ပဌမဂိဟိဂတသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(ပဉ္စမသိက္ခာပုဒ်၊ ဂဗ္ဘနီဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—ယောက်ျားနှင့်ဆက်ဆံဘူးသော, ၁၂-နှစ်မပြည့်သေးသော သူငယ်မကို ရဟန်းပြုပေးမှု။

အမှုသည်—ဘိက္ခုနီအများ[၁]

ယောက်ျား သွားလာအပ်ဖူး[ပြင်ဆင်ရန်]

အိန္ဒိယ၌ တချို့အယူသည်းသော မိဘတို့သည် သားသ္မီးများကို ၇ နှစ်အရွယ် လောက်ကပင် လက်ထပ်ထားကြ၏။ ထိုသို့ လက်ထပ်ပြီးသော သူငယ်မတို့သည် တဆယ့်နှစ်နှစ် မပြည့်ခင်ကပင် လင်ယောက်ျားနှင့် ဆက်ဆံပြီး ဖြစ်နေတော့၏၊ ထိုကဲ့သို့ အလွန်ငယ်သေးသော ၁၂-နှစ်မပြည့်သေးသော, ယောက်ျားနှင့်လည်း ဆက်ဆံပြီးဖြစ်သော သူငယ်မကို ရဟန်းပြုပေးမှုကြောင့် အခြား ဘိက္ခုနီတို့က ကဲ့ရဲ့ကြ၍ ဘုရားရှင်အား တဆင့်လျှောက်ကြလေရာ, ဘုရားရှင် ကလည်းယောက်ျားနှင့် ဆက်ဆံပြီးသော်လည်း ၁၂-နှစ်မပြည့်သေးလျှင် အအေး အပူ စသော ဒုက္ခ အမျိုးမျိုးကို မခံနိုင်သေး” ဟု...မိန့်တော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ဦနဒွါဒသဝဿံ ဂိဟိဂတံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

တဆယ့်နှစ်နှစ် မပြည့်သေးသော, ယောက်ျား သွားလာ အပ်ပြီးသော သူငယ်မကို ဘိက္ခုနီပြုပေးသော ဥပဇ္ဈာယ်ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ ကံပြုရာတွင် ပါဝင်သော အခြားဘိက္ခုနီတို့မှာ ဒုက္ကဋ်အာပတ်သင့်၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး