ဂဗ္ဘိနီသိက္ခာပုဒ်
ပုံပန်းသွင်ပြင်
(ပထမသိက္ခာပုဒ်၊ ဂဗ္ဘနီဝဂ် မှ ပြန်ညွှန်းထားသည်)
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—ကိုယ်ဝန်ဆောင်မိန်းမကို ဘိက္ခုနီ ပြုလုပ်ပေးမှု။
အမှုသည်—ဘိက္ခုနီအများ။ [၁]
ကိုယ်ဝန်ဆောင် ဘိက္ခုနီ
[ပြင်ဆင်ရန်]သာဝတ္ထိမြို့၌ ဘိက္ခုနီတို့သည် ကိုယ်ဝန်ဆောင် မိန်းမ တစ်ယောက်ကို “သူက ဘိက္ခုနီပြုပါရစေ”ဟု ခွင့်တောင်းသောကြောင့် ဘိက္ခုနီပြုပေးကြကုန်၏၊ ထိုကိုယ်ဝန်ဆောင် ဘိက္ခုနီသည် ဆွမ်းခံသွားသောအခါ လူတို့က ဒီအရှင်မအား လှူကြ, လောင်းကြပါ, ကိုယ်လေးလက်ဝန်နဲ့မို့”ဟု ပြောဆိုကာ သနားသောအားဖြင့် ဆွမ်းကိုလည်း ဂရုစိုက်၍လောင်းကြ, ကိုယ်ဝန်ဆောင်မကို ရဟန်း ပြုပေးရကောင်းလား”ဟု ဘိက္ခုနီများကိုလည်း စွဲကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်
[ပြင်ဆင်ရန်]ယာ ပန ဘိက္ခုနီ ဂဗ္ဘိနိံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်
[ပြင်ဆင်ရန်]ကိုယ်ဝန်ဆောင်မိန်းမကို ရဟန်းပြုပေးသော ဥပဇ္ဈာယ် ဆရာမမှာ ပါစိတ်အာပတ်သင့်၏။ [ရဟန်းပြုရာ၌ ကမ္မဝါစာ ဖတ်သူ ဆရာမနှင့်အဖေါ် ဘိက္ခုနီအပေါင်းတို့မှာ ဒုက္ကဋ်အာပတ်သင့်၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။