်၏။ တစ်ယောက်အိပ်တုန်း အခြားတစ်ယောက်က ထိုင်နေလျှင်လည်းကောင်း၊ ၂-ယောက်လုံး မအိပ်ဘဲ ထိုင်နေလျှင်လည်းကောင်း အနာပတ္တိ။
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။