ဂန္ဓဝဏ္ဏကသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(ပဉ္စမသိက္ခာပုဒ်၊ ဆတ္တုပါဟနဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—နံ့သာရည် အလှရည်တို့ဖြင့် ရေချိုးမှု။

အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ၊ [၁]

အမွှေး အကြိုင်အနံ့ရှိသော အရည်တို့ဖြင့်ဖြစ်စေ ထိုအရည်တို့ကို ရေ၌ ရောစပ်၍ဖြစ်စေ ရေချိုးကြခြင်း, အဆင်းကိုလှစေနိုင်သော အလှရှည်တို့ဖြင့် ဖြစ်စေ, အလှရည် ရောစပ်ထားသော ရေဖြင့်ဖြစ်စေ ရေချိုးကြခြင်းကြောင့် လူတို့က “ကာမစည်းစိမ်ခံစားသော မိန်းမများလိုဘဲ”ဟု စွပ်စွဲကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ဂန္ဓဝဏ္ဏကေန နဟာယေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

နံ့သာရည် အလှရည်တို့ဖြင့် ရေချိုးသော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ [ဘိက္ခုတို့မှာ ဒုက္ကဋ်၊ ကိုယ်နံ့မကောင်းခြင်း ကိုယ်အရေ အဆင်း ပျက်သော ရောဂါ ရှိခြင်းကြောင့် ချိုးလျှင် အနာပတ္တိ။]

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး