မာတိကာသို့ ခုန်သွားရန်

ဟတ္ထနိဒ္ဓုနကသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

ဟတ္ထနိဒ္ဓုနကသိက္ခာပုဒ် (ကဗဠဝဂ်)

လက်ကိုခါ၍ စားခြင်း

[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်၌ပေနေသော ဆွမ်း-ဟင်းများကို ကွာကျသွားအောင် လက်ကို ခါ၍ ခါ၍ စားကြကုန်၏၊ ထိုလက်ခါမှုလည်း အမြင်မတော်သဖြင့် လူတို့ ကဲ့ရဲ့ကြသောကြောင့်...[]

စာမျက်နှာ-၃၀၃ “န ဟတ္ထနိဒ္ဓုနကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်

[ပြင်ဆင်ရန်]

“လက်ကို ခါ၍ခါ၍ ဆွမ်းမစားအံ့ဟု အလေ့အကျင့်ကို ပြုရမည်။ ဟတ္ထ-လက်ကို= လက်ချောင်းတို့ကို+ဓုနက−ခါ၍။ [လက်၌ ဆွမ်း-ဟင်းကပ်နေလျှင် လက်ချောင်းဖြင့်သာ ဖြစ်၍ ဖယ်၍ ချရမည်၊ ဆွမ်း၌ အမှိုက်အရိုး ကျောက်ခဲစသည် ပါနေ၍ ပစ်ရာ၌ကား လက်ကိုခါရာရောက်သော်လည်း အာပတ်မသင့်။]

ကိုးကား

[ပြင်ဆင်ရန်]
  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး