ဩဂုဏ္ဌိတသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

ဩဂုဏ္ဌိတသိက္ခာပုဒ် ၂-ပါး (ခမ္ဘကတဝဂ်)

ခေါင်းခြုံခြင်း[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ ဦးခေါင်းကို ခြုံ၍ သွားလာ-နေထိုင်ကြကုန်၏၊ ဦးခေါင်းနှင့်တကွ တကိုယ်လုံးကို (ခေါင်းမြီးခြုံ ကုလားမတို့ကဲ့သို့) ခြုံ၍သွားလာ-နေထိုင်ခြင်းကား ရိုးသားသူတို့ အပြုအမူ မဟုတ်သဖြင့် မြင်ရသူတို့က ကဲ့ရဲ့ရှုတ်ချကြသောကြောင့်...[၁]

(က, ခ) “န ဩဂုဏ္ဌိတော အန္တရဃရေ ဂမိဿာမီတိ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်တော် ၂-ပါး, ကိုပညတ်တော်မူရလေသည်။

မြန်မာပြန်[ပြင်ဆင်ရန်]

ဦးခေါင်းခြုံလျက် မြို့ရွာအတွင်း၌ မသွားလာ, မနေထိုင်အံ့”ဟု အလေ့အကျင့်ကို ပြုရမည်။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး