စီဝရသင်္ကမနီယသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(ပဉ္စမသိက္ခာပုဒ်၊ နဂ္ဂဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—သူ့သင်္ကန်းကိုခွင့်မပန်ဘဲဝတ်ရုံမှု။

အမှုသည်—ဘိက္ခုနီတစ်ယောက်။ [၁]

ဝတ်တရားမသိသော ဘိက္ခုနီ[ပြင်ဆင်ရန်]

ဘိက္ခုနီ တစ်ယောက်သည် ရေစိုနေသော သင်္ကန်းကို ဖြန့်လှမ်း၍ ကျောင်းတွင်းသို့ ဝင်သွား၏၊ အခြားဘိက္ခုနီ တစ်ယောက်သည် သင်္ကန်းရှင်ကို ခွင့်မပန်ဘဲ ထိုသင်္ကန်းကို ဝတ်ရုံ၍ ရွာတွင်းသို့ ဆွမ်းခံဝင်သွား၏၊ သင်္ကန်းရှင်ဘိက္ခုနီသည် ကျောင်းခန်းတွင်းမှ ထွက်လာ၍ သူ့သင်္ကန်းကို မမြင်သောကြောင့် မေးသောအခါ အခြားဘိက္ခုနီတို့က “မည်သူ (နာမည်ကို ဖေါ်၍)ဝတ်သွားကြောင်းကို” ပြောကြကုန်၏၊ ထိုအခါ သင်္ကန်းရှင်နှင့်တကွ တဆင့်ကြား၍ သိရကုန်သော ဘိက္ခုနီတို့ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ စီဝရသင်္ကမနီယံ ဓာရေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

ပြောင်းရွှေ့၍ ဝတ်အပ်သောသင်္ကန်းကို ဆောင်ယူသော ဘိက္ခုနီအား ပါစိတ် အာပတ်သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

“ပြောင်းရွှေ့၍ ဝတ်အပ်”ဟူသည် မိမိထံမှာ အမြဲမထားဘဲ ပြောင်း၍ ပြန်၍ ပေးရမည့် သင်္ကန်းတည်း၊ ထိုသို့ပြန်ပေးရမည့် သင်္ကန်းကို ဥစ္စာရှင်ထံ ခွင့်မပန်ဘဲ (မိမိသင်္ကန်း ပျောက်နေခြင်း, သူခိုးအခိုးခံရခြင်း ဟူသော အကြောင်းလည်းမရှိဘဲ) ဥစ္စာရှင်ကို ခွင့်မတောင်းဘဲဝတ်လျှင် ပါစိတ် အာပတ်သင့်၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး